Monday, 2 September 2013

ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား သိန်းရာနှင့်ချီ၍ ၀ယ်ယူမည်ဟုဆို

ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန်ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြားခဲ့တယ်လို့ သိရသည်။ မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။
ဝယ်ယူရတဲ့ အကြောင်းရင်းက ယခုကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်၍ မြန်မာဆိုတာကမ္ဘာသိအောင် အရှက်တရားကို ဘေးချိတ်ပြီး Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 
ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့်  ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွား မှာ   ဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အရှက်ကိုမငဲ့ကွက်ဘဲ မြန်မာဆိုတာ ကမ္ဘာကသိဖို့ Bikini ၀တ်ယှဉ်ပြိုင်ရဲတဲ့ ခင်ဝင့်ဝါ အပေါ် အွန်လိုင်းပေါ်မှ ချီးကျူးမှုတွေများပြားခဲ့ပြီး အဆိုပါ ခဲခြစ်ပုံတူကို သိန်းချီပေးဝယ်မည့်သူအား ချီးကျူးလျက်ရှိကြောင်း သိရပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေ ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာအဟောင်းကို သိန်း ၆၃၀ ဖြင့် လေလံဆွဲခံခဲ့  ရပါ တယ်။ လေလံဆွဲသူမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ၀ယ်ခဲ့တယ်ဆိုတာမသိခဲ့ရသလို ရောင်းရငွေတွေကို လည်း မည်သည့်နေရာတွေမှာ သုံးခဲ့မှန်းမသိခဲ့ရပါဘူး။ ဒါ့အပြင် ၀တ်ပြီးသားဆွယ်တာတစ်ထည်အပေါ် ဘာရည် ရွယ်ချက်နဲ့ အမြတ်ထုတ်ချင်လို့ ၀ယ်ခဲ့မှန်းမသိကြ၍ ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။
 

From:ME

www.mmdailystar.com

4 comments:

  1. ဆွယ်တာ အစုတ်ကိုများ

    ReplyDelete
  2. အော် ဒုက္ခဒုက္ခလို့ပဲရေရွတ်လိုက်ချင်တော့တယ်ဘယ်လိုတွေဖြစ်
    ကုန်းပြီးလဲမြန်မာပြည်ကြီးရယ် ကမ္ဘာအလယ်မှာအယဉ်ကျေးဆုံးဟာမြန်မာပါလို့ဘယ်လို့
    ချပြရမှာလဲ စောက်ရှက်မရှိထမိန်ချွတ်ပြီးလမ်းလျောက်ပြ
    တာကို လူကြားကောင်းအောင်အရှက်ကိုမငဲ့ကွက်ပဲ မြန်မာ
    ရဲ့ဂုဏ်ကိုဖော်တယ်တဲ့မြန်မာပြည်က ပရိတ်သတ်ကြီးခဗျ
    အဲဒိယဉ်ကျေးမှု့အဖျက်မကိုဘယ်နှစ်ယောက်အားပေးပါသလဲခဗျာ ဒီမှာခင်ဝင့်ဝါပုံကိုသိန်ချီပြီးပေးဝယ်မဲ့သူဌေးခဗျ
    ခဗျရဲ့သမီးကိုကဘာ့အလယ်မှာတင့်တင်ဘို့အတွက် အိမ်
    ပေါ်မှာထမိန်းချွတ်ပြီးလေးကျင့်ခိုင်းထားအုန်း ကျွန်တော်
    သူဌေးဖြစ်ရင်ဝယ်ချင်လို့ပါ

    ReplyDelete
  3. အဲဒီ ပိုက်ဆံတွေ ကို ပရဟိတ လုပ်ငန်း မှာ အသုံးပြု လိုက် ရင် ဘယ်လောက် အကျိုးရှိ လိုက်မလဲ

    စေါက်ရေး မပါတာ တွေကို ဈေးကြီးပေး ဝယ်နေ ကြတယ်

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...