Saturday, 21 June 2014

ပါကစ္စတန်စစ်တပ်၏ စစ်ဆင်ရေးအတွင်း စစ်သွေးကြွ အနည်းဆုံး ၂၃၂ ယောက် သေဆုံး

ပါကစ္စတန်စစ်တပ်၏ မြောက်ဝါရစ္စတန်ပြည်နယ်တွင်း ဆင်နွှဲနေသော ဇာ့ဘ် အီ အာ့ဇ် စစ်ဆင်ရေး၌ အနည်းဆုံး စစ်သွေးကြွ ၂၃၂ ယောက် သေဆုံးပြီး စစ်သွေးကြွများခိုအောင်းရာ နေရာ ၂၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း Dawn News မှ ဇွန် ၂၀၊ သောကြာနေ့က ကြေငြာသည်။

စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်မှ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသည်။

တောင်ကုန်းထက်များ၌ တည်ရှိသော အကြမ်းဖက်ဆက်သွယ်ရေးစခန်း နှစ်ခု နှင့် ဗုံးထုတ်လုပ်သော စက်ရုံ နှစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

ယခုအချိန်တွင် ပါကစ္စတန်စစ်တပ်မှ မီရမ်ရှား နှင့် မီယာအလီ တို့၌ စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနေသည်။ 


From:Myo Min Thant

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...