Monday, 28 July 2014

ထိုင်းမှ မကျေပွဲ ပြန်နွှဲလာမည့် သုံးနိုင်ငံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကြီး ကျင်းပရန်စီစဉ်




(ရန်ကုန်၊ ဇူလိုင် ၂၁)

သုံးနိုင်ငံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကြီး လာမည့်နိုဝင်ဘာလ တွင် ကျင်းပ နိုင်ရန် စီစဉ် ထားသည်ဟု မြန်မာ့ရိုးရာ လက်ဝှေ့ အစည်းအရုံး မှ သိရသည်။

”အကြမ်းသဘော နဲ့ စီစဉ်နေတာ ပါ။ လောလောဆယ်တော့ ဘာမှ မလုပ် ရသေးပါဘူး။ အချိန် လိုသေးတာလည်း ပါတာပေါ့၊ လုပ်တော့ လုပ်သွားမှာပါ” ဟု မြန်မာ့ ရိုးရာ လက်ဝှေ့အစည်းအရုံး မှ အတွင်းရေးမှူး ဦးဝါဆိုဝင်းမြင့်က ပြောသည်။

နိုင်ငံများ ဖိတ်ခေါ်ရာတွင် ထိုင်း နိုင်ငံ အနေဖြင့် သေချာပေါက် ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း၊ မည်သူ နှင့်မျှ ပူးပေါင်း၍ စီစဉ်မည် မဟုတ်ဘဲ အစည်း အရုံးမှသာ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”ပွဲစီစဉ်ရင် အစည်းအရုံး ကပဲ လုပ်မှာပါ။ ပထမပွဲ ထိုင်း – မြန်မာ သီးသန့်ပွဲ ပြီးကတည်းက နောက်ထပ် ဒါမျိုးတွေ လုပ်ဖို့ စီစဉ်ပြီးသားပါ” ဟု ၄င်းက ဆက်ပြောသည်။

ရိုးရာလက်ဝှေ့ အစည်း အရုံးသည် ယခုလ ၆ ရက်နေ့တွင် ထိုင်း – မြန်မာ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး ကို တွဲဆိုင်း ၁ဝ ဆိုင်းဖြင့် ကျင်းပခဲ့ပြီး ပရိသတ် လာရောက် ကြည့်ရှု သူများပြားသည် အထိ အောင်မြင်မှု ရခဲ့သည်။

သို့သော်လည်း လာရောက်ယှဉ် ပြိုင်သည့် ထိုင်းလက်ဝှေ့ သမားများမှ မြန်မာဒိုင် များကို ဘက်လိုက်သည် ဟု ဝေဖန်မှု အချို့ရှိခဲ့ရာ အထက်ပါ ပုဂ္ဂိုလ်မှ ယင်းသည် ရှုံးနိမ့်သည့် ဘက်မှပြောသည့် စကားများ သာဖြစ်ပြီး သတင်းသမားများ အနေဖြင့်လည်း နှစ်ဦးနှစ်ဖက် မေးမြန်း ပြီးမှသာ ရေးသားစေ ချင်ကြောင်း ပြော သည်။ အဆိုပါပြိုင်ပွဲ တွင် မြန်မာလက် ဝှေ့သမားများသည် ၄ ပွဲနိုင်ပြီး ထိုင်း လက်ဝှေ့ သမားများမှာ တစ်ပွဲသာ အနိုင်ယူနိုင် ခဲ့ပြီး ၅ ပွဲ သရေကျ ခဲ့ကြောင်း သိရသည်။

From:  ပေါ်ပြူလာ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...