Sunday, 20 July 2014

ရေမြောင်းထဲတွင် ၁၀ ရက်တိတိ ညအိပ်ခဲ့ရသည့် မောင်နှမ ၂ ဦးကို ကယ်တင်နိုင်ခဲ့

ဦးအောင်ဇော်လတ်နှင့် ဒေါ်ဝါဟု ဆိုသောမိဘနှစ်ဦးတို့မှာ တာချီလိတ်မြိ့၊ မြို့မ သင်္ချိင်းနားမှာတဲအိမ်ငယ်တစ်လုံးဆောက်ပြီး(၁၀)နှစ်အရွယ်သမီးလေးမေသဇင်
နှင့်(၆)နှစ်အရွယ်သားလေးမောင်သတိုးစောတို့နှစ်ဦးနှင့်အတူတူနေ
ထိုင်ကြသည်ဟုသိရပါသည်၊

(၁-၇-၂၀၁၄)ရက်နေတွင်ဦးအောင်ဇော်လတ်နှင့် ဒေါ်ဝါတို့မှာလင်မယားနှစ်
ယောက်လုံးကျန်းမာရေးမကောင်း၍မယ်ဆိုင် ဆေးရုံသွားတက်မည်ဟုပြော
သွားပြီး အဖေနဲ့အမေသေသွားခဲ့ပါက ဘယ်မှမသွားနဲ့အိမ်မှာပဲနေလို့
သမီးကြီးကိုပြောထားခဲ့တယ်ကြောင်းသမီးကြီးမမေသဇင်မှပြောပြပါသည်၊

မိဘတွေပြန်မလာတော့ ကလေးနှစ်ယောက်မှာ ဘုန်းကြီးကျောင်းတွေသွားပြီး ထမင်းတောင်းစားတယ်၊ညပိုင်းအိပ်ချိန်ရောက်တော့ ရွှေတိဂုံဘုရားကုန်းတော်
ခြေရင်းရေမြောင်းထဲတွင်အိပ်နေရတာခုဆိုရင်(၁၀)ရက်ရှိပါပြီ၊

မိုးရွာလာရင်တော့ မောင်နှမနှစ်ယောက်ဘုရားကုန်းတော်ပေါ်တက်အိပ်ရတယ်
နက်ဖြန်ဝါဆိုလပြည့်နေ့ဆိုတော့ယနေ့ညဘုရားကုန်းတော်မှာအစောကြီးပိတ်
လိုက်လို့ ယာမြေကုန်းရပ်ကွက်ထဲကိုရောက်လာကာ ဈေးဆိုင်တစ်ဆိုင်တွင် တီဗွီဝင်ကြည့်နေကြတာပါည(၉)နာရီ(၃၀)မီးနစ်လောက်မှာဆိုင်ရှင်မှကလေး
နှစ်ယောက်အားသတိထားမိသွား၍မေးကြည့်ရွာားလာနေထိုင်စရာမရှိကြောင်း
သိလိုက်ရသည့်အခါ ရပ်ကွက်တွင်းမှလူများဝိုင်းအုံလာကာ ဟိုလူကမွေးစားမယ်
ဒီလူကမွေးစားမယ်နဲ့ မျိုးစုံပြောဆိုနေကြချိန်မကာဟိုခမ်းရပ်ကွက် အဖွဲ့ဝင် ဦးစိုးကျော်အောင် ရောက်ရှိလာပြီးမဇ္ဈိမလူမှုကူညီရေးအသင်းအတွင်းရေးမှူ
ဒေါ်သန်းသန်းဋ္ဌေးထံ အကူအညီတောင်းလာပါသဖြင့်ဒေါ်သန်းသန်းဋ္ဌေးမှ
ချက်ချင်းသွားရောက်ကြည့်ရှုကာမဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင့်ဆွေထံ
သတင်းပို့အကြောင်းကြားလိုက်ပါသည်၊

ဦးတင့်ဆွေနှင့်ဦးနေမျိုးတို့ချက်ချင်းရောက်ရှိလာပါ၍ မကာဟိုခမ်းရပ်ကွက် အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်မဇ္ဈိမလူမှုကူညီရေးအသင်းအတွင်းရေးမှူ
ဒေါ်သန်းသန်းဋ္ဌေးတို့မှအကြောင်းစုံရှင်းပြကြပါသည်၊

ထို့နောက်ကလေးနှစ်ယောက်အားဦးတင့်ဆွေမှသေသေချာချာမေးမြန်းကြည့်ပြီး
သောအခါ မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်တိုင်ပင်ကာ
မဇ္ဈိမလူမှုကူညီရေးအသင်းရုံးခန်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။

ဦးတင့်ဆွေ
ဥက္ကဋ္ဌ
မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)
From:

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...