Wednesday, 16 July 2014

ယောင်္ကျားဖြစ်သူ ဖဲရှုံး၍ မိန်းမဖြစ်သူ ငရဲမီးသောက်သေ

ဖားကန့်မြို့အနီးရှိ ရွှေ မှော်တစ်ခုတွင် ငွေကြေးများစွာ ဖဲရှုံးသွားသူ၏ ဇနီးသည်က ငရဲမီးသောက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၂ ရက် နံနက်က ရွှေမှော်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး ငရဲမီးသောက် ၍ သတ်သေခဲ့ခြင်းဖြစ်သည်။ ရဲ တပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအမျိုးသမီး၏ ယောက်ျား မှာ ဖဲဝိုင်းတွင် ငွေကြေးများစွာ ရှုံးသွားသောကြောင့် ရွှေကျင်ရာ ၌ အသုံးပြုသည့် ငရဲမီးကို သောက်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ငရဲမီးသောက်ပြီးပြီးချင်း ဖားကန့်မြို့နယ် တမခန်ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ထိုညတွင်ပင် သေဆုံးသွားပြီး အဆိုပါအမှုကို ရွှေပြည်မြင့်နယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအများအပြားရှိရာ ဖား ကန့်မြို့အပါအဝင် ကချင်ပြည် နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်း များတွင် နှစ်လုံးထီ၊ သုံးလုံးထီ၊ လေးကောင်ဂျင်၊ ခြောက်ကောင် ဂျင်ကစားနည်းများအပြင် ဒေသ အခေါ် တရုတ်ဖဲဟုခေါ်သည့် ဖဲကစားနည်းများ ကျယ်ကျယ်ပြန့် ပြန့်ကစားနေကြပြီး ဒေသတွင်းအုပ်ချုပ်သူများကလည်း အရေးယူမှုအားနည်းနေကြောင်း ဖားကန့်မြို့ဒေသခံရှေ့နေ ဦးစိုင်းထွန်းက ပြောသည်။

From:7Day Daily

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...