Saturday, 5 July 2014

ကာမဆက်ဆံစဉ် အမျိုးသမီးများ ထက် အမျိုးသားများ ပိုခံရတဲ့ ရောဂါ

သုတေသနတစ်ရပ်မှာ ဖော်ပြထားချက်အရ လူတချို့ဟာ ချစ်ရည်လူးနေစဉ်မှာ ခေါင်းမူးခေါင်းကိုက်ခြင်းကို ခံစားရပြီး အမျိုးသားများဟာ အမျိုးသမီးများထက် ပိုပြီးခံစားရနိုင်ချေများတယ်လို့ သိရှိရပါတယ်။
အမျိုးသားများဟာ အမျိုးသမီးများထက် ချစ်ပွဲဝင်နေစဉ် ခေါင်းကိုက် နိုင်ချေ ၃ဆပိုများကြောင်း ဖော်ပြထားပါတယ်။ ““လူနာများဟာ မိမိတို့ရဲ့ မိသားစုဆရာဝန်ကို ချစ်ပွဲဝင်နေတုန်း ခေါင်းကိုက်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဆရာဝန်အများစုဟာ အဆိုပါပြဿနာကို သိပ်ပြီးအာရုံစိုက် လေ့ မရှိပါဘူး”” လို့ ချီကာဂိုမြို့အခြေစိုက် Layola တက္ကသိုလ်မှ သုတေသီ Jose Biller က ရှင်းပြခဲ့ပါတယ်။ ဒီပြဿနာကို HAS,headaches associated with sexual activity လို့ ခေါ်ဆိုပါတယ်။

ချစ်ပွဲဝင်နေစဉ်မှာ ခေါင်းကိုက်ခြင်းကို သုတေသနမှာ အခုလို ဖော်ပြထားပါတယ်။ ခေါင်းနဲ့လည်ပင်း ပတ်လည်မှာ ချစ်ပွဲမ၀င်မီ နာကျင်လာပြီး ချစ်စိတ်တက်လာတာနဲ့အမျှ ပိုပြီးပြင်းထန်လာတယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ အခြေအနေဆိုရင် ချစ်ပွဲဝင်ပြီး နာရီပေါင်းများစွာ ခံရနိုင်ပါတယ်။ ဒီခေါင်းကိုက်ခြင်းဟာ အိမ်ထောင်ရေး ပြဿနာအထိကို ဦးတည်နိုင်ပါတယ် လို့ Jose Biller က သုံးသပ်ထားပါတယ်။

ငြိမ်းအေး
ref;IANS

From: Health Updates

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...