Monday, 28 July 2014

ဥပဒေအထက်မှာ စာနယ်ဇင်းသမားတွေရှိသလား



ရဲကျော်သူရ

ကျွန်တော်တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့်ရလာတာ ဘာမှမကြာသေးဘူး လို့ပြောနိုင် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ အစိုးရ သစ်တက်လာပြီးနောက်ပိုင်း စာပေ စိစစ်ရေးဖြုတ်လိုက်တဲ့အချိန်ကျမှ မီဒီယာသမားတွေ လွတ်လွတ် လပ်လပ်ရေး သားခွင့် ရလာ ခဲ့တာဖြစ်ပါတယ်။

အရင် အစိုးရအဆက်ဆက် ဒီမိုကရေစီကင်းမဲ့တဲ့ကာလမှာ အခုလိုလွတ်လွတ် လပ်လပ်ရေးခွင့်ရဖို့ဝေးလို့ စာပေစိစစ်ရေး အဆင့် ဆင့် ဖြတ်သန်းခဲ့တာတောင် အဲဒီအချိန်က အာဏာပိုင်တွေ ပြန်သိမ်းချင်ရင် အချိန်မရွေးပြန်သိမ်းလို့ ရတဲ့ခေတ်ကို ကျော်ဖြတ်ခဲ့ရ တာဖြစ်ပါတယ်။

မီဒီယာလွတ်လပ်ခွင့်ပေးလိုက်တဲ့ကာလမှာ ဂျာနယ်တွေလည်း အပြိုင်းအရိုင်းထွက် လာကြပါတယ်။ ကျင့်ဝတ်သိက္ခာရှိရှိနဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေ သမျှကို ပြည်သူ့ အကျိုးအတွက် မီဒီယာကောင်းပီသစွာ ထောက်ပြပြီး စတုတ္ထမဏ္ဍိုင်တာဝန်ကျေပွန်တဲ့ ဂျာနယ်တွေထက် မိမိဂျာနယ်ရောင်းကောင်းအောင် အဆူအဖွသတင်းတွေနဲ့ ပရိတ်သတ်နောက်လိုက်တဲ့ ဂျာနယ်အရေအတွက် က ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

စာနယ်ဇင်းသမားတစ်ယောက်အနေနဲ့ ကိုယ်ရေးလိုက်တဲ့သတင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိဖို့လိုတယ်ဆိုတဲ့ ခံယူ ချက်ရှိဖို့လိုပါတယ်။ မှန်မှန်/ မှားမှား၊ ပြည်သူအတွက် အကျိုးရှိရှိ/ မရှိရှိ ဂျာနယ်စောင်ရေတက်အောင် ဖွလိုက်မဟဲ့ ဆိုတဲ့ စိတ်ဓာတ်မျိုးဟာ ကျင့်ဝတ်သိက္ခာရှိတဲ့ စာနယ်ဇင်းသမားတွေ ရဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။

ရေးစရာတွေ တစ်ပုံတစ်ခေါင်းပါပဲ။ ရေးမယ်ဆိုရေးပါလိမ့်။ ရေးလည်းရေးနေကြတာပါပဲ။ စစ်အစိုးရလက်ထက်က ဘယ်လိုမှ ရေးခွင့်မသာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေ၊ ဒေသတွင်း တိုက်ပွဲသတင်းတွေအပါအဝင် သတင်းအမျိုးမျိုး ရေးခွင့် ရလာကြတာ နိုင်ငံတော်သမ္မတကို ဇာတ်မင်းသားပုံ ရုပ်ပြောင်လုပ်ထည့်တာတောင် အရေးမယူခဲ့ပါဘူး။

“သတင်းစာ --- မိနစ်၊ နာရီနှင့်အမျှ နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေသော လူ့လောက အခြေအနေကို သတင်းစာကဖေါ်ပြလေသည်။ သတင်းစာသည် အမည်နှင့် လိုက်လျော ညီထွေစွာ သတင်းများကို စာဖြင့်ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။ သတင်းစာ ကောင်း တို့မည်သည် မည်သည့်အစိုးရကိုပင်ဖြစ်စေ မျက်နှာ မထောက်၊ နိုင်ငံနှင့် လူထုအကျိုး ရှိရေး အတွက် ဟုတ်တိုင်းမှန်ရာကို ညွှန်ပြဝေဖန်ရေး သားရသည်။ သတင်းစာတကာ တွင် စစ်သတင်း၊ ကာမမှုနှင့် ရာဇဝတ်မှုသတင်းတို့သည် သတင်းစာကို ရောင်း အကောင်းဆုံးဖြစ်စေသော သတင်းများဖြစ်ကြသည်။ သို့သော် ထိုသတင်းစာမျိုးကား “အတင်းစာ၊ အချင်း စာ” ဟု ခေါ်ဆို ထိုက်၍ အဆင့်အတန်းနိမ့်ကျသော သတင်းစာမျိုး သာဖြစ်သည်။” လို့ ဆရာလူထုစိန်ဝင်း က မြန်မာ့စွယ်စုံကျမ်းထဲ က ကောက် နုတ်ချက်ကို သတင်းစာပညာ သောင်းပြောင်းထွေလာ၊ စာ ၂၄ မှာဖေါ်ပြထားပါတယ်။

Freedom of Press ဆိုတဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ မီဒီယာသမားတွေအတွက် အခွင့်အရေးတစ်ခုဖြစ်သလို အဲဒီ အခွင့် အရေးနဲ့အတူ ကျင့်ဝတ် (Ethic) နဲ့ တာဝန်သိမှု (Responsibility) ဆိုတာတွဲပြီးပါလာပါတယ်။

ပြီးခဲ့တဲ့နှစ်က မကွေးတိုင်းပေါက်မြို့နယ်ထဲမှာရှိတဲ့ ကပစ ၄ အတွင်းဝင်ရောက်ပြီး ဓာတ်ပုံရိုက်၊ သတင်းရေးသားထုတ်ဝေခဲ့တဲ့ Unity ဂျာနယ်က အမှုဆောင်အရာရှိအပါ အဝင် သတင်းထောက် ၄ ယောက်ကို နိုင်ငံတော်လျှို့ဝျက်ချက်ပေါက်ကြားမှုနဲ့ ပခုက္ကူ ခရိုင်တရားရုံးက ၂၀၁၄ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထောင်ဒါဏ် ၁၀ နှစ်ပြစ်ဒါဏ် ချမှတ်ခဲ့ပါတယ်။

ပြစ်ဒါဏ်ပြင်းထန်လွန်းတယ် ဆိုပြီး မီဒီယာလောကမှာ ပြောဆိုနေကြတာကိုလည်း မြင်ရ၊ ကြားရမှာဖြစ်ပါတယ်။ မီဒီယာလောကသား အများစုကတော့ ဒီလိုပြစ်ဒါဏ်မျိုးချမှတ်တာ ဟာ မီဒီယာကိုဖိနှိပ်တာပဲလို့ဆိုပါတယ်။

“သတင်းထောက်များ ဖမ်းဆီးထောင်ချခံရခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်းဖြစ်သည်။” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြနေတဲ့ပုံနဲ့တွဲ ပြီး “မီဒီယာဖိနှိပ်ခံရမှုအပေါ် နယ် သတင်းထောက်များက ပြည်မြို့တွင် ဆန္ဒထုတ်ဖေါ်” ဆိုတဲ့ သတင်းကိုလည်း ဇူလိုင် ၁၆ ရက် နေ့ထုတ် DEMOCRACY today သတင်းစာမှာ ဖတ်လိုက်ရတယ်။

မီဒီယာလွတ်လပ်ခွင့်ရလာတာ ဘာမှမကြာသေးတဲ့ကာလမှာ အခုလိုသတင်းမျိုးကြား ရတာ ဘယ်လိုမှ စိတ်ချမ်းသာစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ ခက်တာက ကျွန်တော် တို့နိုင်ငံမှာရှိတဲ့ မီဒီယာတချို့က သတင်းထောက်တွေနဲ့ သက်ဆိုင်ရာ အယ်ဒီတာတွေရဲ့ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုအပိုင်းကလည်း အားရစရာမရှိတာအမှန်ပါပဲ။

ကိုယ်စုံစမ်းဖေါ်ထုတ်လိုက်တဲ့ အကြောင်းအရာ၊ ကိုယ်ရေးလိုက်တဲ့သတင်း ဟာ ပြည်သူ အတွက် အမှန်တကယ်အကျိုးရှိရဲ့လား ဆိုတာ စဉ်းစားသင့်ပါတယ်။ သတင်းထောက် က ရေးတင်လိုက်ရင်တောင် အယ်ဒီတာမှာ ဖြုတ်ခွင့်/ ပယ်ခွင့်ရှိပါတယ်။ ပြည်သူ အတွက်အကျိုးမရှိတဲ့အပြင် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာမျိုး ကို အများပြည်သူဖတ်တဲ့ ဂျာနယ်/ စာစောင်တွေမှာ မဖေါ်ပြသင့်ဘူးဆိုတာ မီဒီယာလော က သားမဟုတ်တဲ့သူတွေတောင်နားလည်ပါတယ်။

ဆရာ တက္ကသိုလ်မြတ်သူကတော့ “ခေတ်ပြိုင်မီဒီယာနှင့် တွင်းတူးဖော်ထုတ် သတင်း ပညာ” စာအုပ်၊ စာ ၁၂၄ မှာ “ဖုံးသမျှဖော်” ဟု အတိုသုံးရမည့် အင်ဗက်စတီဂေး တစ် သတင်းစာပညာကိုသုံးရာ၌ အဝါရောင်သတင်းစာပညာ ပါပါရာဇီလုပ်ရပ်၊ အမည်းရောင် သတင်းစာပညာ၊ နိုင်ငံရေးလက်နက်၊ ပုဂ္ဂိုလ်ရေးထင်ရာစိုင်းခွင့်များရှောင် ရပေမည်။ နိုင်ငံ များတွင် နိုင်ငံတော်လုံခြုံရေးအတွက် အစိုးရလျှို့ဝှက်ချက်ဥပဒေ (Official Secret Act) များ ပြဌာန်းထားသည်။ ရန်သူ၊ မလိုသူ၊ လူယုတ်မာများလက်၊ စပိုင်သူလျှို များလက် အရောက်မခံနိုင်သော လျှို့ဝှက်ချက်များ ဖော်ထုတ်တင်ပြခြင်းသည် Investigative သတင်းမဟုတ်ပေ။ ပုဂ္ဂိုလ် လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တည်ဆဲဥပဒေ၊ နိုင်ငံတော် တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိခိုက်စေဘဲ အများပြည် သူကို တကယ်ထိခိုက်နစ်နာစေသောလုပ်ရပ်များ ဖုံးကွယ်ထားပါက စုံစမ်းဖေါ်ထုတ် တင်ပြသော အင်ဗက်စတီဂေးတစ်သတင်းများကိုသာ ကြိုဆိုအပ်ပေသည်။ လို့ ရေးသားဖေါ်ပြခဲ့ပါတယ်။

မကွေးတိုင်းပေါက်မြို့နယ်ထဲမှာ ဓာတုလက်နက်စက်ရုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အခု Unity ဂျာနယ်ကရေးလိုက်တဲ့ သတင်းကြောင့် နိုင်ငံတကာက စစ်ရေး/ စစ်လက် နက်စိတ်ဝင်စားတဲ့သူတွေကြားမှာ အဲဒီစက်ရုံအကြောင်းကို ပြောဆိုဆွေးနွေး လာကြ တယ်လို့ အင်တာနက်သတင်းတွေအရ သိရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေဟာ အထူးလျှို့ဝှက် ထားရ မယ့် ကိစ္စဖြစ်ပါတယ်။ စစ်ရေး လျှို့ဝှက် ချက်ပေါက်ကြားမှုဆိုတာ အင်မတန်အန္တရာယ် ရှိသလို အပြစ်လည်းကြီးပါတယ်။

ပေါက်မြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံဆိုတာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့ အကျိုး အတွက် တည်ဆောက်ထားတဲ့ စက်ရုံ မဟုတ်ပါ။ သန်း ၆၀ ကျော် ၇၀ နီးပါးရှိတဲ့ ပြည်သူအားလုံးရဲ့လုံခြုံရေးနဲ့သက်ဆိုင်တဲ့ စက်ရုံပါ။ အခု အဲဒီစက်ရုံရဲ့တည်နေရာကို ဓာတ်ပုံနဲ့တကွ တစ်ကမ္ဘာလုံးကလူတွေ သိသွားကြပါပြီ။ ဒါဟာ ကျွန်တော်တို့တိုင်း ပြည် အတွက်ထိခိုက်နစ်နာမှုတစ်ခုပါ။

ဆိုကြပါစို့ ပြည်ပနိုင်ငံတစ်ခုခုနဲ့ စစ်ပွဲတစ်ပွဲဖြစ်လာတဲ့အခါမှာ တပ်မတော်အနေနဲ့ အဓိက တာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်တာမှန်ပေမဲ့ ကျန်တဲ့ပြည်သူတွေဟာလည်း လိုအပ်ရင်လို အပ်သလို ဥပဒေအရ အသက်အရွယ်၊ အတွေ့အကြုံတွေပေါ်မူတည်ပြီး ကျရာအခန်း ကဏ္ဍကနေ ဝင်ရောက် ပါဝင်ဆင်နွှဲရမှာပဲ ဖြစ်ပါတယ်။

ဒီတော့ ကိုယ့်နိုင်ငံက စစ်ရေး/ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ အများပြည်သူမသိ သင့်တဲ့ အချက်အလက်တွေကို ဓာတ်ပုံနဲ့ တကွ ဖေါ်ပြလိုက်တာဟာ ပြည်သူ သန်း ၆၀ ကျော်ထဲမှာပါဝင်တဲ့ အဲဒီအယ်ဒီတာနဲ့ သတင်းထောက်တွေကိုယ်တိုင်က ကိုယ့် လုံခြုံရေးကို ရန်သူသိအောင်လှစ်ဟပြလိုက်တာနဲ့အတူတူပါပဲ။

သတင်းထောက်ကတော့ ပေါ့ပေါ့လေးတွေးပြီး ရေးလိုက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံတော်ဘဏ္ဍာငွေ အမြောက် အများအကုန်အကျခံပြီး တည်ဆောက်ထားတဲ့ စစ်လက်နက်စက်ရုံတစ်ရုံရဲ့ လုံခြုံရေးအဆင့်ကျိုးပေါက်သွားမှုဟာ တိုင်းပြည် အတွက် အင်မတန်နစ်နာပါတယ်။ အခုဆိုရင် သန်းပေါင်းများစွာအကုန်အကျခံ တည်ဆောက် ထားတဲ့ အဲဒီ ကပစ စက်ရုံဟာ လုံခြုံမှု မရှိတော့ပါဘူး။ အရေးကြီးတဲ့ စစ်လက်နက် ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံဆိုရင် ပြောင်းရွှေ့ရပါတော့မယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်စေတဲ့ ဘယ်လိုသတင်းမျိုးကို မဆို ရေးသားခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတသတင်းကစလို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သတင်း၊ လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားတဲ့သတင်း၊ အစိုးရ စစ်သားတွေ နှစ်နှစ်အတွင်း မုဒိန်းမှုပေါင်း ၁၀၀ ကျော် ကျူးလွန်ခဲ့တယ် ဆိုတဲ့သတင်း၊ မြစ်ဆုံသတင်း၊ လက်ပံတောင်း တောင်သတင်း၊ လိင်တူချင်းလက်ထပ် တဲ့သတင်း၊ စစ်အစိုးရလက်ထက်က နိုင်ငံ့ဘဏ္ဍာတွေကို အာဏာပိုင်တွေ ဘယ်လိုအလွဲ သုံးစား လုပ်ခဲ့တယ်ဆိုတဲ့သတင်း၊ ကေအိုင်အေမှာ တပ်မတော်ထက် အဆင့်မြင့် တဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဒုံးကျည်တွေ ပိုင်ဆိုင် ထားတယ်၊ ပြည်သူကို ထိခိုက် မှာ စိုးလို့ မလုပ်တာဆိုတဲ့ သတင်း၊ စသဖြင့် စုံစီနဖာ ကြိုက်ရာသတင်းမျိုး ကို ရေးလို့ရပါ တယ်။

သတင်းမီဒီယာတွေကို အရေးယူမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ပြန်လည် သုံးသပ်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီကို ၂၂.၇.၂၀၁၄ ရက်စွဲပါ စာအမှတ် ၊ ၁ / ပထ (စည်းဝေး) ၉/ ၂၀၁၄ - ၉၆ နဲ့ သဝဏ်လွှာတစ်စောင် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အဲဒီ သဝဏ်လွှာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကဆီကို ၂၄.၇.၂၀၁၄ ရက်စွဲပါ စာအ မှတ် ၊ ၁၀၇ (၁)/၈/သမ္မတရုံး နဲ့သဝဏ်လွှာ တစ်စောင် ပြန်လည်ပေးပို့ခဲ့ပါသည်။ အပိုဒ် ၅ ပိုဒ်ပါတဲ့ သမ္မတရဲ့ပြန်ကြားချက်မှာ ဥပဒေချိုးဖေါက်တဲ့ မီဒီယာသမားတွေနဲ့ပတ်သက်တဲ့ အပိုဒ်တွေကတော့ အပိုဒ် ၄ နဲ့ ၅ ပဲ ဖြစ်ပါတယ်။

အပိုဒ် ၄ မှာ အောက်ပါအတိုင်းဖေါ်ပြထားတာတွေ့ရပါတယ်။

“မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရား ရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီလွတ်လပ်စွာ တရား စီရင်ခွင့်ရှိသည့်တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေး အဖွဲ့အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဌာန်း သတ်မှတ် ပြီး ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ အနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါသည်။”

အပိုဒ် ၅ မှာတော့ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများကို ၂၁-၇-၂၀၁၄ ရက်နေ့တွင် နေပြည်တော် ၌ တွေ့ဆုံ ရှင်းလင်းပြီး ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ
ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက် ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါသည်။ တရားဥပဒေနှင့် အညီ နေထိုင်၊ လုပ်ကိုင်၊ ဆောင်ရွက်မည်ဆိုပါကမည်သည့် ပုဂ္ဂိုလ်၊မည်သည့် အဖွဲ့အစည်းကို မဆို အုပ်ချုပ်ရေးအဖွဲ့အစိုးရ အနေဖြင့် အကာအကွယ်ပေးသွား မည် ဖြစ်ပါကြောင်း ပြန်ကြား ပါသည်။”

နိုင်ငံတော်သမ္မတရဲ့ ပြန်ကြားချက် သဝဏ်လွှာဟာ အင်မတန်ရှင်းလင်းပါ တယ်။ နိုင်ငံ တိုင်းမှာ ဥပဒေရှိသလို နိုင်ငံသားအားလုံး ဟာလည်း မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို ဥပဒေဘောင်အတွင်းကပဲ အသုံးပြုရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့ ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် သာမန်နိုင်ငံသားတွေမဆိုထားနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် သိခွင့်မရှိ တဲ့ စစ်ရေးလျှို့ဝှက်ချက် နယ်မြေတွေရှိပါတယ်။

ယူနတီက တာဝန်ရှိ သူတွေနဲ့ သတင်းသမားတွေကို အရေးယူတာဟာ Freedom of Press ကို ဖိနှိပ်တာ အရေးယူတာ မဟုတ် ဘဲ Restricted Area ကို ဝင်ရောက်ပြီး State Secret ကို ကျိုးပေါက်အောင်လုပ်ခဲ့လို့ အရေးယူတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ပါတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေကို သတင်းရေးလို့ အရေးယူတာမဟုတ်ဘဲ ကန့်သတ်နယ်မြေထဲခိုးဝင်ပြီး ဓာတ်ပုံရိုက် တာဟာ ဥပဒေချိုးဖေါက်တာဖြစ် လို့ အရေးယူတာဆိုတဲ့သဘောပါပဲ။

နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ပြီး တားမြစ်ကန့်သတ်ထားတဲ့နေရာမျိုးကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်တာမျိုး၊ ကန့်သတ်နယ်မြေက စစ်ဘက်ဆိုင်ရာ စက်ရုံ/အလုပ် ရုံတွေကို ဓာတ်ပုံရိုက်ကူးပြီး ပုံနှိပ်ဖေါ်ပြတာမျိုး လုပ်လာတယ်ဆိုရင် သက်ဆိုင် ရာနိုင်ငံ အလိုက် ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဘယ်သူ့ကိုမဆို အရေးယူမှာပဲဖြစ်ပါတယ်။ ဒါဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မဆိုင်ဘူးလို့ ဆိုချင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ ဥပဒေချိုးဖေါက်ခြင်းကို သိလျက်နဲ့ဖြစ်စေ/ မသိဘဲနဲ့ဖြစ်စေ ဘူးလုံးနား မထွင်း ထွေးရော ယှက်တင်မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

JAFF HODSON နဲ့ GRAHAM WATTS တို့ရေးသားတဲ့ BEYOND BASICS – AN ADVANCED JOURNALISM MANUAL စာအုပ်၊ အခန်း ၁၁ ၊ JOURNALISTS AND THE LAW စာမျက်နှာ ၁၆၃ မှာပါတဲ့ အောက်ပါစာပိုဒ်တွေကို လည်း လေ့လာကြည့် စေ လိုပါတယ်။

NATIONAL SECURITY
Most countries have a range of laws designed to protect national security. They are usually very broadly defined and it is often purely at the discretion of the authorities whether something that has been said or reported might be considered to threaten the security of the state. The problem with such laws is that they usually allow for detention without trial, so those accused of endangering state security seldom get an opportunity to plead in court that they were merely reporting something or exercising the freedom of the press. Seek advice from experienced senior colleagues about how to avoid landing in trouble on national security grounds.

နိုင်ငံတော်လုံခြုံရေး
နိုင်ငံအများစုမှာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေရှိ တယ်။ အဲဒီဥပဒေတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်တွေဟာ အင်မတန်ယေဘုယျဆန် ပါတယ်။ များသောအားဖြင့် (စာနယ်ဇင်းသမားတွေ) ပြောဆို/ရေးသားခဲ့တဲ့ သတင်းတွေ ဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိ/မရှိဆိုတာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ အဲဒီလို နိုင်ငံတော်လုံခြုံရေးကို ကာကွယ် ဖို့ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေမှာရှိတဲ့ အားနည်းချက်က တရားခွင်မှာ စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်လုပ်တယ်လို့ စွဲချက်အတင်ခံရ တဲ့ စာနယ်ဇင်းသမား တစ်ယောက်အနေနဲ့ သူဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အသုံးပြုပြီး လုပ်ရိုးလုပ်စဉ် သတင်းရေးသားတာ သက်သက်သာဖြစ်တယ်လို့ တရားခွင်မှာ လျှောက်လဲခွင့်ရဖို့ အင်မတန်ခက်ခဲပါ တယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြဿ နာမဖြစ်အောင် ဘယ်လိုရှောင်ရှား ရမယ် ဆိုတာ အတွေ့အကြုံကောင်းကောင်းရှိတဲ့ ဝါရင့်သတင်းထောက်ကြီးတွေ ဆီမှာ မေးမြန်း လေ့လာပါ။

ဒီလိုပဲ မီဒီယာသမားတွေဖြစ်တဲ့ အယ်ဒီတာတို့၊ သတင်းထောက်တို့ဆိုတာတွေဟာ လည်း နိုင်ငံသားများဖြစ်ကြတဲ့အတွက် သက် ဆိုင်ရာနိုင်ငံက ဥပဒေတစ်ခုခုကို ချိုးဖေါက်ခဲ့ရင် တခြားနိုင်ငံသားတွေလိုပဲ အရေးယူခံရမှာဖြစ်ပါတယ်။ JOURNALISTS AND THE LAW စာမျက်နှာ ၁၆၀ မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

YOU ARE A CITIZEN UNDER THE LAW OF YOUR LAND
In some countries journalist have some small privileges, but in most cases we are subject to the same laws as everyone else. So don’t be blinded by the fact that you are “chasing a story” and think that somehow this will mean you can’t be prosecuted for a crime. This includes everything from breaking traffic laws to falsifying documents, concealing your identity, trespassing on private property or entering restricted public areas. You might also be called to be a witness in a trial if you know or saw something a court believes could be evidence. While thinking of the best way to pursue a story, at the same time at yourself: What would any law-abiding citizen do in this case? While your professional conscience might on rare occasion encourage you to break a law, do not assume that authorities (or your boss) will be sympathetic if you are caught.

စာနယ်ဇင်းသမားဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို လိုက်နာရတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။

နိုင်ငံတချို့မှာ စာနယ်ဇင်းသမားတွေ အခွင့်ထူး မဆိုစလောက်ရတတ်ပေ မဲ့ ယေဘုယျ အားဖြင့် စာနယ်ဇင်းသမားတွေဆို တာ နိုင်ငံသားအားလုံး အတွက် ပြဌာန်း ထားတဲ့ ဥပဒေကို နိုင်ငံသားအားလုံးနည်းတူ လေးစားလိုက်နာရစမြဲဖြစ်တယ်။ ဒါ့ကြောင့် (ဥပ ဒေကိုချိုးဖေါက်ခဲ့ရင်) သတင်းလိုက်နေတဲ့အတွက် တရားစွဲခံရမှာမဟုတ်ဘူးလို့ မတွက်လိုက်ပါနဲ့။ ဥပဒေချိုးဖေါက်တယ်ဆိုတာ ယာဉ်စည်းကမ်းဖေါက်ဖျက်မှုကစပြီး စာရွက်စာတမ်းအတုလုပ်မှု၊ ကိုယ့်ရဲ့သရုပ်သကန်ကို ဖုံးကွယ်ထားမှု၊ ပုဂ္ဂလိက ပိုင် မြေရာ၊ အဆောက်အဦအတွင်း ကျူးကျော်ဝင်ရောက်မှု၊ အစိုးရနဲ့ဆက်စပ်ပတ်သက်တဲ့ ကန့်သတ်တားမြစ်ထားတဲ့နယ်မြေများအတွင်း ဝင်ရောက်မှုအထိ ပါပါတယ်။ စာနယ်ဇင်း သမား တစ်ယောက်သိထားတဲ့ ဒါမှမဟုတ် မြင်ခဲ့တဲ့ အကြောင်းကိစ္စတစ်ရပ်ရပ်ဟာ အမှု အခင်းတစ်ခုခု စစ်ဆေးစီရင်တဲ့နေရာမှာ သက်သေအထောက်အထားဖြစ်နိုင်တယ်လို့ တရားရုံးကယုံကြည်ရင် အဲဒီစာနယ်ဇင်း သမားကို မျက်မြင်သက်သေအဖြစ် တရားရုံးကို ဆင့်ခေါ်နိုင်တယ်။ သတင်းတစ်ပုဒ်ကိုလိုက်ဖို့ အကောင်းဆုံးနည်းလမ်းကို စဉ်းစား နေ တဲ့ အချိန်မှာ ကိုယ့်နေရာမှာ ဥပဒေကိုလေးစားလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ဆိုရင် ဘာလုပ်မလဲဆိုတာပါ ထည့်သွင်း စဉ်းစားပါ။ သတင်းရလိုဇောနဲ့ ဥပဒေတစ်ရပ်ရပ်ကို ချိုးဖေါက်ခဲ့လို့ အဖမ်းခံရပြီဆိုရင် အာဏာပိုင်တွေ ဒါမှမဟုတ် အလုပ်ရှင်/ အထက်အရာ ရှိတွေက ကရုဏာသက်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

ဒါဟာ နိုင်ငံတကာမှာ စာနယ်ဇင်းသမားတွေကို သင်တန်းပေါင်းမြောက်များ စွာ ပေးလာ တဲ့ သင်တန်းဆရာကြီးတွေ ကိုယ်တိုင် ထုတ်ဝေတဲ့ စာအုပ်တွေထဲက ကိုးကားဖေါ်ပြ တာပါ။ အထက်ပါ သတိပေးချက်တွေကိုကြည့်ရင် စာနယ်ဇင်းပညာပို့ချနေတဲ့ နိုင်ငံ တကာက သင်တန်းဆရာကြီးတွေကိုယ်တိုင် သတင်းထောက်များ ကို နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်သက်ရင် အင်မတန် သတိ ထားဖို့လိုတဲ့ အကြောင်း ထောက်ပြ ထားတာ တွေ့ရမှာဖြစ်ပါတယ်။

သာမန်နိုင်ငံသားတစ်ယောက်ကတောင် ကန့်သတ်တားမြစ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦတစ်ခုကို ဓာတ်ပုံရိုက်ပြီး သတင်းရေးသားဖေါ်ပြဖို့ မသိဘူးဆိုတာသိရင် တာဝန်သိတဲ့စာနယ်ဇင်းသမားတစ်ယောက်ဟာ သူ့နိုင်ငံအတွက်အရေးကြီးတဲ့ လျှို့ဝှက်သတင်းတွေကို မပေါက်ကြားအောင် စောင့်ထိန်းရမယ်ဆိုတာ သိရပါမယ်။

“မီဒီယာတွေကို တစ်စုံတစ်ရာ အာဏာပိုင်တွေ က ဆောင်ရွက်တော့မယ် ဆိုရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို နိုင်ငံတော် သမ္မတက တရားဝင်ဖွဲ့စည်းပေး ထားတာဖြစ်ပါတယ်။ ဒီစာနယ်ဇင်းကောင်စီနဲ့ အရင်ဆုံးဆွေးနွေးဖို့လိုပါတယ်။ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲနဲ့ မီဒီယာသမားတွေကို လက်လွတ်စပယ် ဆောင် ရွက်နေတာ မျိုးမဖြစ်ဖို့ အဘက်အဘက်က ဝိုင်းးပြီးထိန်းညှိဖို့လိုပါတယ်။” လို့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဂျာနယ်တစ်စောင်မှာပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဦးခိုင်မောင်ရည်ပြောလိုက်တဲ့စကားဟာ အင်မတန် ယျေဘူယျဆန်လွန်းတဲ့ အတွက် မပြည့်စုံဘူးလို့ပြောချင်ပါတယ်။ အခုပြော လိုက်တဲ့အတိုင်းဆိုရင် မီဒီယာသမားတစ်ယောက်ယောက် ဥပဒေချိုးဖေါက်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့လို့ အရေးယူမယ် ဆိုရင် တောင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ဟာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ အရင်ဆုံး ဆွေးနွေးညှိနှိုင်းရမလို ဖြစ်နေပါတယ်။

တကယ်က “မီဒီယာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး မီဒီယာသမားတွေကို တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ဖို့ရှိလာပြီဆိုရင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ အရင် ဆုံးဆွေးနွေး ညှိနှိုင်းသင့်ပါတယ်။” လို့ပဲ ဖြစ်သင့်ပါတယ်။

ပြစ်ဒါဏ်ကတော့ ချပြီးနေပါပြီ။ ဒါပေမဲ့ အယူခံခွင့်ရှိနေသေးတဲ့အတွက် ပထမဦးဆုံး အကြိမ်အဖြစ် ပြစ်ဒါဏ်လျှော့ပေါ့ပေးမယ်ဆို ရင်လည်း လျှော့ပေါ့ပေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလို ပြစ်ဒါဏ်လျှော့ပေါ့ပေးဖို့ဆိုတာကလည်း ကာယကံရှင်တွေကိုယ်တိုင်က မိမိ တို့ အပြစ်ရှိတယ်ဆိုတာ သဘောပေါက်နားလည်ဖို့လိုပါတယ်။ အထက်မှာ ဖေါ်ပြခဲ့သလိုပဲ သတင်းထောက်မို့လို့ သတင်းယူတာ ပဲ ဆိုတဲ့အကြောင်းပြချက်နဲ့ ဥပဒေက ကင်းလွတ်ခွင့်မရပါဘူး။ ဒါ့ကြောင့် ကိုယ်အပြစ်ရှိတာကို ရိုးရိုးသားသားဝန်ခံဖို့လိုပါတယ်။

“မီဒီယာဖိနှိပ်မှုရပ်” ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး ဖမ်းဆီးအရေးယူခံရတဲ့ သတင်းထောက်တွေအတွက် ဆန္ဒပြပေးနေတာတွေ ဆုတောင်းပွဲတွေ လုပ်ပေးနေ တာတွေကို မသာယာမိဖို့လည်းလိုပါတယ်။ အမှန်ကိုမမြင်နိုင်ဘဲ ဘေးတီးတွေကို သာယာပြီး ကိုယ့်ကိုယ်ကိုယ်သူရဲကောင်းထင်နေလို့ကတော့ သက်ဆိုင်ရာ တရားစီရင်ရေးအပိုင်းကလည်း သက်ညှာမယ်လို့ မထင်ပါဘူး။

အပြစ်ရှိလို့အပြစ်ရှိကြောင်းဝန်ခံတာဟာ ရှက်စရာမဟုတ်ပါ။ လူတိုင်းမှားတတ်ပါတယ်။ ရည်ရွယ်ပြီးမှားတဲ့အမှားနဲ့ မရည်ရွယ်ဘဲ မှားတဲ့အမှားသာ ကွာပါတယ်။

From: ရဲကျော်သူရ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...