Monday, 28 July 2014

ဒေါ်စုရဲ့ ၀ှက်ဖဲတချပ်လော.... ?

၅၉ စ ဖျက်မှ ကျောက်မျက်တင်သွင်း ရောင်းချခွင့် အမေရိကန် ပေးမည်တဲ့...
ဆိုတဲ့သတင်းကို ဖတ်ပြီး တခုတော့ ပြုံးမိသား....
ရော့ နဂါး... ရော့ပတ္တမြားဆိုတဲ့ အပေးအယူသဘောဖြစ်နေတဲ့
ဒေါ်စုရဲ့ သမ္မတဖြစ်ရေးက အဲလောက်ထိ နိုင်ငံတကာကိုအကူအညီတောင်း
တွေ့ကရာလူကို ပြေးကပ်နေရတဲ့ ဒေါ်စုရဲ့ ဘ၀ကိုသနားမိလေရဲ့.....

ဒါနဲ့ပြောဗျစေဦး.... ကျောက်မျက် တွေကို ၀ယ်မဲ့သူက အမေရိကန်
တခုပဲရှိတာလိုလို... စီးပွားရေး အနည်းငယ်ထိခိုက်တာကလွဲလို့
ကျန်တဲ့ အပိုင်းဘက်က ကြည့်ရင်သိပ် ကြီးမားတဲ့ ကိစ္စမဟုတ်ဖူး

ဒေါ်စုက အစကတည်းက ဒီယုံမြင်လို့ ဒီခြုံထွင်းခဲ့တယ်ဆိုတာပိုသိသာတယ်
စီးပွားရေး ပိတ်ဆို့မှုတွေဖြစ်အောင် ဒေါ်စု ပြောတယ် မြန်မာနိုင်ငံကို
ဘယ်ဟာကိုပိတ်ပါ ဘယ်ဟာကို ဘယ်လိုတားမြစ်ပါဆိုတဲ့ စကားက
ဒေါ်စုရဲ့ အဓိက စနက်ပါပဲ.....

ဒါမယ့် ခုတော့ ကွက်ကွက်ကွင်းကွင်းကိုမြင်သွားပြီ.....
ဒေါ်စုလည်း တော်တော်လေး အကွက်မြင်တယ်ပြောရမယ်
နောင်တချိန် သမ္မတဖြစ်ဖို့အတွက် အခက်အခဲရှိလာရင်
ဒီအကွက်တွေ ဒီ စကားတွေနဲ့ ချုပ်မယ်ဆိုတဲ့ ရည်၇ွယ်ချက်ပေါ့......

တကယ်လို့ ကျွန်တော်သာ အာဏာရှိတဲ့သူ လုပ်ပိုင်ခွင့်ရှိတဲ့
တန်ခိုးရှင်ဖြစ်ခဲ့ရင် ဒေါ်စုကို သမ္မတ တဆက်လောက်ပေးလုပ်ခိုင်းတယ်...
အဲဒါမှ ဒီမိုတွေပြောနေကြသလို ....
ဒေါ်စု သမ္မတဖြစ်ရင် မြန်မာနိုင်ငံချမ်းသာပြီး...
ဒေါ်စုသမ္မတဖြစ်ရင် လယ်သမားတွေ လယ်မစိုက်ပဲ ပိုက်ဆံတွေရမယ်....
ဒေါ်စု သမ္မတဖြစ်ရင် မြန်မာနိုင်ငံ ဒီမိုကရေစီ အစစ်အမှန်၇ပြီ.....

အစရှိသဖြင့် အစရှိသဖြင့်ပေါ့....
နောက်ထပ်အကြီးကြီးတွေကျန်ပါသေးတယ်....
အဲတော့ အားလုံးမျှော်လင့်နေကြတဲ့ ပြည်သူတွေမျှော်လင့်နေကြတဲ့
အပြောင်းအလဲဖြစ်သွားအောင် ဒေါ်စုကို သမ္မတ ပေးလုပ်ပါတယ်ကွယ်...


From:Nay Min

www.mmdailystar.com

1 comments:

  1. နိင်​ငံတကာက ​ဒေါ်စုကို ​ထောက်​ခံတယ်​ဆိုတာ သူ့လုပ်​​ရေကိုင်​​ရေ ကိုကြည့်​ပြီး ​တော်​လွန်းလို့​ထောက်​ခံတာမဟုတ်​ပါ မြန်​မာနိုင်​ငံကလူသိများတဲ့ ဗိုလ်​ချုပ်​သမီးဖြစ်​​နေလို့ပါ ​ထောက်​ခံတဲ့နိုင်​ငံ​တွေကလည်း USနဲ့သူ့အ​ပေါင်းပါ​တွေပါ

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...