Wednesday, 23 July 2014

ဘင်္ဂါလီ ၁၉ ဦးကို ရန်ကုန်ပို့ရန် ကြိုးစားသည့် လူကုန်ကူးဂိုဏ်းမှ ပုန်းရှောင်ပွဲစား ဖမ်းမိ

ဘင်္ဂါလီ ၁၉ ဦးကို ရန်ကုန်မြို့သို့ ခိုးပို့ရန်ကြိုးစားသည့် လူကုန်ကူးဂိုဏ်းမှ လွတ်မြောက်နေသော ပွဲစားတစ်ဦးကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် သူမှာ ကျောက်တော်မြို့နေ အောင်ကျော်ကျော်ဆိုသူဖြစ်ပြီး ထိုအမှုမှ ထွက်ပြေးတိမ်းရှောင်နေ သည့် နောက်ထပ်လူပွဲစားတစ်ဦး ကိုလည်း ဇူလိုင် ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှူးက ပြောသည်။

‘‘အမှုတွဲထဲမှာပါနေတာက တော့ စုစုပေါင်းခုနစ်ယောက်။ ငါးယောက်ကိုတော့ ဖမ်းထားနိုင်ပြီ။ကျန်တဲ့သူတွေကိုလည်း ဒေသအသီးသီးက ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်ပြီး အရေးယူဖို့ကြိုးစားနေပါတယ်’’ဟု ပြောသည်။

လူကုန်ကူးသူများသည် ဘင်္ဂါလီတစ်ဦးလျှင် ကျပ်သုံးသိန်း ဖြင့် ရန်ကုန်မြို့သို့ပို့ရန် ညှိနှိုင်း ထားကြောင်း မူလကထွက်ဆိုခဲ့ သော်လည်း အမှုစစ်ရဲအရာရှိ၏ စစ်ဆေးချက်အရ ထိုထက်များ သည့် ငွေပမာဏဖြင့်ပို့ရန် ကြိုးစားခြင်းဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၂၇ ရက်က အမ်းမြို့ တွင် ဘင်္ဂါလီ ၁၉ ဦးကို ကားဖြင့် ရန်ကုန်မြို့သို့ပို့ရန်ကြိုးစားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကိုစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ ဘင်္ဂါလီများကို ရန်ကုန်မြို့သို့ပို့မည့် လူကုန်ကူးဂိုဏ်းတွင် လူခုနစ်ဦးပါဝင်ပြီး ငါးဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း အမ်းမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖမ်းဆီးခဲ့သည့် ဘင်္ဂါလီ ၁၉ ဦးကို လဝကဥပဒေအရ ထောင် ဒဏ်တစ်နှစ်နှင့် နှစ်လချမှတ်ခဲ့ ကာ ကျောက်ဖြူမြို့ အကျဉ်း ထောင်တွင် ထိန်းသိမ်းထားသည်။

From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...