Tuesday, 29 July 2014

ညစ်ညမ်းအကတွေနဲ့ ဖျော်ဖြေတဲ့ နိုက်ကလပ်ကို တက်ရောက်ခဲ့လို့ ဗြိတိန်တော်ဝင် မင်းသားဟယ်ရီ ဝေဖန်ခံရ

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်မင်းသားဟယ်ရီဟာ လန်ဒန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ညစ်ညမ်းနိုက်ကလပ်တစ်ခုကို တက်ရောက်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒိုင်ယာနာရဲ့ သားငယ်ဖြစ်သူ မင်းသားဟယ်ရီဟာ အပျော်အပါး တွေကို ခုံမင်သူဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသားဟယ်ရီဟာလူမှုရေးလုပ်ငန်းတွေကိုလည်းအားတက်သရောလုပ်ဆောင်လေ့ရှိပါတယ်။

မင်းသားဟယ်ရီဟာလန်ဒန်မှာဖွင့်လှစ်ထားတဲ့ နိုက်ကလပ် ကို တစ်ပတ် သုံးကြိမ်ခန့် သွားရောက်လေ့ရှိတယ်လို့ သိရပါတယ်။ဒီနိုက်ကလပ်ဟာ ညစ်ညမ်းတဲ့ မက္ကဆီကို အကတွေနဲ့ဖျော်ဖြေလေ့ရှိပါတယ်။ မင်းသား ဟယ်ရီဟာ အထူးဧည့်သည်တော် တစ်ဦးအနေနဲ့ တက်ရောက်လေ့ရှိပါတယ်။ ဒီလထဲမှာ မင်းသားဟယ်ရီဟာ တနင်္လာ၊ ကြာသပတေးနဲ့ စနေကို ရောက် တဲ့အခါတိုင်း နိုက်ကလပ်ကို သွားရောက်လေ့ရှိပါတယ်။ နိုက်ကလပ်အတွင်းမှာ မင်းသားဟယ်ရီကို ဓာတ်ပုံရိုက်ကူးမှု မပြုလုပ်နိုင်အောင် လုံခြုံရေး အစောင့်အရှောက်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒီကလပ်ကို ပိုင်ဆိုင်ထားတဲ့ မာ့ခ်ဘာတွန်ဟာ မင်းသားဟယ်ရီကို ဖိတ်ကြားပြီး အထူးအခန်းထဲမှာ ဧည့်ခံလေ့ရှိပါတယ်။ ဒီကလပ်ရဲ့ဝင်ကြေး များပြားတဲ့အပြင် Tequilaတစ်လုံးကို သောက်သုံးမှုပြု လုပ်ပါက ပေါင်(၅၀၀၀) အထိ ကုန်ကျလေ့ရှိပါတယ်။ ဒါ့အပြင် ရှန်ပိန်တစ်လုံးကိုမှာယူပါက ပေါင် (၂၈၀၀၀) အထိ ပေးရလေ့ရှိပါတယ်။ ဒီကလပ်ကို နာမည်ကြီး မင်းသားတွေ ဖြစ်ကြတဲ့ လီယိုနာဒို၊ ဂျက်စတင်း တင်းဘားလိတ် တို့လည်း လာရောက်လေ့ရှိပါတယ်။ ဒီကလပ်ရဲ့ ထူးခြားမှုက လာရောက်တဲ့ ဧည့်သည်တွေကို ထူးခြားတဲ့အကတွေနဲ့ ဖျော်ဖြေပေးခြင်း ဖြစ်ပါတယ်။
From: The Messenger News

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...