Thursday, 24 July 2014

နိုင်ငံတော်လုံခြုံရေးနှင့် တပ်မတော်ရဲ့ တာဝန်

ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီခေတ်မှာ မီဒီယာတွေရဲ့ ရေးသားမှုတွေကြောင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေတာတော့ အမှန်ပါပဲ။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး KIA ဘက်က အလေးပေးရေးသားမှုတွေ၊ KIA ဒုစစ်ဦးစီးချုပ် ဂွမ်မော်နဲ့ အင်တာဗျူး တွေမှာ တပ်မတော်ဘက်က ကျူးလွန်တဲ့ပုံစံမျိုးတွေနဲ့ KIA ဘက်ကို ဇောင်းပေးထားတဲ့ အမေးအဖြေ တွေကို တွေ့ရပါတယ်။ 

ဒီတော့ တပ်မတော်နဲ့ KIA တို့ ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်၊ KIA က တပ်မတော်ကို ဘာကြောင့် ထိပ်တိုက် လာတိုးနေတာလဲဆိုတဲ့ အကြောင်းအရာတွေအပေါ် တပ်မတော်ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပြီဖြစ် ပါတယ်။ တပ်မတော်က နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ အမျိုးသားလုံခြုံရေး တာဝန်တွေကို ထမ်းဆောင် နေခြင်းဖြစ်တယ်ဆိုတာ ပြည်သူအားလုံးသိထားဖို့လိုပါတယ်။ ဒါမှသာ ကချင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တာ တပ်မတော်က သူ့တာဝန် သူ့အလုပ် သူလုပ်နေတာပါလားဆိုတာ သိမှာပဲ ဖြစ်ပါ တယ်။

လုံခြုံရေး Security ဆိုတဲ့ ဝေါဟာရဟာ Secerus ဆိုတဲ့ Latin ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အန္တရာယ်ကင်းဝေးခြင်း၊ Free From Fear လုံခြုံစိတ်ချခြင်း၊ Safety ဆိုတဲ့ အဓိပ္ပါယ်၊ တစ်နည်းအားဖြင့် “ ကြုံတွေ့လာ နိုင်ဖွယ်ရှိတယ်၊ အန္တရာယ်တွေ မဖြစ်စေဖို့ တားဆီးဟန့်တားတဲ့ အစီအမံ” လို့ ဆိုရပါမယ်။ နိုင်ငံတစ်နိုင်ငံလုံခြုံဖို့အတွက် စစ်ရေးအင်အားတောင့်တင်းအောင် လုပ်ကြတယ်။ ဒီဘက်ခေတ်မှာတော့ စစ်ရေးသက်သက်နဲ့ ကာကွယ်နိုင်စွမ်း မရှိတော့ ဘဲ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံ၊ ကာကွယ်နိုင်မှ လုံခြုံ မယ်ဆိုတဲ့ အနေအထားကို ရောက်လာတယ်၊ သမားရိုးကျ Traditional Security Concept နဲ့ သမားရိုးကျ မဟုတ်သော Non – Traditional Security Concept ဆိုပြီ တွဲလာတာ ရှိပါတယ်။ 

ကာကွယ်ရေး (Defence) ဟာ လုံခြုံမှု ရှိစေဖို့ ဆောင်ရွက်ခြင်း (Process) ဖြစ်တယ်။ ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံလုံခြုံ စေဖို့၊ နိုင်ငံကို ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ယုတ်လျော့ပျက်စီးစေဖို့ ဆန့်ကျင်တွန်းလှန်ခြင်းကို လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်က ထမ်းဆောင်နေတဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ဟာ ကြီးမားပါတယ်။ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေး အယူအဆမှာဆိုရင် လူသားလုံခြုံရေး (Human Security) ကို ဦးစားပေးလာ ပါတယ်။ လူသားလုံခြုံ ဖို့အတွက် စီးပွားရေးလုံခြုံမှု (Economy Security )၊ စားနပ်ရိက္ခာလုံခြုံမှု (Food Security)၊ လူပုဂ္ဂိုလ်လုံခြုံမှု (Personal Security)၊ လူမှုအဖွဲ့အစည်း လုံခြုံမှု (Social Security) နဲ့ နိုင်ငံရေးလုံခြုံမှု ( Political Security ) စတဲ့ နယ်ပယ်တွေမှာ ပါဝင်လာပါတယ်။

ကချင်ပြည်နယ်ထဲမှာ KIA ဘာလုပ်သလဲဆိုတာ ဒေသခံ ပြည်သူအားလုံး သိပါတယ်။ KIA လုပ်နေတဲ့ မူးယစ် ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေ၊ လောလောလတ်လတ် ဖမ်းဆီးရမိတဲ့ သစ်တွေ၊ တရားမ၀င် သစ်ခိုးထုတ်လို့ ပြုန်းတီးတော့မယ့် သစ်တောတွေ၊ အစိုးရ၀န်ထမ်း(၂)ဦးကို ဖမ်းသွားပြီး ပြန်မလွှတ်သေးတာတွေ၊ အရွယ်မရောက်သေးတဲ့ ကျောင်းသား လူငယ်တွေကို ဖမ်းဆီးသွားတာတွေဟာ သဘာဝပတ်ဝန်းကျင်လုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လူသားလုံခြုံမှုတွေကို အကြီး အကျယ်ထိခိုက်ပျက်စီးစေတဲ့ ကိစ္စတွေဖြစ်တဲ့အပြင် ကချင်တိုင်းရင်းသားတွေအတွက် နောက်ထပ် ဒီမြေ ဒီရေကို မှီတင်း နေထိုင်သူတွေအားလုံးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။

အဲဒီလို ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ တာဝန်ပေးအပ်ခြင်းခံရတဲ့ တပ်မတော်နဲ့ အဲဒီ လုံခြုံမှုတွေကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ KIA တို့ တိုက်ပွဲဖြစ်ကြတယ်။ တိုင်းပြည်အတွက် ဘယ်သူက အမှန်တရား ဘက်က အလုပ်လုပ်နေ တယ်ဆိုတာ အဖြေကရှင်းပါတယ်။ တကယ်တော့ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို တပ်မတော်က ထမ်းဆောင် နေခြင်းဖြစ်တယ်ဆိုတာ မပြောင်းလဲတဲ့ပကတိ အမှန်တရား လို့ပဲ ပြောချင်ပါတယ်။
 
From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...