Friday, 25 July 2014

NLD ပါတီကြီးလည်း အတွင်းမှာ သဘောမတူမှုတွေနဲ့ ပဲ့ ပဲ့ လာနေပြီ

ဥပဒေတစ်ရပ်ကို မကြိုက်ဘူးဆိုရင် သာမာန်လူတွေအတွက်က လိုက်နာရုံအပြင် တိုးမရှိဘူး........ မကြိုက်လို့ ဖောက်ဖျက်ရင် အရေးယူခံရမယ်......

အဲ ဥပဒေပြုပိုင်ခွင့် ရှိတဲ့ လွှတ်တော် အမတ်လို လူမျိုးတွေက ဥပဒေတစ်ရပ်ကို မကြိုက်ဘူးဆိုရင် ရအောင် ပြင်ယူဖို့ လိုမယ်.......

ရအောင် ပြင်ယူတယ် ဆိုတဲ့နေရာမှာ လက်ရှိဖော်ဆောင်ထားတဲ့ လွှတ်တော်လမ်းကြောင်း ရှိနေတယ်.......

လွှတ်တော် လမ်းကြောင်းမှာ အခက်အခဲတွေ ရှိမယ်၊ အကျိုးစီးပွား ကာကွယ်သူတွေရှိမယ်...... နိုင်ငံရေးလုပ်လို့ လွှတ်တော်ထဲကို ရောက်ပီဆိုတာနဲ့ ဒါတွေကို ရင်ဆိုင်ဖို့၊ ကျော်လွှားဖို့ ကြိုတင်ပြင်ဆင်ထားရမှာ လွှတ်တော်အမတ် တစ်ယောက်ရဲ့ တာဝန်ပဲ......

လက်ရှိ လွှတ်တော်ဟာ လုံးဝကြီး ပြည်သူ့ဆန္ဒကို ဖော်ဆောင်နေတာ မဟုတ်သလိုပဲ လုံးဝကြီး ပြည်သူ့ဆန္ဒကို ငြင်းဆန်နေတာလည်း မဟုတ်ဘူး...... တင်းမာသယောင် ဟန်ဆောင်နေတဲ့ကြားမှာ ခပ်ပါးပါး ပြည်သူ့ဆန္ဒကို လွှတ်ပေးနေတာဟာ အကြောင်းမဲ့တော့ မဟုတ်ဘူး.......

သေခြာစဉ်းစားစေလိုတယ်..... လက်ရှိ လွှတ်တော်ကို နိုင်ငံခြားက လက်ညှိုးထိုးလာချိန် ဒီမှာ ပြည်သူ့ဆန္ဒတွေကို ဖော်ဆောင်နိုင်ခဲ့တယ် ဆိုတာ ထုတ်ပြဖို့ Facts & Figures တွေကတော့ အဆင်သင့် ရှိနေတယ်........

တစ်ခြားတစ်ဖက်က ပြန်ကြည့်ရင် NLD အနေနဲ့ အရင်ကလို အတိုက်အခံ ပုံစံမျိုးအနေနဲ့ ခပ်တင်းတင်းပဲ လွှတ်တော်ထဲ သွားလုပ်မယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်သွားမှာ စိုးရိမ်ကောင်း စိုးရိမ်နေမလားပဲ (သိပ်တော့မထင်ဘူး)......

တစ်ခြားနည်းလမ်း တစ်ခုနဲ့ စဉ်းစားကြည့်ရအောင်...... ဥပမာ ပေးရရင် Customer Services ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ Public Relationship ကို တာဝန်ယူထားတဲ့ Manager တစ်ယောက်ဆိုပါစို့......

Customer is always Right ဆိုတဲ့စကားနဲ့ မိမိဝန်ထမ်းရဲ့ ဂုဏ်သိက္ခာ ဆိုတာ ရှိတယ်.. Customer ကို အမြဲလိုက်လျောလို့ ကိုယ့်ဝန်ထမ်း အစော်ကားခံရတာမျိုး မဖြစ်အောင် မျဉ်းပါးပါးလေးမှာ ထိမ်းသိမ်းရတဲ့ ကိစ္စ.......

ဒါကြောင့် လက်ရှိ လွှတ်တော်ရဲ့ နိုင်ငံတကာ မျက်နှာပန်းလည်း လှချင်တယ်၊ ကိုယ်ကျိုးစီးပွားလည်း ကာကွယ်ချင်တဲ့ အခြေအနေကြားမှာ လစ်ဟနေတဲ့ ပါးပါးလေးကို ရအောင် အမိဖမ်း ဝင်နိုင်ဖို့ အရေးကြီးတယ်..... တစ်ခုတော့ရှိတယ် လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယကကြီး ကြိုက်ချင်မှ ကြိုက်မယ်.......

အခက်အခဲ နည်းနည်းတွေ့တာနဲ့ သပိတ်မှောက်မယ် လမ်းပေါ်ထွက်ပလိုက်မယ် ဆိုရင် ထောင်ထားတဲ့ ထောင်ခြောက်ထဲကို ကိုယ်တိုင် လိုလိုချင်ချင် ဝင်သွားသလိုဖြစ်ပြီး နိုင်ငံတကာမှာ ရှင်းပြရခက်မယ်..... (အရင်ကလည်း ခံခဲ့ရတာ ခဏခဏပဲကိုးဆိုတော့ အခုအချိန်မှာ ပိုသတိထားဖို့ လိုနေပီ)

အဓိက မျဉ်းပါးပါးလေးကို ငြင်သာစွာ ကစားတတ်ဖို့ လိုအပ်သလို မာသင့်ရင်မာ၊ ညှိသင့်ရင်ညှိနဲ့ မဟာမိတ် စည်းမျဉ်းကိုပါ တွဲညှိကစားလိုက်ရင် ၂၀၁၅ မှာ မနာလောက်ဘူးဆိုတာ ယုံမိတယ်......

ခါတိုင်းလိုပဲ အခက်အခဲတွေ့လို့၊ ဥပဒေမကြိုက်တာနဲ့ သပိတ်မှောက်လိုက် ဆိုရင်တော့ NLD ပါတီကြီးလည်း အတွင်းမှာ သဘောမတူမှုတွေနဲ့ ပဲ့ ပဲ့ လာသလို တိုင်းပြည်ကြီးလည်း နာလှပီကိုး......

ဒီဘက်ခေတ်မှာ ထောင်ခြောက်ဆိုတာ ကျော့ကွင်း၊ သံညှပ်၊ ညှောင့်တွေ ခလုပ်တွေနဲ့ ထောင်တာထက် Image ဆိုတာကို ဖြည်းဖြည်းခြင်း အောက်ကို စွဲချတာမျိုး လုပ်တတ်ကြတာကလား........

From:VOJM

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...