Saturday, 16 August 2014

မြန်မာပြည်မှာ မီဒီယာတွေ ဖိနှိပ်မခံရဘဲ လွတ်လပ်မှုရှိကြောင်း 8Days က ကိုယ်လုံးတီးပုံ ဖော်ပြ၍ သက်သေပြပြီ



ကျင့်ဝတ်ကောင်းတဲ့ မီဒီယာတွေကို တော့ အားတော့နာပါတယ်။ ဒါပေမဲ့ ပြောသင့်ပြောထိုက်တဲ့ သူတွေကိုတော့ ပြောရမှာပါပဲ။ မြန်မာပြည်မှာ မီဒီယာသမားတွေ အော်ကြတယ်။ အစိုးရက မီဒီယာကို ဖိနှိပ်တယ်။ လွတ်လပ်ခွင့် မရှိဘူး ဘာညာ။ သူတို့သာ အော်နေတာ မီဒီယာတွေ ဘယ်လောက်လွတ်လပ်လာလဲ။ ဘယ်လောက် ဗရမ်းဗတာ
လာနိုင်လဲ ဖတ်နေတဲ့ စာဖတ်သူတွေ အသိပါ။ သူတို့ တွေ ဘယ်အချိန်ထထ အော်တတ်လဲ ဆိုတော့
မီဒီယာသမားကို တရားမစွဲလိုက်နဲ့။ စွဲလိုက်တာနဲ့ နောက်ကနေ မီဒီယာသမား တပြုံတမကြီး ဆန္ဒတွေပြကုန်ပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိနဲ့လို့ သာ မီဒီယာတွေ ရေးရေးနေတာ။ သူတို့လုပ်ပေါက်က ဥပဒေ အထက်မှာ မီဒီယာပဲ ရှိသလိုလိုနဲ့။ အရေးမယူခံချင်ရင် ကျင့်ဝတ်နဲ့ ညီအောင်ရေး။ မရေးရင်တော့ ဥပဒေက မီဒီယာအပေါ် ပလီပလာ လုပ်နေမှာ မဟုတ်ဘူး။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှာပဲ။ ဒါက မြန်မာပြည်တစ်ခုတည်း မဟုတ်ဘူး။ ကမ္ဘာ့မီဒီယာလည်း ဒီအတိုင်း လုပ်နေတာပဲ။
ခု မြန်မာပြည်က မီဒီယာတွေ ဖြစ်နေတာက ကိုယ်ကလည်း  ကျင့်ဝတ်မရှိ မဟုတ်တဲ့ သတင်းတွေ
ဖော်ပြသေးတယ်။ ကျင့်ဝတ်နဲ့ မညီလို့ အရေးယူမယ်လုပ်တော့ တပြုံတမကြီး ထဆန္ဒပြတယ်။ မီဒီယာ
ဖိနှိပ်မှု ရပ်တွေဘာတွေနဲ့။  ဖိနှိပ်မှု ရပ်အလုပ်ကောင်းလို့ မီဒီယာဖုန်းလုမှု ရပ်ဆိုပြီး မီဒီယာသမားတွေ
အရှက်ကွဲခဲ့ပြီးပြီ။ ခုလည်း ကြည့် သူတို့သာ ဖိနှိပ်တာရပ် လွတ်လပ်ခွင့်ပေးလုပ်နေတယ်။ 8Day ဂျာနယ်ကတော့ လွတ်လပ်နေတာကြာပြီပေါ့။  ဘယ်လောက်လွတ်လပ်လဲဆို ဘာမှကို မ၀တ်တော့တာ။
ကိုယ်လုံးတီးတွေ နဲ့ ဂျာနယ်စာမျက်နှာပေါ် ရောက်လာပြီ။ ကဲ လွတ်လပ်လား မလွတ်လပ်လား စာဖတ်သူတွေသာ စဉ်းစားကြည့်တော့။ သြော်.... မေ့လို့ ဂျာနယ်တွေဖော်ပြတာ လွတ်လပ်လွန်းအားကြီးလို့ အိမ်က အမေရှေ့၊ နှမရှေ့တောင် မဖတ်ရဲတော့ဘူး။ ဒီလောက်ထိ လွတ်လပ်ပြီး ပရမ်းပတာ ဖြစ်လာတာကိုတော့ စာဖတ်သူတို့ ကြိုက်မယ် မထင်ဘူး။
 
 
From: မိုးမြင့်ထက်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...