Thursday, 14 August 2014

မြစ်ဆုံလမ်းလျှောက်အဖွဲ့များသို့ လှူဒါန်းငွေများ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လိမ်လည်ဟု တိုင်တန်း

ဧရာဝတီမြစ်ဆုံဒေသတွင် ရေကာတာ ဆောက်လုပ်မည့် စီမံကိန်းကို အပြီးအပိုင် ရပ်စဲရေးလမ်းလျှောက် ဆန္ဒပြပွဲတွင် အများပြည်သူများ လှူဒါန်းခဲ့သည့်ငွေများကို
လမ်းလျှောက် အဖွဲ့ခေါင်းဆောင်က လိမ်လည်သွားသဖြင့် သြဂုတ် ၁၁ ရက်က တိုင်တန်းလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သည့် တရားလို ဒေါ်သက်သက်မာသည် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် ပြည်သူများ လှူဒါန်းခဲ့သည့် ငွေများကို ဦးမြင့်ဝင်းမောင်က သိမ်းဆည်းထားသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ယင်းသို့ သိမ်းဆည်းထားသည့် လှူဒါန်းငွေများထဲမှ ငွေကျပ် ၂၁၇ သိန်းကျော်ကို လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင်၊ ဘဏ္ဍာရေးမှူး ဒေါ်မေမျိုးစုနှင့် ဦးမြင့်ဝင်းမောင်တို့က ငွေစာရင်းများ မမှန်မကန် ဖော်ပြပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးရဲထွဋ်ခေါင်နှင့် ဦးမြင့်ဝင်းမောင်တို့ကို
မဇ္ဈိမက ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

ဆန္ဒပြပွဲတွင် ပြည်သူများ၏လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်ထားသည့် ဦးရဲထွဋ်ခေါင်ပါ သုံးဦးကို အရေးယူပေးပါရန် ဒေါ်သက်သက်မာ၏ တရားလိုပြုတိုင်တန်းချက်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် သြဂုတ်လ ၁၁ ရက်က အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆထားသူများကို စုံစမ်းလျက် ရှိသည်။

From: Mizzima news daily

www.mmdailystar.com

4 comments:

  1. အတိုက်အခံဆိုတဲ့ကောင်တွေအားလုံးလိုလို
    လုပ်စားကောင်တွေဘဲ့
    သူခိုးတွေဘဲ့

    ReplyDelete

  2. Myanmar Express Group

    http://www.myanmarexpress.net/2013/08/blog-post_4765.html

    (၂၅) နှစ်အတွင်း ဒီမိုကေ၇စီေ၇းဘန်းပြပီး
    နိုင်ငံတကာမှတောင်းလို့၇ထားတဲ့ ဒီမိုကေ၇စီေ၇း၇န်ပုံငွေတွေထဲက
    ပုံမှန် အချီကြီး ခိုး၇င်း ချမ်းသာသွားသော ဒီမိုသူတောင်းစားသူဌေးများစာရင်း-

    (၁) မောင်မောင်
    (၂) ကျော်ကျော် (ဆယ်ပြား)
    (၃) ကျော်ထက်
    (၄) အောင်မိုးဇော်
    (၅) နိုင်အောင် (ABSDF လူသတ်ကောင်)
    (၆) အောင်မျိုးမင်း
    (၇) ထူးချစ်
    (၈) မိုးသီးဇွန် (ABSDF လူသတ်ကောင်)
    (၉) ဘိုကြည်
    (၁၀) တိတ်နိုင်
    (၁၁) ကျော်လင်း
    (၁၂) လွမ်းဏီ
    (၁၃) သံခဲ (ABSDF ဥက္ကဌ) (မိန်းမက သြစီမှာ)
    (၁၄) အောင်ဇော် (ဧ၇ာဝတီ)
    (၁၅) အောင်နိုင်ဦး
    (၁၆) ဇော်ဦး
    (၁၇) မင်းဇော်ဦး
    (၁၈) စိုးမြင့်
    (၁၉) သင်းသင်းအောင်
    (၂၀) အောင်ထူး (ရှေ့ နေ)
    (၂၁) ဇော်ဇော်ထွန်း (လူ့ ဘောင်သစ်)
    (၂၂) ကိုညို (လူ့ ဘောင်သစ်)
    (၂၃) ဇာနည်သွေး
    (၂၄) အောင်သူငြိမ်း
    (၂၅) သင်းသင်းအောင်
    (၂၆) ခင်ဥမ္မာ (ABSDF လူသတ်ကောင် နိုင်အောင် ၇ဲ့မိန်းမ)..

    ..

    ReplyDelete
  3. ပြည်ပက ဒီမိုကောင်တွေတင် အချီကြီးခိုးတာမဟုတ်ဘူး.......
    ပြည်တွင်းက ဒီမိုကောင်တွေလဲ အလီဘာဘာတွေဘဲ့..............

    ReplyDelete

  4.ေ၇ှ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ
    နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်မှာ

    (၈၈)ကျောင်းသားခေါင်းဆောင်ကြီးဆိုတဲ့ ကိုကိုကြီးကိုယ်တိုင်က (၈၈)အဖွဲ့အတွက် ဆိုးေ၇ာ့ လှုသွားတဲ့ ဒေါ်လာ(၂)သောင်းခွဲကိုခိုးပီး ကိုယ်ကျိုးအတွက်သုံးတယ်

    ပီးတော့ ကိုကိုကြီး(၅၃နှစ်)က (၈၈)ပွင့်လင်းအဖွဲ့ပိုင်၇ံပုံငွေထဲကခိုးထားတဲ့ပိုက်ဆံနဲ့ သူ့သမီးအ၇ွယ် ခင်သူသူဝင်း(၃၂နှစ်)နဲ့ သိန်း(၅ဝဝ)အကုန်ခံပီးမင်္ဂလာဆောင်တယ်

    အဲ့လို ကိုကိုကြီးလိုအကောင်တွေကိုယ်တိုင်က အေ၇ှ့ကနေခိုးပြနေတော့ ရဲထွဋ်ခေါင် မေမျိုးစု မြင့်ဝင်းမောင် လိုအနောက်ကအကောင်တွေကောင်မတွေကလဲအတုယူပီး အလှုငွေ၇ံပုံငွေထဲက စားလိုက်သောက်လိုက် သုံးလိုက်ဖြုံးလိုက် လုပ်နေတော့တာပေါ့

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...