Tuesday, 5 August 2014

၈၈ အရေးအခင်း မှာ … သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..?????? ။

ဒီကနေ့  ဘီဘီစီက ရေးသားဖော်ပြလိုက်တဲ့ …
၈၈ခုနှစ် အရေးအခင်းမှာ ….
လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နှင်းခဲ့သလားဆိုတဲ့ ဆောင်းပါးဟာ …
ဖော်ပြပြီး ၅နာရီလောက်အကြာမှာပဲ ….
ဘီဘီစီ ပေ့ခ်ျမှာ ၀ိုင်းဝန်းအားပေး ထောမနာပြုကြတဲ့ …
ဖေ့စ်ဘုတ်ကာတွေရဲ့ ကောမန့် များအောက်မှာ …
ဘီဘီစီ အနေနဲ့  အတော်ကို ဂွမ်းသွားခဲ့ပါတယ် …

အဓိပ္ပာယ်ကတော့ …
ဒီကနေ့ လူထုဟာ …
၁၉၈၈ ခုနှစ် လူထု မဟုတ်တော့သလို …
ဒီကနေ့ ခေတ်ဟာလဲ ….
စတုတ္ထမဏ္ဍိုင် တစ်ခုတည်းသာမက ….
ပဉ္စမ မဏ္ဍိုင် လူမှုကွန်ယက်တွေ ပါ ….
ပေါ်ပေါက်နေတဲ့ ခေတ်ကို …
ရောက်ရှိနေပြီမို့ လို့ ပဲ ဖြစ်ပါတယ် ….

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၆ နှစ် အချိန်ကာလကတော့ …
ဒီလိုမဟုတ်ခဲ့ပဲ ….
ဘီဘီစီ ပြုသမျှ …
ကျွန်တော်တို့ နုခဲ့ရဖူးပါတယ် ….

တိတိကျကျ ပြောရရင်တော့ …
၁၉၈၈ခုနှစ် သြဂုတ်လ ၆ရက် …
ည ၈ နာရီ ၄၅ မိနစ် မြန်မာပိုင်းအစီအစဉ် ကဏ္ဍ …
ထုတ်လွှင့်ချက်ပါ ….

သတင်းကတော့ ….
အင်းစိန်ထောင်ထဲမှာ …
လုံထိန်းများက အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံခဲ့ရပါတယ်ဆိုတဲ့  …
မိန်းကလေးများနဲ့  တွေ့ ဆုံခန်းကို ထုတ်လွှင့်လိုက်တာပါ ….

ကျွန်မ ဘေးအခန်းက မိန်းကလေးတွေရဲ့ ….
သနားစဖွယ် အော်ဟစ် ငိုရှိုက် ….
တောင်းပန်သံတွေကို ကြားနေရတယ် …
ကျွန်မတို့ ကို ….
တစ်ယောက်ပြီး တစ်ယောက် …
အကြိမ်ကြိမ် ၀င်လာ မုဒိန်းကျင့်နေတယ် …
မုဒိန်းကျင့်ခံရတဲ့  မိန်းကလေး ကိုးယောက်မှာ …
သုံးယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး ….
ကျန်တဲ့သူတွေမှာ ကိုယ်ဝန်ဖျက်ချတဲ့သူဖျက်ရ …
ဘ၀ပျက်တဲ့ သူ ပျက်ရ ဆိုတဲ့ အကြောင်း …
ကာယကံရှင် မိန်းကလေးကိုယ်တိုင် ရှင်းပြနေတာကို …
ထုတ်လွှင့်ပေးလိုက်တာပါ ….

တစ်ပြည်လုံးက ပြည်သူတွေဟာ…
သတင်းကို နားထောင်နေရင်း နားထောင်နေရင်း …
ခြေဖျားလက်ဖျားတွေ အေးစက်လာပါတယ် ….
ပတ်ဝန်းကျင်လေထုဟာ ရုတ်တရက် ငြိမ်ကျသွားတယ် …

လူတွေအားလုံးရဲ့ မျက်နှာဟာ …
တစ်စ တစ်စ တင်းမာလာကြတယ်…

တစ်ချက်တစ်ချက် ကျတော့ …
စုပ်သပ်သံလေး သဲ့သဲ့ ကြားရတယ် ….
နားဆင်နေရင်းပဲ ….
တစ်ချို့ ကတော့ မျက်ရည်တွေကျနေကြတယ်
သတင်းအပြီးမှာတော့ …
အားလုံးရဲ့ မျက်နာဟာ အံကြိတ်ထားလို့ …
မေးကြောကြီးတွေ ထောင်ထောင်ထ …
မျက်လုံးတွေကလဲ …
မီးတောက်မီးလျှံတွေလို ရဲရဲနီ ကုန်ကြပါပြီ ….

ဒီလောက်ဆိုရင်တော့ …
နောက်တစ်နေ့  လမ်းမတွေပေါ်မှာ …
ဘာတွေဆက်ဖြစ်ကုန်မလဲ ….
ကျွန်တော်တို့ မှန်းဆလို့ ရနိုင်ပါပြီကော ….

ကောင်းပါပြီ …
ဒီသတင်း ဘယ်လိုဖြစ်လာခဲ့ပါသလဲ ….
ဘယ်လို အသံသွင်းယူခဲ့ကြသလဲ ….
ကျွန်တော်တို့ တစ်ချက် လောက် …
နောက်ကြောင်းပြန် ကြည့်ကြရအောင်ပါလား ခင်ဗျာ ….

ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂါးနက်ဟာ …
၁၉၈၈ခုနှစ် သြဂုတ်လထဲမှာ …
စမ်းချောင်းမြို့ နယ် ၊ ကျွန်းတောတောင်ရပ်ကွက်
ချမ်းသာလမ်း ၊အိမ်အမှတ် ၁၈ …
ကိုအောင်မျိုးထွန်း ရဲ့ နေအိမ်မှာ …
ဒီရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို …
အသံသွင်းဖို့ လုပ်ခဲ့ကြပါတယ် ….

စီစဉ်သူက ကိုနေမင်း …
ဝိုင်းဝန်း ကူညီဆောင်ရွက်သူတွေက …
ကိုတင်မောင်ထွေး ၊ ကိုဌေးအောင်၊ကိုဌေးကြွယ် နဲ့  ….
ကို ကိုကိုလတ်တို့ ဖြစ်ကြပါတယ် …
အမျိုးသမီး တွေကတော့ …
မအေးငြိမ်းသူ နဲ့ တစ်ခြားကျောင်းသူ တစ်ဦး ဖြစ်ပါတယ် ….

မအေးငြိမ်းသူ က အကူအညီတောင်းလို့  …
ဘုမသိ ဘမသိ အသံသွင်းခဲ့တဲ့သူပါ ….
အသံလွှင့်အစီအစဉ် မစတင်မီ …
အဲဒီ မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးတွေနဲ့  ….
တွေ့ ချင်တယ်လို့ ပြောတော့….
အသံသွင်းပြီးရင် လိုက်ပို့ ပေးမယ်လို့ ပြောပြီး …
စာရွက်မှာရေးထားတာတွေကို ဖတ်ပြ …
စိတ်တိုင်းကျ အသံသွင်းပြီးတဲ့ နောက်မှာ …
အချိန်မရတော့လို့ ….
နောက်မှပဲ ပို့ တော့မယ်လို့ ပြောပြီး …
မလိမ့်တပတ်လုပ် …
ရှောင်ထွက်သွားခဲ့တယ်လို့  ဆိုပါတယ် …

ဘယ်လိုပဲ ဖြစ်ဖြစ် အသံသွင်းတာကတော့ …
အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ …
ကြိုတင် နှပ်ကြောင်းပေး လှုံ့ ဆော်နေတဲ့  …
၈.၈.၈၈ ရက်နေ့ မတိုင်မီ တစ်ရက်အကျော် …
၆.၈.၈၈ ရက်နေ့ မှာ ..
ဒီအသံလွှင့်ဇာတ်လမ်းကို ဗုံးခွဲသလို …
ဖောက်ခွဲ ထုတ်လွှင့်ပြစ်ခဲ့ပါတယ် ….

နောက်ပိုင်း ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာတော့…
၈၈ ကို မီတဲ့သူတွေ အားလုံး သိကြပါတယ် …

သမိုင်းဟာ ညာလို့ မရပါဘူး …
ဒီကိစ္စထဲပါခဲ့တဲ့  ၈၈ မျိုးဆက် ကိုဌေးကြွယ်တို့ လဲ …
အခု လက်ရှိ ငုတ်တုတ်ကြီး ရှိနေတာပါပဲ …

ဟုတ်မဟုတ် ဆိုတာ ….
သမိုင်းအမှန်ကို သိချင်စိတ်ရှိတဲ့  …
သတင်းထောက် တစ်ယောက် က ….
သွားမေးကြည့်ရဲဖို့ ပဲ လိုပါတယ် ….

၈၈ အရေးအခင်း မှာ …
သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..?????? ။

From: Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...