Tuesday, 5 August 2014

မိန်းမပျိုလေးများ ချိုင်းမွေးမနုတ်ရပြိုင်ပွဲ လူစိတ်ဝင်စားမှုများနေ





 တရုတ်နိုင်ငံမှာ လတ်တလော စိတ်ဝင်စားမှုအရှိဆုံး အကြောင်းအရာကတော့ မိန်းမပျိုတွေ ချိုင်းမွေးမနုတ်ရပြိုင်ပွဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရဲ့ လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်ဖြစ်တဲ့ Weibo မှာ ဒီပြိုင်ပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ၀င်ရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက်က (၂၈) သန်းကျော်ရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အမျိုးသမီးငယ် ထောင်ပေါင်းများစွာ ၀င်ရောက်ဆင်နွှဲခဲ့တဲ့ ဒီပြိုင်ပွဲမှာ ပထမဆုရရှိမယ့်သူဟာ ဘာဆုမှရရှိမှာ မဟုတ်ပေမယ့် စိတ်ဝင်တစားဝင်ရောက် ယှဉ်ပြိုင်ခြင်းက ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ ပြိုင်ပွဲအမည်ကို မိန်းမပျိုတွေ ချိုင်းမွေးမနုတ်ရလို့ ပေးခဲ့ရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ ရှိနေပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမွေးတွေကို ရဲဝံ့စွာ ထားရှိနိုင်ဖို့ ဖြစ်ပါ တယ်။ တရုတ်မိန်းမပျိုလေးတွေဟာ သတိ္တအပြည့်နဲ့ ဒီပြိုင်ပွဲကို -၀င်ရောက်ဆင်နွှဲခဲ့ပါတယ်။ မိမိမှာရှိတဲ့ ချိုင်းမွေးတွေကို ပုံစံအမျိုးမျိုးနဲ့ Selfies ဓာတ်ပုံ ရိုက်ကူးကာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အချို့ချိုင်းမွေးတွေဟာ အလွန်ရှည်လျားနေတာ တွေ့မြင်ခဲ့ရပါတယ်။

ဒီဓာတ်ပုံတွေကို ပြိုင်ပွဲစီစဉ် ကျင်းပတဲ့ သူက အကောင်းဆုံး (၁၀)ဦးစာရင်း ရွေးချယ်ထုတ်ပြန်သွားမှာဖြစ်ပြီး ဘာဆုမှပေးသွားမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာ သဘာဝ အလှတရားနဲ့ ပတ်သက်ပြီး အခုလို လံှု့ဆော်ပေးတဲ့ပြိုင်ပွဲတွေ မကြာခဏ ကျင်းပပြုလုပ် ပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လက ခြေထောက်မွေးနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပပြု လုပ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေဟာ သူတို့ရဲ့ ခြေထောက်မွေးတွေကို မရိတ်ဘဲ ရှည်လျားတဲ့ ခြေထောက်မွေးတွေနဲ့ ဓာတ်ပုံရိုက်ကာ ၀င်ရောက်ယှဉ်ပြိုင်မှု ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားတက္ကသိုလ်ကလည်းကျောင်းသူတွေကို စာမေးပွဲရှိတဲ့ကာလမှာ ချိုင်းမွေး နုတ်စရာ မလိုဘူးလို့ ကမ်းလှမ်းမှု တစ်ခုပြုလုပ်ခဲ့ကြောင်းလို့ သိရပါတယ်။ လူမှုပတ်ဝန်းကျင်မှာစံနှုန်းအဖြစ် သတ်မှတ်ထားမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း လန်ဒန်မြို့အခြေစိုက် ဓာတ်ပုံဆရာတစ်ဦးဟာ အမျိုးသမီးမော်ဒယ်တွေနဲ့ ခန္ဓာကိုယ်အမွေးတွေ ကို ရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။

From: Messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...