Tuesday, 19 August 2014

မြန်မာ့ဂုဏ်ဆောင် ထူးချွန်ကျောင်းသူ မစုပုံချစ် သို့ ကျပ် ၁၁၇ သိန်းတန်ဖိုးရှိ ခြေတု တစ်ချောင်း သြစတြေးလျအစိုးရ နိုင်ငံခြားရေးရာဌာန က ပြုလုပ်ချီးမြှင့်


မြန်မာနိုင်ငံမှ ထူးချွန်အင်ဂျင်နီ ယာကျောင်းသူ မစုပုံချစ်အား Australia Department of Foreign Affair ၏ ဦးဆောင်မှုဖြင့် မြန်မာကျပ် ငွေသိန်း ၁၁၇ သိန်းနှင့်ညီမျှသော သြစတြေးလျငွေ ဒေါ်လာ တစ်သောင်းသုံးထောင် တန်ဖိုးရှိ ခြေတု (Prosthetics Leg) တစ်ချောင်း ပြုလုပ်တပ်ဆင်ပေးကြောင်း မသန်စွမ်းကျောင်းသူ မစုပုံချစ်ထံမှ သိရသည်။

မစုပုံချစ်သည် မွေးရာပါ ကိုယ်အင်္ဂါမပြည့်စုံသူဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အင်ဂျင်နီယာဘွဲ့ (မဟာ) တန်းတက်ရောက်နေသူဖြစ်သည်။

မစုပုံချစ်သည် သြစတြေးလျ နိုင်ငံ့ UNSW တက္ကသိုလ်ကြီးမှ ချီးမြင့်သည့် Master of Policy Studies (MPS) ဘွဲ့ကို တက်ရောက်ရန် ပညာသင်ဆုချီးမြှင့်ခြင်း ခံရသည့် ကျောင်းသူ လည်း ဖြစ်သည်။ သြစတြေးလျတွင် ပညာသင်ကာလ ၁၇ လကြာအတွင်း ယင်းခြေတု ကို ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့က Australia Development Award ကပေါ့။ ပညာသင်ဆုနှင့် တစ်ပါ တည်း မော်တာဝှီးချလ်တပ်ပေးမယ်ပေါ့။ ညီမကတော့ ၀ှီးချဲလ်ထက် ခြေတုကို ပိုလိုချင်လို့ ပြန်ပြောတော့ အချိန်လေးနည်းနည်းစောင့်လိုက်ရတာတော့ ရှိတာပေါ့။ ကျွန်မတို့နိုင်ငံ ဘက်ကတော့ ကျွန်မကို ခြေတုလုပ် ပေးမယ်ပြော ပါတယ်။ သူတို့ Joint နေရာမှာ ယမနေသားနဲ့လုပ်မယ်ဆို တော့ ကျွန်မက ခြေထောက်နှစ်ဆင့် လိုဖြစ်နေတယ်ဆိုတော့ သစ်သားနဲ့ ဆိုရင် ပိုနာမယ်လေ။ အခု Prosthetics Leg ဖြစ်တော့ တကယ့် အသားတစ်ခုလို ဘဲ ပျော့ပျော့လေး ဆိုတော့ ညီမအတွက် ပိုလျောက်လို့ ကောင်းသွားတယ် ဟု ပြောသည်။

သြစတြေးလျမှ မဟာဘွဲ့ရခဲ့သူ မစုပုံ ချစ်သည် မြန်မာနိုင်ငံတွင် ၆ လသာ တက်ရသေးသည့် အင်ဂျင်နီယာ မဟာဘွဲ့ကို ပြီးဆုံးတိုင်အောင် တက်ရင်း သူမ သြစတြေးလျမှ တတ်မြောက် သင်ယူလာသည့် ပညာရပ်များဖြင့် သူမ၏ ဘ၀တူများ အတွက် ပြန်လည် အကျိုးပြုမည်ဟု ပြောသည်။
 
 
From:OE

www.mmdailystar.com

1 comments:

  1. ဟုတ်ပါ့မလားခြေတုကသိန်းတစ်ရာကျော်
    မဟုတ်သေးဘူးထင်တယ်
    မဟုတ်လောက်ပါဘူး
    ဟုတ်လောက်မယ်မဟုတ်ဘူးထင်ပါတယ်
    မဟုတ်ပါဘူး

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...