Thursday, 14 August 2014

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမှု ဘာတွေ ထူးခြားနေပြီလဲ


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်းကို သြဂုတ်လ ၉ ရက်နေ့ကနေ စခဲ့ပြီး နောက်ဆုံးအခြေအနေ ကတော့ ခေါင်းလောင်းကြီးပေါ်မှာ တင်နေတဲ့ နစ်မြုပ်သဘောင်္တစ်စင်း ပေါ်က ရွှံ့နွံတွေကို ဖယ်ရှားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာ ရေတက်နေတာမို့ ရေငုပ်သမားတွေဟာ တစ်ကြိမ်ထဲပဲ ရေထဲကို ဆင်းနိုင်တယ်လို့ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးဝင်းမြင့်က ဆိုပါတယ်။

သိပ္ပံနည်းတွေကို မသုံးဘဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်မယ်ဆိုပြီး ခေါင်းလောင်းကြီးရှာဖွေမှုကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံတဲ့နေရာမှာ လုပ်ဆောင်နေတာ ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးက ဆလုံလူမျိုး ရေငုပ်သမား ၁၀ ဦးအပါအဝင် လူအင်အား ၈၀ ခန့်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ခရစ်သက္ကရာဇ် ၁၄ ရာစုအတွင်းတုန်းက မွန်ဘုရင် ဓမ္မစေတီမင်း သွန်းလုပ်ခဲ့ပြီး သန်လျင်မြို့စား (ပေါ်တူဂီလူမျိုး) ငဇင်ကာခေါ် ဖိလစ်ဒီဘရစ်တိုက ၁၆ ရာစုနှစ်မှာ သန်လျင်ကို သယ်ဆောင်ရာကနေ မြစ်ထဲ ပြုတ်ကျခဲ့တယ်လို့ အဆိုရှိတဲ့ ဒီခေါင်းလောင်းကြီးရဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ခုလို ဂမ္ဘီရဆန်ဆန် ဆယ်ယူနေမှု အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
ခုဆယ်ယူနေမှုကို အများပြည်သူတွေရဲ့ လှူဒါန်းငွေတွေနဲ့ ဆယ်ယူမှာဖြစ်ပြီး ကျပ်သိန်းပေါင်း နှစ်ထောင်ခန့် ကုန်ကျမှာဖြစ်တယ်လို့ ခေါင်းလောင်းဆယ်ယူရေး ဦးဆောင်သူတွေက ဆိုပါတယ်။

“အခုဟာက တကယ့်ကျွမ်းကျင်တဲ့ ပညာရှင်တွေ ခေါ်ပြီး စနစ်တကျရှာဖွေတာမျိုး မဟုတ်ဘူး၊ ပြီးတော့ ဒီခေါင်းလောင်းကြီးက တကယ်ပဲ ရှိခဲ့သလား၊ တကယ်ပဲ အဲဒီနေရာမှ ကျခဲ့သလား ဆိုတာကို သေချာအောင် အရင်ဆုံးလေ့လာရမှာ” လို့ စာရေး ဆရာချစ်စံဝင်းက The Voice ကို ပြောပါတယ်။

From: The Voice Weekly

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...