Thursday, 7 August 2014

တပည့်ဖြစ်သူနှင့် ဖောက်ပြန်နေသည့် လိင်ပညာပေးသင်တန်းဆရာမတစ်ဦးအား ခင်ပွန်းဖြစ်သူက ပတ်ဝန်းကျင်ကို ခေါ်ပြ၍ ရဲတိုင်

အမျိုးသား၊ အမျိုးသမီးတွေရဲ့လူမှုရေးဖောက်ပြန်မှုတွေကို ပတ်ဝန်းကျင်မှမကြာခဏ ကြားသိမြင်တွေ့နေရပါတယ်။ လက်မခံနိုင်တဲ့ ပတ်သက်မှုမျိုးတွေကြောင့် ပတ်ဝန်း ကျင်မှာဖြေရှင်းလို့မရတဲ့ လူမှုရေးပြဿနာတွေ ဖြစ်လာ ပါတယ်။ ယိုသူမရှက် မြင်သူ ရှက်တဲ့။ အိမ်ထောင်ရှင်ဖြစ်နေပါရက် ကိုယ်နဲ့ညီအစ်ကို မောင်နှမ၊ သားသမီးရင်း ခြားနဲ့မခြားနားအောင်ကိုပင် ခင်တဲ့ပတ်သက်မှုမျိုးကနေ အချင်းချင်း သစ္စာမရှိဖောက် ပြန်နေကြတဲ့သူတွေအများအပြားရယ်ပါ။

ဇင်ဘာဘွေနိုင်ငံ တက္ကသိုလ်တစ်ခုကနေပြီးတော့ မက်ဒါကတ်စကား ကျောင်းဆရာ၊ ဆရာမစုံ တွဲကို နိုင်ငံခြားဘာသာရပ်သင်တန်း ဆရာနဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးသင် တန်းဆရာမ တို့အဖြစ် ခန့်အပ်သင်ကြားပေးရန် အခကြေးငွေဖြင့်ငှားရမ်းခဲ့ကာလအ တော်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

တစ်ရက် ကျောင်းဆရာ အန်ဂျာရာက အိမ်ကို စောစီးစွာပြန်လာခဲ့ရာမှာ သူ့တို့ အိပ်ခန်းကုတင်ပေါ်မှာမြင်တွေ့ရတဲ့မြင်ကွင်းကြောင့် အတော် လေး ထိတ်လန့်သွား ခဲ့ပါတော့တယ်။ ဒါကတော့ သူ့ရဲ့ ဇနီးသည်ဖြစ်သူက သူ့ရဲ့ သင်တန်းသားနဲ့ အတူ ဖောက်ပြန်နေတာပါပဲ။ ဒါကတကယ့်ကို လက်မခံလောက်တဲ့ပတ်သက်မှုမျိုးပါ။

ခင်ပွန်းဖြစ်သူရဲ့ ကျောင်းသားနဲ့တောင်ဖောက်ပြန်နေတာဆိုတော့ သူတို့နှစ်ဦး စလုံးက ဘယ်အချိန်ကတည်းက ဒီလိုမျိုး စိတ်နယ်ကျော်လာတဲ့ အထိဖြစ်လာခဲ့သလဲ ဆိုတာနဲ့ ကိုယ့်တူ၊ ကိုယ့်သား၊ ကိုယ့်တပည့်ကနေမှ ကိုယ့်စိတ်ရမ္မက်ဆန္ဒအလိုကို ဖြည့်ပေးတဲ့ အမျိုးသားတစ်ဦး အဖြစ်လက်ခံခဲ့လိုက်သလဲဆိုတာကို ဇနီးသည်အတွက် တွေးလို့တောင် မရနိုင်ပါဘူး။

အဲ့ဒါနဲ့ မစ္စတာ အန်ဂျာရာလည်း ပတ်ဝန်းကျင်က သူတွေကိုခေါ် အကူအညီတောင်း ပြီးတပည့်ဖြစ်သူနဲ့ ဇနီးသည်တို့ရဲ့ ဖောက်ပြန်အတူနေထိုင်တာကို မျက်မြင်အဖြစ် ခေါ်ပြခဲ့ကာ သူတို့နှစ်ဦးစလုံးကို တရားဥပဒေအရ အမှုဖွင့်စွဲချက်တင်ခဲ့တယ်လို့ သိရပါ တယ်။

From:  ဖိုးသူတော်

www.mmdailystar.com

1 comments:

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...