Thursday, 7 August 2014

ရေဘေးဒုက္ခသည်ရောက်နေသူ ပြည်သူများမှ တပ်မတော်သားများမှ ထမင်းထုပ်၊ ရေသန့်ဘူးများ အိမ်တိုင်ရာရောက် လှူဒါန်း


မှော်ဘီ ၊ ၆-၈-၂၀၁၄
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ မှော်ဘီမြို့နယ် ၊ အမှတ်(၄) တိုးချဲ့ ရပ်ကွက်သစ် အတွင်းရှိ အိမ်ခြေ ၁၀၀၀ ခန့်၏ နေအိမ်ခြံဝင်း များနှင့် ရပ်ကွက် အတွင်း လမ်းများပေါ်သို့ ရေများ ၀င်ရောက်လျက် ရှိသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား များက ရေနစ်မြှုပ် ခံရသော နေအိမ်များ ရှိ ဒေသခံ ပြည်သူများအား ထမင်းထုပ် ၂၀၀၅ ထုပ် ၊ ရေသန့်ဘူး တစ်လီတာဘူး ၁၀၀၀ ဘူး နှင့် ၂၀ လီတာ ၅၀ ဘူးတို့အား သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
 
From:မြ၀တီ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...