Saturday, 23 August 2014

မြန်မာယူ- ၁၉ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းနှင့် ဗီယက်နမ် ယူ -၂၁ အမျိုးသားလက်ရွေးစင် အသင်းတို့၏ ဗိုလ်လုပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား



ဘရူနိုင်းနိုင်ငံတွင်( ၈-၈-၂၀၁၄) ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည့် ၂၀၁၄ ခုနှစ်၊ ဘရူနိုင်း ဘုရင့်ဖလား အသက်(၂၁)အောက် ( Hassannal Bolkiah Trophy U-21 2014)နိုင်ငံတကာဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျှက် ရှိသည့် မြန်မာ ယူ-၁၉ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းသည် ပထမ အကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိခဲ့ပြီး (၂၃-၈-၂၀၁၄ ) ရက်နေ့ ည (၇း၀၀) နာရီ အချိန်တွင် ဗီယက်နမ် ယူ-၂၁ အမျိုးသား လက်ရွေးစင် အသင်းနှင့် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသည်။
ယင်း ၂၀၁၄ ခုနှစ် ဘရူနိုင်းဘုရင့် ဖလား နိုင်ငံတကာဘောလုံးပြိုင်ပွဲ ၏ နောက်ဆုံး ဗိုလ်လု ပွဲစဉ်အား မြန်မာ့ ရုပ်မြင်သံကြားအစီအစဉ်မှ
(၂၃-၈-၂၀၁၄)ရက်နေ့ ည(၆း၅၀)အချိန်မှစတင်၍ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသ သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။

From: MOI

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...