Thursday, 21 August 2014

သယံဇာတ ရူး ရူးနေရင်တော့ … ၂၀၁၅ နောက်ပိုင်း … ရဲတံခွန်တို့  ရွှေတို့ လုပ်ကွက်တွေ … ပြန်သာ ဖျက်ပြစ်လိုက်တော့ ….


ကျွန်တော်ကတော့ …..
ဘရိန်းဝပ်ရှ် ဦးနှောက်ပဲ ဆိုဆို ….
ဘာဆိုဆို ….
ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တယ် ….

တိုင်းပြည်ကို အာဏာသိမ်းတာ ….
သယံဇာတတွေ ရောင်းစားပြီး …
ရတဲ့ ငွေတွေ အိတ်ထဲထည့်ချင်လို့  ဆိုရင် ….
၂၂ နှစ် မလိုပါဘူး ….

ခြောက်လလောက် ဆိုရင်ကို …
ဘီလ်ဂိတ်က ….
တစ်ရက်ဆယ်ကြိမ် ဦးချရလောက်အောင် …
ချမ်းသာပြလို့ ရတယ် ….

အဲတော့ အဓိက ပြသနာက …
Mis management လို့ ပဲ ယူဆတယ် ….
ဆိုလိုတာက ….
သယံဇာတရောင်းတာ အပြစ်မဟုတ် …
ရောင်းရတဲ့ ငွေတွေကို ….
တိုင်းပြည်အတွက် ….
ထိရောက်စွာ စီမံ မခန့် ခွဲနိုင်တာ အပြစ်ဖြစ်တယ် ….

သယံဇာတကတော့ ရောင်းရမှာပဲ …
ကိုယ့်ဆီက ဘာထွက်ကုန်များ ….
ပြည်ပကို တင်ပို့ နိုင်နေပြီး …
နိုင်ငံခြားငွေ ဘယ်လောက်ရနေလို့  …
သောက်ကြီးသောက်ကျယ် ....
သယံဇာတမရောင်းဘူး …
ထလုပ်နေရမှာလဲ ….

နိုင်ငံခြားငွေလဲရ …
အလုပ်အကိုင် အခွင့်အလမ်းလဲရမယ့် …
အထည်ချုပ်လို …
ခရီးသွား လုပ်ငန်းလို ကဏ္ဍတွေကလဲ …
စီးပွားရေး ပိတ်ဆို့ မှု အောက်မှာ …
ဗူးသီးနုနု အမွှေးသပ်ခံလိုက်ရတာ …
အားလုံး အသိပဲ ….

နိုင်ငံခြားငွေမရှိရင် …
အပ်ကစပြီး လေယာဉ်အဆုံး …
စက်သုံးဆီ၊ ဆေးဝါးကစပြီး ဒုံးပျံအဆုံး …
ဘယ်က ပိုက်ဆံနဲ့  သွင်းရမှာလဲ ….

သယံဇာတ ရူး ရူးနေရင်တော့ …
၂၀၁၅ နောက်ပိုင်း …
ရဲတံခွန်တို့  ရွှေတို့ လုပ်ကွက်တွေ …
ပြန်သာ ဖျက်ပြစ်လိုက်တော့ ….

အဲ …. တစ်ခုတော့ ရှိတယ် ….
သယံဇာတကို စနစ်တကျ မရောင်းခဲ့ဘူး …
ခုတ်တဲ့ သစ်တောတွေ ကျကျနန ပြန်မစိုက်ခဲ့ဘူး
ဒါတော့သေချာတယ် …

ပိုပြီး အံသြစရာကောင်းတာ တစ်ခုက …
၁၉၉၀ လောက်ကနေ ....
၂၀၀၅ ၂၀၀၆ လောက်အထိ ….
မူဆယ် လမ်းကြောင်းကနေ ….
လိပ် နဲ့ မြွေကစလို့  ….
အင်ကြင်းကျောက် ပါ မကျန် …
တစ်ပျော်တစ်ပါးကြီး ခိုးထုတ်ခဲ့ကြတဲ့ သူတွေကပါ ….
စစ်အစိုးရအပေါ် ....
တိုင်းပြည်ဆင်းရဲသွားလို့ ဆိုပြီး ….
အခု အားပါးတရထိုင်ဆဲနေကြတာ …
အတော်ထူးဆန်းတယ် …..

စစ်အစိုးရ မှာ အဓိက တာဝန်ရှိတာလဲ လက်ခံပါတယ် …
ဒါပေမယ့် ကာယကံမြောက် ….
လှီးခဲ့ ခုတ်ခဲ့  ခွာခဲ့ ကျတဲ့ ကောင်တွေကျတော့ …
သူတို့ နဲ့ မဆိုင်ဘူး …
စစ်အစိုးရကိုက စီမံခန့် ခွဲမှု ညံ့ လွန်းလို့  …
သား တို့ က ခိုးထုတ်ခဲ့ရတာပါ ….
ဆိုတဲ့  အပေါက် လုပ်နေကြတာတော့ ….
အတော် အသည်းယားစရာ ကောင်းလှတယ် ….

ပြောရရင် ဒီတစ်ပျော်တစ်ပါး ….
တရုတ်ကို အလှူပေးကြတဲ့ အထဲမှာ ….
အခု ပစ် / ငြိမ်းအဖွဲ့ တွေလဲ ပါတယ် ….
ဝန်ထမ်းတွေလဲပါတယ် ….
လူပေါင်းစုံ အလွှာစုံ .....
သာမန်ပြည်သူတွေလဲ ပါကြတာပဲ ….

ပြီးတော့မှသာ….
ရက်စုတ်ယုတ်မာသော အာဏာရှင် စစ်အစိုးရကား …
တိုင်းပြည်၏ သယံဇာတတို့ ကို ရောင်းစားလေကြကုန်ပြီ ….
ဘာညာ အလုံးကြီးတွေ အော်နေတာ ….
အာ့မျိုးကျတော့ တစ်ခွန်းမှ မဟ ….
သောက်မျက်စိက ကန်းပြီး …
သောက်ပါးစပ်က ပိတ်နေကြတယ် ….

ကိုယ်က ဒါမျိုးတွေလဲ ရှိခဲ့ကြောင်း …
မနေနိုင် မထိုင်နိုင် ၀င်ပြောမိတော့ …
အဘဘောမ စစ်ခွေး အရိုးအရင်းကိုက်…
မဟုတ်တာတွေ လုပ်ခဲ့လို့  …
နောက်ကြောင်းပြန် အရေးမယူရ လို့  ရေးထားတာပေါ့ ….
မရှက်ဘူးလား ဟိုဒင်းမဖြစ်ဘူးလား နဲ့  ....
ဒီ ဆီသည်မ လက်သုတ်ဖတ်ပဲ …
လာလာ ရွတ်ပြနေကြတယ် …

နောက်ကြောင်းပြန် ကိစ္စ ….
ရှင်းအောင်ပြောလိုက်ဦးမယ် ….
ဖွဲ့ စည်းပုံ အခြေခံဥပဒေ စာမျက်နှာ ၁၇၈ …
ပုဒ်မ ၄၄၅ သေချာပြန်ဖတ်ကြည့် …
န၀တ ၊ နယက အဖွဲ့ ဝင်တစ်ဦး သို့ မဟုတ် …
အစိုးရ အဖွဲ့ ဝင်တစ်ဦးရဲ့  …
=========================
တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် …….
=========================
အကြောင်းပြုလျှက် ….
၎င်းတို့ အား တရားစွဲခြင်း …
အရေးယူခြင်းမပြုရ တဲ့  …..

ဆိုလိုတာက ….
တာဝန်အရ ဆိုတဲ့  စကားလုံး …
အရှေ့ မှာ ပါနေတယ် ….

ကိုယ့်ယုံကြည်ချက် ….
သူ့ ယုံကြည်ချက် အငြင်းပွားနိုင်တဲ့  ….
နိုင်ငံရေး အရ ဆောင်ရွက်ချက်တွေကိုပဲ ….
အကာအကွယ်ပေးထားတာ ….
လာဘ်စားတာ အလွဲသုံးစား လုပ်တာ ….
ရာဇ၀တ်မှုတွေ ….
ဒါတွေကို ဘာမှ မကာကွယ်ထားဘူး ….

အာ့တော့ …
နောက်ကြောင်းပြန် အရေးမယူရ မို့ လို့  …
မဖြစ်သင့်ဘူးလို့  ခပ်ပိန်းပိန်းအော်နေမယ့် အစား….
ကွကို အထောက်အထားလေးတွေ ရှာ …
နောက်အစိုးရ လက်ထက် ….
အမှုဖွင့်ဖို့ လုပ် ….
ဟုတ်ပြီလား….

ဒီလောက် နည်းပေးလမ်းပြ လုပ်နေတာတောင် ...
အဘဘောမ အရိုးအရင်းကိုက် ....
လာစွပ်စွဲတဲ့ သူက ရှိသေးတယ် ......

အမှန်ကတော့ ....
သေချာ စဉ်းစားကြည့်ရင် …
အဖြေက ထွက်နေပြီ …
ဟိုဘက်က တော်တယ်ဆိုတာထက် ….
မင်းတို့ ကကို ပိန်းလွန်းခဲ့တာ …. ။ ။

( ရဲမိုး )
 
 
From: Ye Moe 

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...