Wednesday, 20 August 2014

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုစတင်ခေါင်းလောင်းဟုတ်၊ မဟုတ် အတည်မပြုနိုင်

 ရေငုပ်သမား၏ပြောပြချက်အရ ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုလုပ်ငန်းစတင်လုပ်ဆောင်နေပြီဖြစ်
  ကြောင်း နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက သြဂုတ် ၁၈ ရက်တွင် စံတော်ချိန်သို့ မိန့်ကြားသည်။ 'ရေငုပ်သမားက ခေါင်းလောင်းတွေ့တယ်ဆိုလို့ ဒီနေ့
စတူးဖော်နေတယ်။ အဖြူအမည်းတော့ မသဲကွဲသေးဘူး' ဟု
ဆရာတော်က မိန့်ကြားသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး လုပ်ငန်းစတင် သည့် ခုနစ်ရက်မြောက်နေ့ (သြဂုတ် ၁၅ ရက်) တွင်
ခေါင်းလောင်းကြီးကို တွေ့ခဲ့သည်ဆိုသည့် ရေငုပ်သမား၏ ပြောပြချက်အရ ခေါင်းလောင်းတူးဖော်မှု ကို သြဂုတ် ၁၈ ရက် တွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

'ရေငုပ်သမားရဲ့အပြောပဲရှိသေးတယ်။ ခေါင်းလောင်းဟုတ်၊မဟုတ်ကျွန်တော်တို့လည်း သေချာ

အတည်မပြုနိုင် သေးဘူး။ ဆယ်ပြီးမှပဲ ခေါင်းလောင်း ဟုတ်၊ မဟုတ်သိမယ်' ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအထောက်အကူပြု လူထုဗဟိုပြုစီမံကိန်းအတွက် ဘဏ္ဍာရေးအကူအညီများအဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်မင်းအောင်က ပြောဆိုသည်။

ခေါင်းလောင်းကြီးကို မီးပြတိုက်အနီး တွေ့ရှိခဲ့သည်ဟု ခေါင်းလောင်း ရှာဖွေရေးလုပ်ငန်း
ဆောင်ရွက်နေသည့် ရေငုပ်သမားက ပြောပြသဖြင့် ဆယ်ယူရေးလုပ်ငန်းစတင်နေခြင်း
ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'ခေါင်းလောင်းတွေ့လို့ တူးဖော်ရေးလုပ်ငန်းလုပ်နေတာမဟုတ်ဘူး။ ခေါင်း
လောင်းရှိတယ်လို့ ယူဆတဲ့နေရာမှာ သင်္ဘောပျက်ရဲ့ အစိတ်အပိုင်းတွေ့လို့ တူးဖော်နေ
တာပါ'ဟု ခေါင်းလောင်းရှာဖွေတူးဖော်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပြသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်ရေးလုပ်ငန်းကို သြဂုတ် ၁၈ ရက် မွန်းလွဲ
ပိုင်း၌ စတင်လုပ်ဆောင်ခဲ့ပြီး ယင်းသို့တူးဖော်မှုမှာ ခေါင်းလောင်းတွေ့၍ တူးဖော်နေ
ခြင်းမဟုတ်ဘဲ ရှိနိုင်သည်ဟု ယူဆရသည့်နေရာတွင် တူးဖော်နေခြင်းဖြစ်ကြောင်း ဂမ္ဘီရ၊
ဗေဒင်ပညာရှင် ဆရာဇင်ယော်နီက ပြောဆိုခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေးအတွက် ဦးစံလင်းခေါင်းဆောင်သော
ခေါင်းလောင်းဆယ်ယူရေးအဖွဲ့သည် သြဂုတ် ၉ ရက်မှစ၍ ပဲခူးမြစ်အတွင်း ရှာဖွေရေး
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သြဂုတ် ၂၆ ရက်အပြီး ဆယ်ယူနိုင်မည်ဟုလည်း
ကြေညာထားသည်။

အဆိုပါခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို(ခ)ငဇင်ကာသည်
ခရစ်နှစ် ၁၆၁၂ ခုနှစ်တွင် ရွှေတိဂုံဘုရားပေါ်မှ သန်လျင်သို့ လှေဖောင်များဖြင့် သယ်ယူခဲ့
သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်း သုံးသွယ်ဆုံစည်းရာ နေရာတွင်
ဖောင်ပျက်ပြီး ခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့ပြီး ရေအောက်နစ်မြုပ်နေ
သည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိနေပြီ ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။



From: စံတော်ချိန်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...