Saturday, 23 August 2014

ပျော်ရွှင်စရာ ကောင်းတဲ့ ရေခဲရည် လောင်း စိန်ခေါ် ပွဲတော်


ဒီ Ice Bucket Challenge ဆိုတဲ့ ရေခဲရေ လောင်းချ ခံတဲ့ ပွဲတော်
ဟာ ဘယ်လူမျိုး ဘယ် နိုင်ငံ က စတင်ခဲ့တယ် ဆိုတာ မသိပေမယ့် လက်
ရှိ ၂၀၁၄ ခုနစ် အချိန်မှာတော့ အနောက် ရပ်ဝန်း တွေမှာ အတော် ပေါ်ပြူ
လာဖြစ်နေတဲ့ ပွဲတော် လေး တစ်ခု လို့  သိရပါတယ် ။ အမှန်တော့ ပွဲတော်
လေး မဟုတ်ပါဘူး ... ပရဟိတ လုပ်ငန်း အတွက် ပျော်ရွင်စရာ ကစားနည်း
တစ်ခုပေါ့ .... ကစားရပုံက
........ အကြင်သူ တစ်ယောက်ဟာ မိမိကိုယ်ပေါ်သို့  ရေခဲရေ လောင်းချ ခံပြီး
မိမိ နဲ့  အခင်မင်ဆုံး ဒါမှ မဟုတ် ရင်းနီးတဲ့ သူတစ်ယောက်ကို သူ့ လို ရေခဲ
ရေ အလောင်းခံဖို့  စိန်ခေါ်ခွင့် ရှိတယ် လို့  ဆိုပါတယ် ။ သူဧ။် စိန်ခေါ်ချက် ကို
တစ်ဖက် လူ က ၂၄ နာရီ အတွင်း လက်ခံ မခံ အဖြေပေးရမယ် လို့  ဆိုထား
ပါတယ် ။ အကယ်၍ စိန်ခေါ် ချက်အား လက်ခံ လိုက်ပါက သူ့ လို ရေခဲရည်
အလောင်းခံ ရမှာဖြစ်ပြီးတော့ လက်ခံ ခ ဒေါ်လာ ၁၀ ထည့်ဝင်ရပါတယ် ။ အကယ်၍ လက်မခံပဲ ငြင်းပယ်ခဲ့ပါက အမေရိကန် NGO တစ်ဖွဲ့  ဖြစ်တဲ့
AIS အဖွဲ့  ထံမှာ ဒေါ်လာ ၁၀၀ ထည့်ဝင် ရပါတယ် လို့  သိရပါတယ် ။ အဆိုပါ
ငွေ များအား ကင်ဆာရောဂါ တိုက်ဖျက်ရေး တွင် အဓိက သုံးစွဲတယ် လို့  သိ
ရပါတယ် ။ လက်ရှိ အချိန်ထိ အဆိုပါ ပျော်စရာကောင်းတဲ့ စိန်ခေါ်မှု လေး
တွေက ဖေ့စ်ဘုတ် တို့  တွဒ်တာ တို့ မှာ အထူးကျော်ကြားနေကြောင်းလည်း
သိရပါတယ် ။
......... စိန်ခေါ်မှု ကို မငြင်းပယ် ပဲ လက်ခံ ခဲသူများဟာ လည်း အလှူငွေ ဒေါ်
လာ ၁၀၀ ကို ပါဝင် မလှူတန်းချင် လို့ မဟုတ်ပဲ ကမ္ဘာ တစ်ဝန်း ကင်ဆာတိုက်
ဖျက်ရေး လုပ်ငန်း အပေါ် လူသိများ လာအောင် လက်ခံ ခဲ့ခြင်း ဖြစ်ကြောင်း
သိရပါတယ် ။ ယခုနစ် ၂၀၁၄ မှာတော့ ဘောလုံးလောက က နာမည်ကြီး
တွေဟာလည်း အဆိုပါ ရေခဲရည် လောင်းပွဲ Ice Bucket Challenge အစီ
စဉ် မှာ ပါဝင် ဆင်နွဲခဲကြတယ် လို့  သိရပါတယ် ။
........ ချဲလ်ဆီး အသင်းဧ။် ကစားသမား နစ်ဦး ဖြစ်သည့် ဖာဘရီဂတ်စ် နှင့်
ဒီဒီယာ ဒရော့ဘာ တို့ က နည်းပြ မော်ရင်ဟို အား စိန်ခေါ်ခဲ့ပြီး ၊ ယူနိုက်တက်
ကစားသမား ဖလက်ချာ နင့် ဒေးဗစ်ဘက်ခမ်း တို့ က ရီးရဲယ်မက်ဒရစ် မှ စီ
ရိုနယ်လ်ဒို ကို စိန်ခေါ်ခဲ့ကြောင်း သိရသည်။ မန်ချက်စတာ ယူနိုက်တက် ဧ။်
နည်းပြဟောင်း ဒေးဗစ်မိုယက်စ် ကတော့ တပည့်ကျော် ဖယ်လိုင်နီ ဧ။် စိန်
ခေါ်မှု ကို လက်ခံ ခဲ့ပြီးတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး လူးဝစ်
ဗန်ဂေါလ် ကတော့ နယ်သာလန် ကွင်းလယ်ကစားသမား ရှနိုက်ဒါ ဧ။် ဇနီး
ချော ရှနိုက်ဒါ ယိုလန်သီကာဘောက် အား စိန်ခေါ်ခဲကြောင်း သိရသည် ။
ကိုယ်တိုင် ခုမှ ကြားဖူးပေမယ့် သယ်ရင်းတွေ လည်း ဖတ်စေချင် လို့ 
တင်ပေးလိုက်တာပါ ....

#၀ိုင်း

From: Football Café

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...