Sunday, 24 August 2014

ထုံးစံအတိုင်း … ကြိုတင်စီစဉ်ပြီး တိုက်တာ …


၈၈ခုနှစ်မှာ ….
တပ်က အာဏာရယူလိုက်ပြီးတဲ့ နောက် ….
အဓိက ပြုပြင်ပြောင်းလဲခဲ့တဲ့  ….
ကိစ္စကြီးတွေ အများကြီး ရှိတယ် ….

အဲဒီ အထဲကမှ …
အပစ်အခတ် ရပ်စဲခဲ့တဲ့ကိစ္စ …
တပ်မတော်ကို ခေတ်မီတပ်မတော် အဖြစ်…
အဆင့်မြှင့်တင်ခဲ့တဲ့  ကိစ္စ နဲ့  ….
နယ်စပ်ဒေသတွေမှာ ….
တပ်တွေနေရာချထားခဲ့တဲ့ ကိစ္စတွေက …
အတော် အရေးကြီးတယ် …

၄၈ ခုနှစ်ကတည်းက စခဲ့တဲ့  ပြည်တွင်းစစ်ဟာ …
တစ်ချိန်လုံး ဘယ်လိုမှ အဆုံးမသတ်နိုင်ခဲ့ဘူး…
ဒီအတိုင်းသွားနေရင်လဲ …
ဘယ်လိုမှ ဆုံးမှာမဟုတ်ဘူး ….

ဘာလို့ လဲဆိုတော့ …
ဗကပ အုပ်စုတွေကို …
တရုတ်က ထောက်ခံအားပေးနေပြီး …
တိုင်းရင်းသား အုပ်စုတွေကို …
ယိုးဒယားက ထောက်ခံအားပေးနေခဲ့လို့ ပဲ ….

၁၉၉၀ မှာ ဗကပ ပြိုကွဲသွားပြီး နောက် ….
အပစ်အခတ်တွေ စ ရပ်စဲတော့ …
စစ်အစိုးရ နဲ့  …
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့  ….
တွေ့ ဆုံတဲ့ နေရာမှာ …
အဓိက ပြောခဲ့တဲ့  စကား ၃ချက်ရှိတယ် …
၁။ ကိုယ့်ဒေသကို ကိုယ် ဖွံ့ ဖြိုးအောင်လုပ် …
၂။ မူးယစ်ဆေးဝါး မလုပ်နဲ့  ….
၃။ နောက်တက်လာတဲ့  ....
အရပ်သားအစိုးရ လက်ထက်မှာ …
နိုင်ငံရေး အရ ဆက်ဆွေး ….
ငါတို့ က အာဏာသိမ်း စစ်အစိုးရဖြစ်နေတော့ …
နိုင်ငံရေး လိုလားချက်တွေ ဆွေးနွေးလို့ မရဘူး ….
ဆိုတဲ့  အချက် တွေပဲ ….

အပစ်အခတ်ရပ်စဲ လိုက်တော့ …
ရှမ်းပြည် မှာတော့ ....
သိသိသာသာ ငြိမ်းချမ်းသွားတယ် …
ကျန်ခဲ့တာက ကေအန်ယူ နဲ့  ခွန်ဆာ ….
၉၁ ၉၂ ၉၃ ၉၄ ခုနှစ် ၀န်းကျင်တွေမှာ …
တပ်မတော်က ခြေမြန်တပ်မတွေက …
ယိုးဒယားနယ်စပ်က ...
ကေအန်ယူ အခိုင်အမာစခန်းတွေကို …
ထိုးစစ်တွေ စလုပ်တယ် …
မော်ဖိုးကေ မဲလ ...
ဝါးခသစ် ၀ါးခဟောင်း မာနယ်ပလော ….
အာ့စခန်းတွေ အကုန်ကျသွားတယ် …
နောက်ထပ် အခိုင်အမာစခန်းကြီးတွေ …
ထပ်မဆောက်နိုင်တော့ဘူး ….
ဒါပေမယ့် နယ်မြေကတော့ မငြိမ်းချမ်းဆဲပဲ ….

ခွန်ဆာ နဲ့  ၀နဲ့  က ...
၉၃ခုနှစ်ထဲက ….
စပြီး စစ်ဖြစ်ကြတယ် …
နယ်မြေလုတာရယ် စီးပွားရေးပြသနာရယ် …
ခွန်ဆာက သူ့ ကိုယ့်သူ ရှမ်းပြည်သမ္မတလို့  …
ထ လုပ်တာရယ် …
အကြောင်းတွေက အစုံပဲ ….

၁၉၉၅ လောက် အရောက်မှာ …
ဝတွေရော ခွန်ဆာရော နှစ်ဖက်လုံး …
လူထောင်ကျော် သေကုန်ပြီ ….
ဝက ပိုအထိနာတော့ အစိုးရဆီက …
အကူအညီ တောင်းရတယ် …

ခွန်ဆာအဖွဲ့ က အာ့တုန်းက …
အင်အားသုံးသောင်းလောက် ရှိတယ် ….
လေယာဉ်ပစ် SAM ဒုံးပျံတွေပါ ပိုင်တယ် …
ဌာနချုပ်က ဟိုမိန်းမှာ …
ဘုရင်လို နေတာ …
ပြည်ပ သတင်းထောက်တွေ …
အဖွဲ့ အစည်းတွေ …
တစ်ချိန်လုံး ၀င်ထွက် ….
ပွဲတွေ အခမ်းအနားတွေ ...
တစ်ချိန်လုံး လုပ်နေတာ…

ခွန်ဆာ ကို ထိန်းချုပ်ဖို့ က လိုနေတော့ …
အစိုးရကလဲ ၀တွေကို အကူအညီပေးတယ် …
၁၉၉၆ ၀န်းကျင်လောက်မှာ …
အဖွဲ့ တွင်းပြသနာတွေ ခွဲထွက်မှုတွေ …
စစ်ရေး အထိနာလာမှုတွေကြောင့် …
ခွန်ဆာအဖွဲ့ က လက်နက်ချလိုက်တယ် ….
အာ့မှာ ရှမ်းပြည်ဟာ ….
သေနတ်သံ တိတ်သလောက် ဖြစ်သွားတယ် ….

အဲဒီနောက်မှာ ….
စစ်အစိုးရ ရဲ့  လုပ်ဆောင်ချက်တွေ …
အများကြီးတွေ့ လာရတယ် ….
ကိုယ်တွေက အာ့အချိန် ဗိုလ်လောင်း ဖြစ်နေပြီ …
အာ့ကတည်းက Machanised army ဆိုတဲ့  စကားကို …
ကျောင်းမှာ တွင်တွင် ကြားနေရပြီ ….

အားလုံးကို မျက်လုံးပြူးစေတာက ….
တပ်သစ်တွေ အများကြီး ဖွင့်တဲ့  ကိစ္စပဲ ….
တပ်သစ်ကို ဘယ်စစ်သားမှ မသွားချင်ဘူး …
နေရထိုင်ရတာ အဆင်မပြေ …
အဆောက်အဦးမရှိ ယာယီတဲတွေနဲ့  ….
မီးမရှိ ရေက အဝေးကြီး သွားခပ်ရတယ် …
အဆိုးဆုံးက အာ့တပ်တွေက …
အရင်တုန်းက ...
ကိုယ်နဲ့ အသေအကြေ ချခဲ့တဲ့ သူတွေကြားမှာ …
အရင် ရှေ့ တန်း တစ်ဂျိန်းဂျိန်း ပစ်ခတ်နေတဲ့ ….
နေရာတွေမှာ သွားဖွင့်တာ …

ခလရ ၁၂၅ ကုန်းကြမ်းက တပ်ဆိုရင် …
ကိုယ် ကျောင်းဆင်းလို့  တပ်ရောက်တဲ့ အထိကို …
တစ်ခုခု အဆင်မပြေဖြစ်ရင် ….
အာ့နားက ကိုးကန့် ရွာတွေက …
တပ်ကို လာလာဝိုင်းတုန်း …

ရွာဆိုလို့  ပေါ့သေးသေး မမှတ်နဲ့  …
လက်နက်အပြည့်အစုံ ရှိတယ် …
ဗကပ ဟောင်းတွေ အများကြီး …
တစ်ချို့ အဖိုးကြီးတွေက …
ကွမ်းလုံတိုက်ပွဲတုန်းက ပါဖူးတယ်တဲ့  ….
အာ့တော့ ဘယ်သူမှ တပ်သစ်ကို မသွားချင်ကြဘူး…..

ဒါပေမယ့် ဘယ်လွတ်မလဲ …
တပ်သစ်က နည်းနည်းနောနော ဖွင့်တာ မဟုတ် …
တစ်ပြည်လုံးမှာ တပ်ရင်းတွေ ရာနဲ့ ချီ ဖွင့်တာ…
အခု အခြေကျနေပြီဖြစ်တဲ့  …
စကခ ဒကစတွေက အာ့တုန်းက စခဲ့ကြတာ …
တပ်မ ၂၀ ၃၀ လောက် ….
တပ်ရင်း ၃၀၀ ၄၀၀ လောက် ….
ဆက်တိုက်ဆိုသလို ဖွင့်လာတော့ …
တပ်မတော် တစ်ခုလုံး အကြီးအကျယ် ….
အပြောင်းအရွေ့ တွေ လုပ်ရတယ် …

တပ်ဟောင်းတွေက …
တစ်တပ် လူ၁၀ယောက် လာထား …
လူဟောင်း ၁၀၀ …
အခုမှ ကျောင်းဆင်းလာတဲ့  လူသစ် ၁၀၀ …
လာခဲ့ တပ်ရင်းမှူး …
တပ်ရင်းမှူးကလည်း ဗိုလ်မှူး …
အခုမှ ယာယီတပ်ရင်းမှူး အမိန့် ထွက်တာ ….
လစ်တော့ အာ့မှာ တပ်မြေပုံ …
မင်း သွားပြီး မြေညှိထားနှင့် ….
အာ့လိုလာတာ ….

အာ့ ကာလတွေက ကျောင်းဆင်းပွဲတွေမှာ …
ကျောင်းဆင်း အရာရှိတွေ အမြဲရွာလည်ရတာက …
ကိုယ့်တပ်က ဘယ်နားရှိမှန်း မသိတဲ့  ပြသနာ …
တပ်နံပါတ်တွေကလဲ အသစ်တွေ ….
ကျောင်းက အရာရှိတွေလဲ မသိကြတော့ဘူး …
ဒီလိုပဲ မေးလိုက် မြန်းလိုက်နဲ့  …
စုံစမ်းပြီး သတင်းသွားပို့ ရတယ် …

တပ်တွေက လူကမပြည့် …
အဆောက်အဦးက မရှိ နဲ့  …
ပတ်ဝန်းကျင်ကလဲ …
တစ်ယောက်တည်း နှစ်ယောက်တည်း …
အမှတ်တမဲ့ သွားမိရင် …
သတ်ပြစ်လိုက်ကြတာ ….
အာ့လို နေရာမျိုးတွေ ….

ည ၆နာရီနောက်ပိုင်း ဆိုရင်တော့ …
အရာရှိရိပ်သာ နား လုံးဝမသွားနဲ့  ….
( အမှန်က အရာရှိတဲလေး ကတ္တရာလိပ်လေးမိုးထားတာ )
ရိပ်သာ မရောက်ခင် …
ခြေလှမ်း ၃၀လောက်ကတည်းက ….
စစ်ရုံးက ပုဂ္ဂိုလ်တွေကို ….
နည်းမျိုးစုံ အော်ဆဲနေတဲ့ အသံတွေကို …
နားမဆံ့ အောင် ကြားရမယ် …

ဒါပေမယ့် ၂၀၁၀ မတိုင်ခင် …
အာ့တပ်တွေက အတော်အထိုင်ကျကုန်ပြီ …
အခိုင်အမာ အဆောက်အဦးတွေ ဖြစ်နေပြီ …
တပ်တွင်းလမ်းတောင် ကတ္တရာလမ်းတွေ ဘာတွေနဲ့ …
၂၀၁၀ ၀န်းကျင် လောက်ရောက်မှ …
လက်ရှိ တပ်မတော်က တပ်ရင်းတွေရဲ့ တပ်တည်တွေနဲ့  …
၁၉၈၈ ၀န်းကျင်က တပ်တည်တွေ …
ချိန်ထိုးကြည့်တော့မှ …
တစ်ချို့ အရာတွေကို နက်နက်နဲနဲ နားလည်လာမိတယ်…

မနှစ်က မပခ က ညီလေးတစ်ယောက်နဲ့ အတွေ့ …
အချိန် အတော်ကြာကြာ …
စကားလက်ဆုံ ကျ နေကြတယ် ….
သူပြန်သွားတော့ စဉ်းစားစရာတွေ…
တစ်ပုံတစ်ခေါင်း ကျန်ခဲ့ရတယ် ….

၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ၇က်နေ့ မှာ ….
ပန်ဝါမှာရှိတဲ့  …
နယ်ခြားစောင့်တပ်ရင်း (၁၀၀၂ ) ကို …
ကေအိုင်အေ တပ်မဟာ ၁၀၁ က …
တပ်မဟာမှူးကိုယ်တိုင် ဦးစီးပြီး ၀င်တိုက်တယ် …

ထုံးစံအတိုင်း …
ကြိုတင်စီစဉ်ပြီး တိုက်တာ …
ဝင်လမ်း ထွက်လမ်း ….
စစ်ကူလိုက်လာမယ့် တပ်တွေကို …
ကြားကဖြတ်တိုက်မယ့်တပ်တွေ…
ခြုံခို မယ့် အဖွဲ့ တွေ အားလုံးအသင့်နေရာယူပြီးမှ …
လက်နက်ကြီးတွေ ဗုံးဗောလအော ပစ်ပြီး …
အပြီဆော်တာ ….
စစ်ကူကတော့ ဘယ်လိုမှ လာနိုင်စရာ မရှိ…

နယ်ခြားစောင့်တပ်က လဲ …
အသေခံကို ချတယ် …
မိန်းမတွေပါ သေနတ်တွေကိုင်ပြီး ၀င်ဆော်တယ် …
ဒါပေမယ့် အင်အားက အရမ်းကွာနေတော့ …
တပ် ရဲ့  သုံးပုံ နှစ်ပုံလောက်ကို …
ရန်သူက ၀င်စီးမိနေပြီ …..
နောက်ဆုံး တပ်ဗဟိုကင်း တစ်ခုပဲ ကျန်တော့တယ် …
အဲ ဗဟိုကင်းလဲ ဇကာပေါက်ဖြစ်နေပြီ …

ဒါပေမယ့် တပ်မှာတော့ ….
ဒါဟာ ဘာမှ မထူးဆန်းဘူး …
ဖြစ်ရိုးဖြစ်စဉ်ပဲ …

စခန်းကို ၀ိုင်းချတယ် …
စစ်ကူအဖွဲ့ တွေကို ဖြတ်တောက်ထားတယ် ….
စခန်းကျပြီဆို …
စိမ်ပြေနပြေ မီးရှို့ ဖျက်ဆီးတယ် ….
စစ်ကူတပ်တွေက …
နောက်တစ်ရက်လောက်မှ ရောက်မယ် ….
အလောင်းကောက်မယ် …
မိုင်းရှင်းမယ် …
စခန်းကို ပြန်ဆောက်ရမယ် …
ဒါ သီအိုရီပဲ ….
တစ်သက်လုံး ဒီအတိုင်းဖြစ်ခဲ့တာ ….

ဒါပေမယ့် အခုကျတော့ ….
ထင်မထားတာတွေက ဖြစ်လာတယ် …
ရုပ်ရှင်ထဲကလိုပဲ ….
စခန်းကျခါနီး …
ခေါင်းပေါ်မှာ ရုတ်တရက် ရောက်လာတာက …
MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ….

ရော့ကက်တွေ တစ်ဂျိမ်းဂျိမ်း ပစ်တယ် …
ရဟတ်ယာဉ်မှာပါတဲ့  ….
၃၀ မီလီမီတာ စက်အမြောက် နှစ်လက်ပူး က …
အတော် ဆိုးတယ် …
ပေါင်လုံးလောက် သစ်ပင်တွေပါ ပြတ်ကျတယ် ….
ကေအိုင်အေ တပ်မဟာ ၁၀၁ …
ခဏ နောက်ပြန်ဆုတ်ရတယ် …
ရဟတ်ယာဉ် ကျည်ကုန်လို့  ပြန်သွားမှ …
ဆက်သိမ်းမယ်လို့ စဉ်းစားတယ် …

ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူး …
ရဟတ်ယာဉ်တွေက ပိုပိုများလာတယ် …
ပွိုင့် ဖိုက် နဲ့  စက်လတ်ပစ်သံတွေပါ ပါလာတယ် …
မယုံနိုင်စရာကောင်းတာက …
တပ်မတော်က တပ်ရင်းတစ်ရင်းလုံး ….
ရဟတ်ယာဉ်တွေ နဲ့  လိုက်လာတာ …
လူသယ် ရဟတ်ယာဉ်တွေက …
ပစ်ရင်းခတ်ရင်း …
တိုက်ပွဲ ဧရိယာနားမှာပဲ ဆင်းတယ် ….
လူတွေ ခုန်ချတယ် …
ပြန်လှည့်တယ် ….
နောက်ထပ်လူတွေ သွားသယ်တယ် …

အပေါ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက …
ထောင်းလမောင်း ကျေအောင် ပစ်နေတော့ …
ခေါင်းဖော်လို့ လဲ မရ ....
စစ်ကူ လူသယ်ရဟတ်ယာဉ်တွေ ….
တလစပ်ဆင်းနေတာကို…
ဘာမှ လုပ်မရဘဲ ….
နောက်ဆုံး ကေအိုင်အေ တပ်မဟာတစ်ခုလုံး …
အလဲလဲ အကွဲကွဲ နဲ့ ပြန်ဆုတ်ရတယ် …

တစ်ခါ လဂျားယန် ကိစ္စ …
လဂျားယန်မှာ ၀ိုင်းခံနေရတဲ့  တပ်ကို ကယ်ထုတ်ဖို့  …
စစ်ကြောင်းတွေက တိုးဝင်သွားတယ် …
ကေအိုင်အေ နဲ့  အေဘီ ပူးပေါင်းအဖွဲ့ က ...
လမ်းက စောင့်ချတယ် …
အပေါ်က ရဟတ်ယာဉ်တွေ လိုက်လာတယ် ..
ပစ်ကူ ပေးပြီး လမ်းကြောင်းကို ရှင်းထုတ်တယ် …
အာ့မှာ အချက်အခြာကျတဲ့  တောင်ကုန်းတစ်ချို့ ကို …
တပ်တွေက တက်ရှင်းလိုက်တယ် …
အာ့အထိ ဘာမှ မထူးဆန်းသေးဘူး …

ထူးဆန်းတာက ....
နောက်က လိုက်လာတဲ့  ရဟတ်ယာဉ်တွေ ….
စစ်ကူတွေ ပါလာတယ် …
ရိက္ခာ ခဲယမ်းတွေ ပါလာတယ် …
တောင်ထိပ်တွေပေါ် ချပေးသွားတယ် …
နောက်တစ်ခေါက် ပါလာတာက …
အမြောက်တွေ ….
ကြိုးနဲ့ ဆွဲလာတာ …..

တစ်ရက်အတွင်း အာ့တောင်ကုန်းက …
အမြောက်စခန်း ဖြစ်သွားတယ် ….
အမြောက်တကမ်း မီတဲ့  ကုန်းတွေပေါ်က …
ကေအိုင်အေ စခန်းတွေ အားလုံး ဆင်းပြေးရတယ် …..
နောက်က ခြေလျင်တပ်တွေ က …
ထပ်ချပ် လိုက်သိမ်းတယ် ……
တစ်ပတ်လောက်အတွင်း ...
ကေအိုင်အေ စခန်းတွေ ကုန်သလောက် ဖြစ်သွားတယ် ….
တပ်မတော်က ခုနောက်ပိုင်း ...
စသုံးလာတဲ့  စစ်နည်းဗျူဟာ အသစ် …

ခြေလျင်တပ်ကို …
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ကူပေး …
အချက်အခြာကုန်းတွေ ရတာနဲ့  …
အမြောက်တွေကို ရဟတ်ယာဉ်နဲ့ ဆွဲလာ …
ပတ်ပတ်လည်ကို ....
မွမွကြေအောင် ချေပြစ်လိုက်တာ …
ပြီးရင် နောက်တစ်ကုန်း …
နောက်တစ်ကုန်း ……
ဒီ စစ်နည်းဗျူဟာ ဟာ …
အခုအထိတော့ ….
လေတပ်မရှိတဲ့  လက်နက်ကိုင်တပ်တွေ အတွက် ….
တကယ့် အိပ်မက်ဆိုးပဲ ….

ဆိုလိုတာက …
ဝ လိုဟာမျိုး ...
သူ့ ဖာသာသူ ….
ဘယ်လောက် အင်အားတောင့်တောင့် …
ခုနက စစ်နည်းဗျူဟာနဲ့ ဆို အတော်ခက်သွားပြီ…

အနောက်ကနေ အမြောက်ဆွဲပြီးလိုက်လာတဲ့  ….
ရဟတ်ယာဉ်တွေကို တားဆီးဖို့ 
လေယာဉ်ပစ် ဒုံးကို သုံးမယ် ဆိုရင်လဲ …
ရှေ့ ကနေ လမ်းကြောင်းကို ရှင်းနေတဲ့  …
ရှေ့ ကာတပ်တွေကို ဖောက်ဝင်နိုင်မှရမယ် …
ဒါလဲ အပြောသာ လွယ်တာ …
လက်တွေ့ တော့ ဒီလောက်မလွယ်လှဘူး ….

သေချာတာကတော့ တပ်မတော်ဟာ ….
ကြည်း လေ အမြောက် ဟန်ချက်ညီ စစ်နည်းဗျူဟာကို …
စတင် သုံးစပြုလာပြီ ….
မိတ္ထီလာမှာ လုပ်သွားတဲ့  …
လေ့ကျင့်ခန်း အနော်ရထာ ဟာ …
ဒါကို အထင်အရှား သက်သေပြတယ် ….
နောက်ထပ် ထင်ရှားတာက တစ်ခုက …
ဒီလိုဆိုရင် .....
တပ်မတော် ရဲ့  ၂၂ နှစ် စီမံကိန်းတစ်ချို့  …
မှန်ကန်အောင်မြင်ခဲ့တယ် ဆိုတာပဲ …

၂၂ နှစ် ကာလမှာ …
တပ်မတော် အနေနဲ့  ရုပ်ဆိုးခဲ့တာတွေလဲ ရှိတယ် …
အဓိက ရုပ်အပျက်ဆုံးက …
ဗိုလ်ချုပ်တွေ ကိုယ်ကျိုးရှာခဲ့တဲ့  ကိစ္စပဲ ….
ဒီနေရာမှာ ဗိုလ်ချုပ်အဆင့် လယ်ဗယ် မို့ သာ …
ဗိုလ်ချုပ်လို့ တပ်လိုက်ရတယ် …
တကယ်တန်းပြောရရင်တော့ ….
အရပ်ဖက်ရာထူး တယက ဥက္ကဌ လို့ ပြောမှ ပိုမှန်မယ် …

တိုင်းမှူးရာထူးကြောင့် ခြစားလို့ ရတာမဟုတ် …
တယက ဥက္ကဌ ရာထူးကြောင့် ခြစားလို့ ရတာ …
ဆိုလိုတာက အာဏာသိမ်းထားတော့ ….
စစ်တပ်ရာထူး အပြင် …
အရပ်ဖက် စီမံခန့် ခွဲမှုကို တွဲယူရတယ် …
အာ့မှာ လစ်ကုန်တာပဲ ….

တကယ်တန်း ပြောရရင် …
စည်းလွတ်ဝါးလွတ် လာဘ်စားမှု မသမာမှုကြီးတွေက …
ထောက်လှမ်းရေး မရှိတော့တဲ့  …
၂၀၀၄ နောက်ပိုင်းမှ စတယ် …
ဒီနေရာမှာ စစ်ခေါင်းဆောင်တွေ ဖြစ်ချင်တာက ….
၂၀၁၀ လောက်မှာ တပ်က နောက်ပြန်ဆုတ်တော့မှာမို့ …
ထောက်လှမ်းရေး တပ်ဖွဲ့ ကို …
Counter Role မပေးတော့ဘဲ …
သူ့ ရဲ့ မူလတာဝန် Combat Role ကိုပဲ …
လုပ်စေချင်တော့ဟန် ရှိတယ် …..

ဒါကြောင့် စရဖ ကို ပြန်ဖွဲ့ စည်းတဲ့  နေရာမှာ ….
အရင်ထောက်လှမ်းရေး စတိုင် …
ဒေသတစ်ခုမှာ တိုင်းမှူး နဲ့  ထောက်လှမ်းရေးတပ်မှူး ….
အပြိုင်ထားရှိတဲ့ စနစ်ကို ဖျက်သိမ်းပြီး …
အသစ်ဖွဲ့ တဲ့  စရဖ တပ်မှူးကို …
တိုင်းမှူးအောက် ထိုးထည့်လိုက်တယ် …

တိုင်း စရဖ G1 ကိုယ်တိုင်က …
တိုင်းမှူးအောက်မှာပဲ ရှိတော့ …
Report မှန်သမျှဟာလဲ …
အရင်လို ထိပ်ပိုင်းကို တိုက်ရိုက်မတင်ရတော့ဘဲ ….
တိုင်းက တစ်ဆင့်သာ တက်ရတော့တယ် ….

ဒါဟာ အခု ၂၀၁၀ နောက်ပိုင်း …
တိုင်းမှူးက အရပ်ဖက်ရာထူးကို ….
မကိုင်ရတော့တဲ့  အခြေအနေအတွက် ….
သင့်တော်ပေမယ့် ….
အာ့အချိန်တုန်းကတော့ …
ဒေသတွင်းမှာ တိုင်းမှူးတွေ အပေါ် …
Check & Balance လုပ်ထားတဲ့  ….
ဟန်ချက်တွေပျက်သွားစေခဲ့ပြီး ….
ထင်ရာစိုင်း ဇာတ်လမ်းတွေ …
အကြီးအကျယ် ပေါ်လာစေခဲ့တယ် ….

မြေကွက် ရာနဲ့ ထောင်နဲ့ ချီပြီး စီမံခန့် ခွဲခွင့်ရှိနေတဲ့  ….
တယက ဥက္ကဌတွေဟာ ….
သူတို့ လုပ်သမျှ Report ထိုင်တင်နေတဲ့  …
ထောက်လှမ်းရေးတပ် တွေ မရှိတော့တဲ့ နောက် …
ဒေသတွင်းမှာ မသမာမှုတွေ အမြောက်အများ …
ဖြစ်ကုန်ရတော့တယ် ….

ဒီလိုပြောလို့  ထောက်လှမ်းရေး ကောင်းကြောင်း ….
အမွမ်းတင်နေတာမဟုတ် …
ထောက်လှမ်းရေးတွေလဲ မသမာမှုတွေ ဖြစ်တာပဲ ….
သို့ သော်လည်း ထောက်လှမ်းရေး ဖြစ်တဲ့ မသမာမှုဟာ…
တယက ဥက္ကဌတွေ ဖြစ်တဲ့  မသမာမှုနဲ့  မတူ …
ဘာလို့ လဲ ဆိုတော့ …
တယက ဥက္ကဌ တွေမှာက …
Administrative Power ရှိနေလို့ ဖြစ်တယ် …

ဥပမာ ပြောရရင် …
မှောင်ခိုကားကို ပိုက်ဆံတောင်းတာနဲ့  …
မြို့ သစ်တည်ဖို့  မြေကွက်ဖော်ထုတ်တဲ့ နေရာမှာ …
လာဘ်စားတာ မတူတဲ့  သဘောမျိုး ဖြစ်တယ် ….
အရပ်ဖက် စသုံးလုံးတို့  ရဲတို့ ကလည်း …
စစ်အာဏာသိမ်းထားချိန်ဆိုတော့ ….
တိုင်းမှူးကို Report တင်ရဲဖို့ နေနေသာသာ …
မော့တောင် မကြည့်ရဲ ….

တင်ရဲတဲ့  စစ်သားချင်းကျတော့လဲ ….
ကိုယ့် အုပ်ချုပ်မှု အောက်ကို ဆွဲသွင်းလိုက်ပြီးပြီမို့  …
ဒီကိစ္စဟာ နောက်တစ်ချိန် …
ဒီ ၂၂ နှစ် တပ်မတော် သမိုင်းကာလမှာ …
ကိုယ်လုပ်ခဲ့တဲ့  ရလာဒ်ကောင်းတွေပေါ်တောင် …
အများကြီး အလွှမ်းမိုးခံခဲ့ ရပြီး ….
အတော် လက်ညိုးထိုးစရာလဲ ဖြစ်ခဲ့ရတယ် …..

ဘာရယ်မဟုတ် …
ဒီနေ့ မနက် ပျင်းပျင်းရှိတာနဲ့  …
အတွေး နယ်ချဲ့ နေမိတာ ….. ။ ။

( ရဲမိုး )

( Photo - လေ့ကျင့်ခန်း အနော်ရထာ )
 
 
From:Ye Moe

www.mmdailystar.com

4 comments:

  1. To Mr. Ye Moe.
    Your post is very informative.
    Not Machanised army It is Mechanized army. Please be careful with spellings. English language is spelling sensitive.

    ReplyDelete
  2. ဦးရဲမိုးခင်ဗျား
    နေကောင်းပါရဲ့လားခင်ဗျား။
    ဒီဆောင်းပါးကို ဖတ်ရလို့ အလွန်ကျေးဇူးတင်ပါတယ်။ ဒီလို စိတ်ဝင်စားဖွယ်၊ ဗဟုသုတရဖွယ် ဆောင်းပါးတွေကို ဆက်လက် ရေးသားပါရန်၊ မျှဝေဖြန့်ဖြူးးပါရန်လည်းတောင်း ဆိုပါရစေ။ အခုဆောင်းပါးနှင့်ဆိုင်ရာ သုံးသပ်ချက်တစ်ခုဖြစ်ဖြစ်၊ မေးစရာတစ်ခုဖြစ်ဖြစ် ရေးမယ်လို့ အကြံရှိခဲ့ပေမယ့်၊ ဒီပြန်ကြားချက်မှာတော့ ဦးရဲမိုး သုံးခဲ့တဲံ Machanised army ရဲ့ အင်္ဂလိပ်စာလုံးပေါင်းဟာ မှန်ပါတယ် ဆိုတဲ့အကြောင်းကို ဘဲ ရေးလိုက်ပါမယ်။ အထောက်အထားကိုပါ ထုတ်ပြပါမယ်။ စကားစပ်လို့ ပြောရမယ်ဆိုယင်တော့၊ကျွန်တော်ဟာမြန်မာလူမျိုးအင်္ဂလိပ်စာရေးဆရာတစ်ယောက်ပါ။သြစတြေးလျန်စာရေးဆရာတစ်ယောက်ပေါ့။ ကျွန်တော်သုံးတဲ့အဘိဓာန် ကတော့ Webster's Third New International Dictionary ဖြစ်ပါတယ်။ ဒီအဘိဓာန်ရဲ့ ဒုတိယတွဲစာမျက်နှာ ၁၃၅၄ မှာ Machinize ကို တွေ့ရပါ မယ်။ To make like a machine; to convert or organize into a machine လို့ အဓိပ္ပါယ်ပေးထားပါတယ်။ နမူနာ အသုံးအဖြစ် (the machinizing of party politics) ကို သုံးပြထားပါတယ်။ Machanised army မှာ -ise ဟာသြစတြေးလျန်အင်္ဂလိပ်စာ လုံးပေါင်းနည်းဖြစ်ပြီး -ize ကတော့ ဗြိတစ်ရှ် နှင့် အမေရိကန် စာလုံးပေါင်းနည်းဖြစ်ပါ တယ်။

    An Aussie Writer

    ReplyDelete

  3. ဦးရဲမိုးခင်ဗျား
    နေကောင်းပါရဲ့လားခင်ဗျား။
    ဒီဆောင်းပါးကို ဖတ်ရလို့ အလွန်ကျေးဇူးတင်ပါတယ်။ ဒီလို စိတ်ဝင်စားဖွယ်၊ ဗဟုသုတရဖွယ် ဆောင်းပါးတွေကို ဆက်လက် ရေးသားပါရန်၊ မျှဝေဖြန့်ဖြူးးပါရန်လည်းတောင်း ဆိုပါရစေ။ အခုဆောင်းပါးနှင့်ဆိုင်ရာ သုံးသပ်ချက်တစ်ခုဖြစ်ဖြစ်၊ မေးစရာတစ်ခုဖြစ်ဖြစ် ရေးမယ်လို့ အကြံရှိခဲ့ပေမယ့်၊ ဒီပြန်ကြားချက်မှာတော့ ဦးရဲမိုး သုံးခဲ့တဲံ Machanised army ရဲ့ အင်္ဂလိပ်စာလုံးပေါင်းဟာ မှန်ပါတယ် ဆိုတဲ့အကြောင်းကို ဘဲ ရေးလိုက်ပါမယ်။ အထောက်အထားကိုပါ ထုတ်ပြပါမယ်။ စကားစပ်လို့ ပြောရမယ်ဆိုယင်တော့၊ကျွန်တော်ဟာမြန်မာလူမျိုးအင်္ဂလိပ်စာရေးဆရာတစ်ယောက်ပါ။သြစတြေးလျန်စာရေးဆရာတစ်ယောက်ပေါ့။ ကျွန်တော်သုံးတဲ့အဘိဓာန် ကတော့ Webster's Third New International Dictionary ဖြစ်ပါတယ်။ ဒီအဘိဓာန်ရဲ့ ဒုတိယတွဲစာမျက်နှာ ၁၃၅၄ မှာ Machinize ကို တွေ့ရပါ မယ်။ To make like a machine; to convert or organize into a machine လို့ အဓိပ္ပါယ်ပေးထားပါတယ်။ နမူနာ အသုံးအဖြစ် (the machinizing of party politics) ကို သုံးပြထားပါတယ်။ Machanised army မှာ -ise ဟာသြစတြေးလျန်အင်္ဂလိပ်စာ လုံးပေါင်းနည်းဖြစ်ပြီး -ize ကတော့ ဗြိတစ်ရှ် နှင့် အမေရိကန် စာလုံးပေါင်းနည်းဖြစ်ပါ တယ်။

    An Aussie Writer

    ReplyDelete

  4. ဦးရဲမိုးခင်ဗျား
    နေကောင်းပါရဲ့လားခင်ဗျား။
    ဒီဆောင်းပါးကို ဖတ်ရလို့ အလွန်ကျေးဇူးတင်ပါတယ်။ ဒီလို စိတ်ဝင်စားဖွယ်၊ ဗဟုသုတရဖွယ် ဆောင်းပါးတွေကို ဆက်လက် ရေးသားပါရန်၊ မျှဝေဖြန့်ဖြူးးပါရန်လည်းတောင်း ဆိုပါရစေ။ အခုဆောင်းပါးနှင့်ဆိုင်ရာ သုံးသပ်ချက်တစ်ခုဖြစ်ဖြစ်၊ မေးစရာတစ်ခုဖြစ်ဖြစ် ရေးမယ်လို့ အကြံရှိခဲ့ပေမယ့်၊ ဒီပြန်ကြားချက်မှာတော့ ဦးရဲမိုး သုံးခဲ့တဲံ Machanised army ရဲ့ အင်္ဂလိပ်စာလုံးပေါင်းဟာ မှန်ပါတယ် ဆိုတဲ့အကြောင်းကို ဘဲ ရေးလိုက်ပါမယ်။ အထောက်အထားကိုပါ ထုတ်ပြပါမယ်။ စကားစပ်လို့ ပြောရမယ်ဆိုယင်တော့၊ကျွန်တော်ဟာမြန်မာလူမျိုးအင်္ဂလိပ်စာရေးဆရာတစ်ယောက်ပါ။သြစတြေးလျန်စာရေးဆရာတစ်ယောက်ပေါ့။ ကျွန်တော်သုံးတဲ့အဘိဓာန် ကတော့ Webster's Third New International Dictionary ဖြစ်ပါတယ်။ ဒီအဘိဓာန်ရဲ့ ဒုတိယတွဲစာမျက်နှာ ၁၃၅၄ မှာ Machinize ကို တွေ့ရပါ မယ်။ To make like a machine; to convert or organize into a machine လို့ အဓိပ္ပါယ်ပေးထားပါတယ်။ နမူနာ အသုံးအဖြစ် (the machinizing of party politics) ကို သုံးပြထားပါတယ်။ Machanised army မှာ -ise ဟာသြစတြေးလျန်အင်္ဂလိပ်စာ လုံးပေါင်းနည်းဖြစ်ပြီး -ize ကတော့ ဗြိတစ်ရှ် နှင့် အမေရိကန် စာလုံးပေါင်းနည်းဖြစ်ပါ တယ်။

    An Aussie Writer

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...