Tuesday, 5 August 2014

အီဗိုလာ ရောဂါ မြန်မာနိုင်ငံတွင် ကူးစက်မှုမရှိကြောင်း ပြန်ကြားရေး ၀န်ကြီးပြောကြား

အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ရခိုင်ပြည်မှာ Ebola Virusရောဂါမျိုး အလားတူကပ်ဆိုးကြီးဖြစ်နေပါပြီ ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ထံ ဆက်သွယ်စုံစမ်းခဲ့ပါတယ်။

အင်တာနက်သတင်းမှာ ဖော်ပြထားတဲ့လူနာဟာ မောင်မျိုးလင်းနိုင် အသက် (၆) နှစ်၊ ကမ်းနီရွာ ၊ မင်းပြားမြို့နယ်က ဖြစ်ကြောင်း၊ ရွာမှာ ဇူ ၂၁ ရက်နေ့က ဖျားလို့ ဆေးသောက်ခဲ့ပြီး နှစ်ရက် အကြာမှာ အနာများဖြစ်လာတဲ့အတွက် ဇူ ၂၃ ရက်နေ့မှာ မင်းပြား မြို့နယ်ဆေးရုံ ဆေးရုံ က တဆင့် စစ်တွေ ပြည်နယ်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။

ပြည်နယ်ဆေးရုံမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်များပါဝင်တဲ့ အဖွဲ့ရဲ့ စစ်ဆေးချက်အရ Ebola Virus Disease မဟုတ်ဘဲ ဆာလဖာဆေးနဲ့ မတည့်တဲ့ Stevens - Johnson Syndrome ရောဂါဖြစ်ပြီး ကလေး ကုသဆောင်မှာ ဇူ ၂၄ ရက်နေ့က စတင်ကုသပေးလျှက်ရှိပါတယ်။ သက်သာမှုရှိတယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အီဘိုလာရောဂါစောင့်ကြည့်ရေးလုပ်ငန်းများကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်များအတိုင်း စောင့်ကြည့်လျှက်ရှိပါ တယ်။

ဒါ့ကြောင့် အင်တာနက်ပေါ်က တဆင့် ပြည်သူများစိုးရိမ်ပူပန်မှုများဖြစ်အောင် လှုံ့ဆော်နေမှု များကို သတိပြုဖို့နဲ့ အလားတူသတင်းများကို အလွယ်တကူ ယုံကြည်ပြီး ဆက်လက် ဖြန့်ဝေ မှုများ မလုပ်ကြဖို့ မေတ္တရာရပ်ခံအပ်ပါတယ်။

From: Ye Htut (ပြန်ကြားရေးဝန်ကြီး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...