Sunday, 10 August 2014

ဗြိတိန်နိုင်ငံက အသက်၅၈နှစ် အရွယ်အမျိုးသမီးကြီးကို တဏှာကြီးသော သရဲတစ်ကောင်လိုက်ခြောက်နေသဖြင့် သရဲနှင်ဆရာခေါ်ပြီးနှင်လိုက်ရဟုဆို

(ဓါတ်ပုံ- သရဲခြောက်ခံရသည့်အမျိုးသမီးကြီးပေါ်လင်း)
ဗြိတိန်နိုင်ငံ၊အရှေ့ယောက်ရှိုင်းယားစီရင်စု၊ဟူးလ်မြို့က အသက်၅၈နှစ်အရွယ် ပေါ်လင်းဟစ်ဆင်ဆိုတဲ့ အမျိုး သမီးကြီး တစ်ယောက်ကို တဏှာကြီးလွန်းတဲ့သရဲတစ်ကောင်က တစ်ကောက်ကောက် လိုက်ခြောက်နေ လို့ သရဲနှင်ဆရာကိုခေါ်လိုက်ရတယ်လို့ အင်္ဂလန်ထုတ် ကြေးမုံသတင်းစာကြီးကရေးသားလိုက်ပါတယ်။

အဲဒီသရဲဟာ ပေါ်လင်းရဲ့ အတွင်းခံတွေကိုပဲ လိုက်ဝှက်နေတယ်လို့ ပေါ်လင်းကပြောပါတယ်။သူ့အနေနဲ့ အဲဒီ တဏှာကောင်သရဲလက်ကလွတ်ချင်လို့ ၂နှစ်အတွင်းမှာ အိမ် ၇ခါပြောင်းခဲ့ပေမယ့် သရဲက ပြောင်းတဲ့အိမ်တွေ အထိလိုက်ပြီး အတွင်းခံဘောင်းဘီနဲ့ဘရာစီယာတွေကို လိုက်ဝှက်နေတယ်လို့ဆိုပါတယ်။
`ကျွန်မတော့ရူးတော့မှာပဲ။ ဘာဖြစ်လို့ အဲသလိုဖြစ်နေရသလဲ ကျွန်မမသိဘူး။အလုပ်သွားပြီးအိမ်ပြန်ရောက် တာနဲ့ ကျွန်မရဲ့အတွင်းခံတွေ မွှေနှောက်ခံထားရတော့တာပဲ။အတွင်းခံတွေပျောက်ကုန်တယ်။ရေချိုးခန်းထဲမှာ တစ်ယောက်ယောက်ရေ၀င်ချိုးသွားသလိုပဲ။ရေချိုးခန်းကြမ်းပြင်တွေကစိုနေတယ်`လို့ပေါ်လင်းကပြောပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်က ဟူးလ်မြောက်ပိုင်းက ဘန်ဂလိုကို သူအိမ်စပြောင်းကတည်းက အဲဒီအဖြစ်အပျက်စခဲ့ တယ်လို့ဆိုပါတယ်။ အဲဒီအိမ်ရောက်ပြီးသိပ်မကြာခင်မှာပဲ သူအိမ်မှာမရှိတဲ့အခါ အိမ်ထဲမှာ ထူးထူးဆန်းဆန်း တွေတစ်ခုခုဖြစ်ခဲ့တယ်လို့ သူအလိုလိုသိနေပြီး ရှင်းလဲမပြတတ်ဘူးလို့ ပေါ်လင်းကပြောပါတယ်။ဓါတ်ပုံတွေက နံရံမှာရွဲ့စောင်းကျန်ခဲ့တယ်။ရေချိုးခန်းက တစ်ယောက်ယောက်သုံးသွားပုံရတယ်။တံခါးတွေမှာ အပေါ်အောက် အစင်းကြီးတွေကျန်ခဲ့တယ်လို့ပေါ်လင်းကပြောပြပါတယ်။အိမ်ပြန်ရောက်ပြီဆိုတာနဲ့သူ့ပစ္စည်းတွေမွစာကြဲနေတယ်။အပူချိန်တွေကို မြှင့်ထားတာ ဒါမှမဟုတ်ချထားတာ တွေ့ရတယ်။လက်ဖက်ရည်ပန်းကန်နဲ့ဇွန်းကအပြင်ရောက်နေပြီး လက်ဖက်ရည်သောက်ဖို့အသင့်ပြင်ပေးထား သလိုဖြစ်နေတယ်လို့ဆိုပါတယ်။

သရဲနှင်ဆရာ စတိဗ်နီရှောက ပေါ်လင်းကိုအိပ်မွေ့ချပေးပြီး မကောင်းဆိုးဝါးကိုနှင်ပါတယ်။အဲဒီအခါထူးခြားမှု တွေ့ရတယ်လို့စတိဗ်ကပြောပါတယ်။လေအေးတစ်ချက်ဝုန်းခနဲတိုက်သလိုသူခံစားလိုက်ရပြီးမကြာမီမှာပဲ လူ ကောင်ကြီးကြီးတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်လေး တို့သူ့ရှေ့က ဖြတ်ပြီးပျံသွားကြတာကို စတိဗ်ကမြင် လိုက်ရတယ်လို့ပြောပါတယ်။အဲဒီနောက်ပိုင်းမှာတော့ ပေါ်လင်းတစ်ယောက် သရဲထပ်ခြောက်တာမခံရတော့ ပါဘူး။

အဲဒီသရဲဟာ ဘန်ဂလိုကိုသူမပြောင်းခင်ဝယ်လာတဲ့ မှန်တင်ခုံအဟောင်းကြီးနဲ့ဆက်စပ်နေလိမ့်မယ်လို့ ပေါ်လင်းကထင်နေပါတယ်။အဲဒီမှန်တင်ခုံအဟောင်းကြီးဝယ်တုန်းက ပတ္တမြားရတုမင်္ဂလာပွဲဖိတ်စာနဲ့ အခြား ကိုယ်ပိုင်ပစ္စည်းအချို့ကိုပါအဲဒီမှန်တင်ခုံထဲမှာတွေ့ရတယ်လို့ပေါ်လင်းကဆို ပါတယ်။ယုံချင်ယုံမယုံချင်နေ၊ သြဂုတ် ၈ရက်ထုတ် အင်္ဂလန်ကကြေးမုံ သတင်းစာထဲပါလာတဲ့အရင်းအတိုင်း ပရိသတ်အတွက်ပြန်လည်ဖောက် သည်ချလိုက်ရခြင်းဖြစ်ပါတယ်။

Source: Daily Mirror
From: Yangon Media Group

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...