Tuesday, 5 August 2014

အော်ရီဒူး ၏များပြားလှသော ဆိုးကျိုးများ....

အနီရောင်ဇယားက ထိုင်းနိုင်ငံ dtac ရဲ့ မိုဘိုင်းအင်တာနက်အသုံးပြုမှုဈေးနှုန်းပါ။




အပြာရောင်ဇယားက အင်တာနက်ဈေးအသင့်ဆုံးထိပ်ဆုံးနိုင်ငံတွေပါ။

 Ooredoo က ဒီနေ့ သြဂုတ် ၂ရက်မှာ သူ့ရဲ့ဝန်ဆောင်မှုတွေကိုရှင်းပြသွားတယ်။ ဖတ်ကြည့်ရသလောက်တော့ ဖုန်းပြောခတွေက ပြဿနာမရှိလှပေမယ့် အင်တာနက်က 1Mb ကို ၂၅ကျပ်နှုန်းသာဆိုရင်တော့ အတော်လေးဆိုးမယ့်သဘောမှာရှိတယ်။

ဘာမှဒေါင်းလုပ်မလုပ်ဘဲနဲ့ ၀က်ဆိုဒ်တွေကြည့်တာမျိုး၊ သတင်းဆိုဒ်တွေလိုက်ဖတ်တာမျိုးလုပ်မယ်ဆိုရင်တောင် လူတစ်ယောက်သုံးတဲ့ တစ်နေ့တာ ဒေတာလစ်မစ်ဟာ 200Mb လောက်ရှိတယ်။ 1Mb ကို ၂၅ကျပ်နှုန်းနဲ့သာတွက်ရင် တစ်နေ့ကို ၅၀၀၀လောက်၊ ဖုန်းပြောခမပါ တစ်လကို တစ်သိန်းခွဲလောက်ကုန်မယ့်ပုံစံဖြစ်နေတယ်။ 1Gb ကို ၂၅၀၀၀လောက်ကျသင့်နေတော့ အဲဒီနှုန်းနဲ့သာ အူရီဒူးသုံးရရင် ဒေ၀ါလီခံရလိမ့်မယ်။ တစ်ခုစောင့်ကြည့်ရမှာက သူတို့ Data Plan ကို ဘယ်လောက်နဲ့လုပ်မလဲဆိုတာပါ။ အခုလောလောဆယ်မှာ အင်တာနက် ဈေးနှုန်းတအားများနေတယ်လို့တော့ ပြောဖို့စောသေးပေမယ့် ထွက်လာမယ့် Data Plan ဟာ အခုသတ်မှတ်ထားတဲ့ 1Mb ကို ၂၅ကျပ်နှုန်းဆိုတာရဲ့ ငါးပုံတစ်ပုံလောက်ထိသာ မလျှော့ချဘူးဆိုရင်တော့ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် အတော်လေးဈေးကြီးတယ်လို့ ပြောရလိမ့်မယ်။ သုံးရတာဘယ်လိုမှ တန်မှာမဟုတ်တော့ဘူး။

ပုံမှာပါတာက မိုဘိုင်းဖုန်းအင်တာနက် နိုင်ငံတကာ Data Plan တွေပါ။ နိုင်ငံတကာဈေးနှုန်းနဲ့ ယှဉ်ကြည့်ရင်လည်း တော်တော်လေးကို ဈေးကြီးနေတာကို မြင်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံအတွက်ဆို စဉ်းစားဖို့က တိုင်းပြည်အနေအထား၊ ၀င်ငွေ၊ လူတစ်ယောက်ချင်းစီရဲ့ သုံးနိုင်မယ့် ငွေကြေးပမာဏတွေကိုပါ တွက်ချက်ရပါလိမ့်မယ်။ မြန်မာနိုင်ငံထက် အများကြီးချမ်းသာတဲ့နိုင်ငံတွေမှာ အင်တာနက်အသုံးပြုခနှုန်းက မြန်မာနိုင်ငံထက် အများကြီးသက်သာနေပြီး မြန်မာနိုင်ငံမှာတော့ ဒီလောက်ဈေးနှုန်းဆိုရင် နှစ်ခါနာရမယ့်ပုံစံဖြစ်နေပြီ။ MPT ကိုစိတ်ကုန်လွန်းလို့ အင်တာနက်အတွက် အူရီဒူးကိုစဉ်းစားခါမှ ဈေးနှုန်းကြောင့် မွဲရမယ့်ကိန်းဆိုရင်တော့ သိပ်မနိပ်သေးဘူး။ သူ့ဈေးနှုန်းက ဟိုတစ်ခါ MPT လုပ်မယ်ဆိုလို့ ၀ိုင်းပြီးဆဲကြတဲ့နှုန်းနဲ့ ဘာမှ သိပ်မကွာဘူးဖြစ်နေတယ်။ အင်တာနက်အသုံးပြုခ MPT ထက် ဈေးလျော့မယ်ဆိုတဲ့ တယ်လီနောပဲ မျှော်ရတော့မယ်ထင်တယ်။




From: Thurein Hlaing Win

www.mmdailystar.com

3 comments:

  1. ဟုတ်တယ်

    ReplyDelete
  2. 1 လလုံး ကြိုက်သလိုသုံး 15000,20000 ပုံစံမျိုး ဆိုရင် ပိုအဆင်ပြေမယ် ထင်တာပဲ

    ReplyDelete
  3. ကျွန်တော်လဲဒီအတိုင်းဖြစ်စေချင်ပါတယ်...ကျွန်တော်တနေ့အင်တာနက်အသုံးစရိတ်က(500MB)ဖြစ်လို့ပါပဲ
    တလကို2000.....25000 လောက်ဆိုရင်အဆင်ပြေပါတယ်...

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...