Saturday, 16 August 2014

ကိုရီးယားမှာ ကျင်းပတဲ့ လူငယ်ဘောလုံးပွဲတွင် နာမည်ကြီးအသင်းများကို အနိုင်ယူပြီး မြန်မာအသင်း ပထမရပြီ

2014 Asian Youth Football Fasta လူငယ်ဘောလုံးပွဲ တော်ကြီးတွင် မြန်မာယူ ၁၂ အသင်းရှုံးပွဲ မရှိဖြင့် အုပ်စု ပထမ ရရှိခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ် မှ သိရ သည်။

အဆိုပါ လူငယ် ဘောလုံး ပွဲတော် ကို ယခုလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ တောင်ကိုရီးယားနိုင်ငံတွင် ကျင်း ပခဲ့ခြင်းဖြစ်ပြီး မြန်မာ အပါအဝင် နိုင်ငံ ပေါင်း ၁၆ နိုင်ငံမှ လူငယ် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

”အုပ်စု ပတ်လည် ကစားခဲ့တဲ့ ပြိုင် ပွဲတစ်ခုပါ။ မြန်မာ လူငယ် အသင်းက တော့ သူကျတဲ့ အုပ်စုမှာ အမှတ်အများ ဆုံးနဲ့အုပ်စုပထမ ရရှိခဲ့တာပါ”ဟု ဘော လုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာယူ ၁၂ အသင်းသည် လူ ငယ် ဘောလုံး ပွဲတော်ကြီးတွင် အုပ်စု (B) တွင် ပါဝင်ခဲ့ပြီး ထိုင်း၊ ကိုရီးယား ကလပ်ဝမ်ဆမ် FC၊ တရုတ်ကလပ် ကွမ်ဖူးနှင့် ကိုရီးယား ကလပ် ယွန်ဂျူး ဝင်းစ် အသင်း တို့နှင့် ယှဉ်ပြိုင်ခဲ့ရသည်။

ပြိုင်ပွဲတွင် ထိုင်းအသင်းကို နှစ်ဂိုး၊ ယွန်းဂျူးဝင်းစ်ကို သုံးဂိုး၊ ဝမ်ဆမ် င်္ဃ အသင်းကို ငါးဂိုး တစ်ဂိုးနှင့် တရုတ် ကလပ် အသင်းကို တစ်ဂိုး တစ်ဂိုး ရလဒ် များဖြင့် သုံးပွဲနိုင် တစ်ပွဲ သရေရမှတ် ၁ဝ မှတ်ဖြင့် အုပ်စု ပထမ ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသို့ နိုင်ပွဲများ ရယူနိုင်ခဲ့ခြင်း ကြောင့် မြန်မာ လူငယ်ကစား သမားများ အနေဖြင့် တောင်ကိုရီးယားနိုင်ငံ သို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရသည့် ဘောလုံး ပွဲတော် များတွင် ပထမဆုံး အနေဖြင့် အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်ပြီး ယခင် အင်ချွန် လူငယ် ပွဲတော်များတွင် ရှုံးနိမ့်မှု ကို အဖတ် ဆယ်နိုင်ခဲ့ကြောင်း သိရ သည်။

ကိုရီးယားအာရှ လူငယ်ဘောလုံး ပွဲတော်ကြီးကို တောင်ကိုရီးယား အမျိုး သားအဆင့် လူငယ်ဘောလုံး အဖွဲ့ချုပ် မှ ဘောလုံးနှင့် ပညာရေး ယဉ်ကျေးမှု များ တိုးတက်ရေး အတွက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူငယ် ကစားသမား စုစုပေါင်း ၁၃ဝဝ ပါဝင်ခဲ့ကြောင်း သိရသည်။

From: Popular Myanmar News

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...