Sunday, 17 August 2014

အိပ်မက်အရ ဓမ္မစေတီခေါင်းလောင်းကို ကြည်ညိုမှုဖြင့် အလှူငွေများ လာရောက်လှူဒါန်းသူများရှိ၊ လှူဒါန်းသူများအပေါ် လိမ်လည်အလှူခံအဖွဲ့များရှိနေဟု ဆယ်ယူရေးအဖွဲ့ပြော

ဓမ္မစေတီ ခေါင်းလောင်းတော်ဆယ်ယူမှုနှင့် ပတ်သက်၍ အလှူခံအဖွဲ့များကိုပြင် ပတွင် ဓမ္မစေတီခေါင်းလောင်းတော် ကို ကြည်ညိုမှုဖြင့်လှူဒါန်းသူများ အပေါ် လိမ်လည်အလှူခံသည့်အဖွဲ့ များရှိနေကြောင်းခေါင်းလောင်းဆယ် ယူရေးအဖွဲ့မှဘဏ္ဍာရေးမှူးဦးသန်းစိန် ကပြောသည်။

''အလှူခံအဖွဲ့လဲမလွှတ်ထား ဘူး။ အပြင်မှာ ဓမ္မစေတီခေါင်း လောင်းအတွက်ဆိုပြီး အလှူခံအဖွဲ့ ဖွဲ့ထားတာလဲမရှိဘူး။ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ့်ဘာသာကိုယ်လာလှူတာ ကိုပဲ လက်ခံတာကြေညာထားခြင်း လဲမရှိဘူး။ အခုအပြင်မှာ သတင်းတွေ ကြားနေတယ်။ အလှူခံအဖွဲ့တွေရှိ တယ်။ လိုက်ပြီးအလှူခံနေတယ်ဆို ပြီး လာပြောတဲ့သူတွေလဲ ရှိတယ်။ ပြည်သူတွေအနေနဲ့ သတိထားစေ ချင်လို့ပါ'' ဟု ယင်းကပြောသည်။

လက်ရှိတွင် ခေါင်းလောင်းဆယ် ယူရေးအဖွဲ့ရုံးခန်းကို မဟာဗန္ဓုလ လမ်း ၅၃လမ်းနှင့် ၅၄လမ်းကြား၊ မြသရဖူ ပရိဘောဂဆိုင်အပေါ် ပထမထပ်တွင် ဖွင့်လှစ်ထားသည်။

ခေါင်းလောင်းဆယ်ယူမှုအပေါ် တွင် ယုံကြည်သူများနှင့်ဆယ်ယူမှု ကို တစ်ထောင့်တစ်နေရာမှပါဝင် ကူညီချင်သူများက မိမိတို့၏ယုံကြည် ချက်ဖြင့် လာရောက်လှူဒါန်းသူများ ရှိနေကာ အချို့မှာလည်းအိပ်မက် အရ လာရောက်လှူဒါန်းသူများ လည်းရှိကြောင်း သိရသည်။

''တောင်ဥက္ကလာပကနေ အိပ် မက်မက်လို့ဆိုပြီးလာလှူတဲ့သူလဲရှိ တယ်။ သြဂုတ်၁၅ရက်မှာလဲဆန္ဒ ရှိလို့ဆိုပြီး တစ်ဦးကသိန်း ၅ဝ လာ လှူသွားတယ်။ လှူတဲ့နေရာကိုလဲ သူတို့တွေ စုံစမ်းပြီးလာတာ။ ဘာမှ ကြေညာထားတာမရှိဘူး။ အလှူခံ တာလဲမရှိဘူး''ဟု ခေါင်းလောင်း ဆယ်ယူရေး ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောသည်။

MTZ
From: Democracytoday

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...