Saturday, 23 August 2014

အီဘိုလာ စမ်းသပ်ဆေးဖြင့် လုံးဝပျောက်ကင်းနိုင်



လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါသည်များကို ကုသပေးရင်း ရောဂါကူးစက်ခံခဲ့ရတဲ့ အမေရိကန်လူမျိုး ဒေါက်တာနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတို့ကို လိုင်ဘေးရီးယားနိုင်ငံမှာ အမေရိကန်နိုင်ငံသို့ သယ်ဆောင်လာပြီးနောက် လူများတွင်မစမ်းသပ်ရသေးသည့် ဆေးတစ်မျိုး ဖြစ်သည့် ZMapp ဖြင့် ကုသခဲ့ရာ ယခုအခါ ၄င်းတို့ နှစ်ဦးစလုံး၏ သွေးထဲတွင် လုံးဝ ဗိုင်းရက်စ် ကင်းစင်သွားပြီမို့ ဆေးရုံကနေ နေအိမ်သို့ ပြန်နိုင်ပြီ ဖြစ်ကြောင်း CNN သတင်းဌာနမှာ ဖော်ပြပါရှိပါသည်။

အဆိုပါ ZMapp ဆေးဖြင့် ကုသခဲ့သော်လည်း အသက် ၇၀ ကျော် စပိန်လူမျိုး ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးမှာမူ အသက်အရွယ်အရ ရောဂါကို မတွန်းလှန်နိုင်ခဲ့ပဲ လိုင်ဘေးရီးယားနိုင်ငံမှ စပိန်နိုင်ငံသို့ ပြန်လည် သယ်ဆောင်လာပြီး ရက်အနည်းငယ်ကြာအတွင်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

From: Myanmar Daily News

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...