Wednesday, 6 August 2014

Facebook တွင်ပျံ့နှံ့နေသော အီဘိုလာ ရောဂါတစ်ဦး စစ်တွေဆေးရုံတွင် တက်ရောက် ကုသဆိုသည့် သတင်း မမှန်ကန်ပါ

မင်းပြားမြို့နယ်မှ အီဘိုလာ လူနာတစ်ဦး စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ကုသနေရကြောင်း အင်တာနက် Facebook ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ စစ်တွေ အထွေထွေရောဂါကု ဆေးရုံးကြီး ကလေးဖျားနာဆောင် တွင် ကုသမှု ခံယူလျက်ရှိသော မောင်မျိုးလင်းနိုင် (၆)နှစ် (အဘအမည်- ဦးငလုံးချေ) ကမ်းနီကျေးရွာ မင်းပြား မြို့နယ်သည် မင်းပြားမြို့နယ် ပြည်သူ့ ဆေးရုံ မှ Stevens Johnson’s Syndrone ရောဂါဖြင့် လွှဲပြောင်းပေးခဲ့ရာ R/N – 8085 / 14 ဖြင့် (၂၄-၇-၂၀၁၄) ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စစ်တွေ ပြည်သူ့ဆေးရုံးကြီး ကလေး အထူးကုဆရာကြီး၏ ရောဂါ အတည်ပြု လက်ခံ ကုသပေးလျက်ရှိသော လူနာဖြစ်ပါသည်။

ယခုလက်ရှိ ၎င်း မောင်မျိုးလင်းနိုင်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လာပြီဖြစ်၍ မနက်ဖြန် ၆-၈-၂၀၁၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့် ပေးရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။
 
From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...