Monday, 11 August 2014

“ NLDပါတီကို မွတ်ဆလင်တွေရဲ့ ဘာသာရေးကိစ္စများနှင့် မရောထွေးစေလို ”




ကျနော်ဟာ NLDပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီကို အမြဲယုံကြည်လေးစာ ထောက်ခံအားပေး နေသုတစ်ဦး ဖြစ်ပါတယ်။ ဒီပါတီကို ထောက်ခံအားပေး နေသူတစ်ယောက် အနေနဲ့ ဒီကနေ့ ရင်ထဲမှာခံစားနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့် ချင်ပါတယ်။ ကျနော်ဟာ ရန်ကုန်သားတစ်ဦးဖြစ်ပြီး တော်ဝင် နှင်းဆီ စားသောက်ဆိုင်မှာ အမြဲတမ်းအားပေးနေတဲ့ customer တစ်ဦးဖြစ်ပါတယ်။ ဒီဆိုင်မှာ အစားအသောက် ကောင်းတာက တစ်ကြောင်း၊ NLDပါတီရဲ့ပါတီဝင်တစ်ဦးဖြစ်သူ ဦးစိုးညွှန့် ပိုင်ဆိုင် သော ဆိုင်ဖြစ်တာကတစ်ကြောင်း တခြားဘယ်ဆိုင်ကိုမှအားမပေး ဘဲ ဒီဆိုင်မှာဘဲ အမြဲအားပေးခဲ့တာပါ။

တော်ဝင်နှင်းဆီ စားသောက်ဆိုင်ဟာ NLDပါတီအတွက် ပါတီ အစည်းအဝေးတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့ အစည်းရဲ့ အစည်းအဝေးတွေ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေ မကြာခဏ ပြုလုပ်တဲ့နေရာဖြစ်ပြီး မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့နေရာ တစ်ခုဖြစ်တယ်လို့ဆိုချင်ပါတယ်။ သို့သော် ဦးစိုးညွှန့်အနေနဲ့ ပြည်ထောင်စုတိုင်းရင်းသား မွတ်ဆလင်များ ပြည်လုံးကျွတ် ညီလာခံကျင်းပနိုင်ဖို့ ညီလာခံ ကျင်းပရေး ကော်မတီ အထွေထွေအတွင်းရေးမှူး တရားလွတ်တော်ရှေ့နေ ဦးအုန်းမောင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မေလ ၅ ရက်နေ့က ပြုလုပ်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ခန်းမငှားရမ်းအသုံးပြုခအခကြေးငွေတောင်မယူပဲ အခမဲ့ ကူညီပံ့ပိုးပေးခဲ့တယ်လို့လည်း သိရပါတယ်။ တကယ် ဆို မွတ်ဆလင်တွေအနေနဲ့ မိမိတို့ဘာသာနှင့်သက်ဆိုင်သော ညီလာခံပြုလုပ်ကျင်းပဖို့ အစည်းအဝေး ပြုလုပ်ခြင်းကို လမ်း ၃၀ ဗလီတို့လို ၄င်းတို့၏ ဗလီကျောင်းများ၌သာ ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ နောက် ပြီး ဒီလိုအစည်းအဝေးမျိုးကို ဘာသာခြားများတက်ရောက်ဖို့ နေနေသာသာ ၀င်ခွင့်တောင် မပေးဘူးဆိုတာ ကိုလည်းသိလိုက်ရပါတယ်။ သို့သော် မေလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးကိုတော့ တော်ဝင် နှင်းဆီစားသောက်ဆိုင်မှာပဲ ပြုလုပ်ခဲ့ပြီး ဦးစိုးညွှန့် ခေါင်းဆောင်သော NLD ခေါင်းဆောင်အချို့နဲ့ တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ မွတ်ဆလင်ကိုယ်စားလှယ် ၃၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သတင်း မီဒီယာများကိုတော့ ၀င်ရောက်ခွင့်မပြုခဲ့ဖူးလို့ သိရပါတယ်။ ဒီလုပ်ရပ်ကို ကြည့်ချင်းအားဖြင့် မွတ်ဆလင် တွေဟာ NLDပါတီအပေါ် ဘယ်လောက်အထိ လွှမ်းမိုးနေပြီလဲဆိုတာ ပါတီကို ထောက်ခံအားပေးနေသူ တစ်ယောက်အနေနဲ့ တွေးရင်းရင်လေးနေရပါတယ်။

ဒီဆွေးနွေးပွဲမှာ NLDပါတီမှ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်က ဒီအစည်းအဝေးနောက်ပိုင်းမှာ ဆက်လက် ဆောင်ရွက်မည့် မွတ်ဆလင် ညီလာခံကျင်းပရေးနိုင်ရေး အစီအစဉ်များတွင် NLDပါတီအနေဖြင့် လူသိရှင်ကြား ကူညီခြင်း မပြုနိုင်သော်လည်း နောက်ကွယ်မှ လိုအပ်သည်များအားလုံး ကူညီသွားမှာဖြစ်ကြောင်း၊ ခန်းမအသုံး ပြုမူအပါအ၀င် အခြားလိုအပ်သည်များနှင့် ကုန်ကျစရိတ်များကို တတ်နိုင်သလောက် ကူညီ သွားမှာဖြစ်ကြောင်း၊ မွတ်ဆလင်တွေ အနေနဲ့ NLDအပေါ် ကူညီခဲ့တာတွေရှိကြောင်း၊ NLDပါတီ အနေဖြင့် မွတ်ဆလင်များနှင့် အပြန်အလှန်ရင်းနှီးမူ တည်ဆောက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရင်နင့်စွာသိလိုက်ရပါတယ်။

အမျိုးသားရေးလှုပ်ရှားမူတွေ ပြင်းထန်နေချိန်၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမူ တွေ ပြင်းထန်နေချိန်မှာ NLDပါတီဝင်တစ်ဦးဖြစ်သူ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်အနေနဲ့ ဒီလိုမျိုး ပြောကြားခဲ့တာ တွေဟာ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ မြင်မိပါတယ်။
ဒီလုပ်ရပ်တွေကြောင့် ကျွန်တော်တို့လို့ ပါတီဝင်တိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေက NLD ပါတီကို ယုံကြည်မူ လျော့နည်းလာမှာ ကိုလည်းစိုးရိမ်မိပါတယ်။ ကျွန်တော်တို့လိုပါတီဝင် ပါတီအနေနဲ့ ပြည်သူလူထု၏ ထောက်ခံအားပေးမူကို လိုအပ်နေသည့်အချိန်မျိုးမှာ ယခုလိုကိစ္စရပ်များကြောင့် အနှောင့် အယှက် တစ်ခုသဖွယ် ဖြစ်လာနိုင်ကြောင်း စိုးရိမ်စိတ်နဲ့ ရေးသားလိုက်ရပါသည်။

ရဲထွန်း
မြန်မာပြည်သား
From:

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...