Sunday, 24 August 2014

အာဏာရ စစ်အစိုးရနှင့် အတိုက်အခံ Nld


လက်ရှိ အချိန်ကာလမှာ ….
အဓိက အတိုက်အခံပါတီကြီးအပေါ် …
လူအတော်များများ ဖြစ်နေကြတဲ့  ….
စိတ်ခံစားမှုကတော့ ….
အားမလို အားမရ ဖြစ်နေကြတဲ့  …
ပြသနာပါပဲ …

ပြီးခဲ့တဲ့ စစ်အုပ်ချုပ်ရေး အနှစ်၂၀ ကာလမှာ …
အန်အယ်လ်ဒီ ပါတီကြီးဟာ …
လူထု ထောက်ခံမှုကို …
တင်းပြည့်ကျပ်ပြည့် ရရှိခဲ့ဖူးပါတယ် ….

လူ ရဲ့  မွေးရာပါ အခွင့်အရေးဖြစ်တဲ့  ….
လွတ်လပ်စွာ ပြောဆိုခွင့် …
ရေးသားခွင့် …
ပုံနှိပ်ထုတ်ဝေခွင့် …
အသင်းအဖွဲ့ များ ဖွဲ့ စည်းခွင့် ….
မိမိ ဆန္ဒကို ဖော်ပြခွင့် ….
စတဲ့  အခွင့်အရေးများကို …
တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့တဲ့  ….
စစ်အုပ်ချုပ်ရေး စနစ်အောက်မှာ …
ဒီ စနစ်ကို အဓိကဆန့် ကျင်နေတဲ့  ပါတီကြီးကို ….
ပြည်သူအားလုံး ၀ိုင်းဝန်းထောက်ခံခဲ့ကြတာဟာလဲ …
အထူးအဆန်းလို့ တော့ မဆိုနိုင်ပါဘူး ….

အဲဒီ အချိန် အဲဒီခေတ်ကာလမှာ ….
အန်အယ်လ်ဒီ ပါတီရဲ့  ….
တိုင်းပြည်ကို ဘယ်လိုတိုးတက်အောင် ….
စီမံလုပ်ဆောင်သွားမယ်ဆိုတဲ့  Plan တွေကိုလဲ ….
အချိန်မကျသေးတဲ့ အတွက် ….
ကျွန်တော်တို့  ဘာမှ …
မေးခွန်းထုတ်စရာအကြောင်း မရှိခဲ့ပါဘူး …

ဒါပေမယ့် ….
အခုကတော့ ဒီလိုမဟုတ်တော့ပါဘူး….
၂၀၁၀ နောက်ပိုင်းဖြစ်ရပ်တွေဟာ….
အတော်ကို လျှင်လျှင်မြန်မြန် ….
ဖြစ်ပေါ်ပြောင်းလဲလာခဲ့ပါတယ် ….

စစ်အုပ်ချုပ်ရေး ရပ်စဲသွားပါတယ် …
ရွေးကောက်ပွဲ တစ်ခုလုပ်ပြီး …
အရပ်သားအစိုးရ တက်လာပါတယ် …
နိုင်ငံရေး အကျဉ်းသားတွေ ...
အားလုံး လွှတ်လိုက်ပါတယ် ….
ဆင်ဆာစနစ်ကို ဖျက်သိမ်းလိုက်ပါတယ် …
စာအုပ်တစ်အုပ် ထုတ်ဖို့  …
စာရေးဆရာ ၊ ပုံနှိပ်တိုက်နဲ့  ….
ပိုက်ဆံပဲ လိုတဲ့အခြေအနေအထိ …
ရုတ်တရက် ပြောင်းလဲသွားပါတယ် ….

ကမ္ဘာ့ နိုင်ငံအသီးသီးက ….
ခေါင်းဆောင်တွေ သံတမန်တွေ …
အပြေးအလွှား ရောက်ရှိလာပါတယ် …
အကြွေးတွေ လျှော်ပြစ် …
အကူအညီတွေ စရောက်လာပါတယ် ….
ကားဈေး ၊ ဖုန်းဈေးတွေ ဝေါကနဲ …
ထိုးကျကုန်တယ် ….
နိုင်ငံခြားငွေ နဲ့  ရွှေဈေး တည်ငြိမ်လာတယ် …
ဆီဆိုင်တွေ ပုဂ္ဂလိက ကို ပြောင်းသွားတယ် …
Private ကျောင်းတွေ ပေါ်လာတယ် ….
ပြည်သူ နဲ့  ၀န်ကြီးဌာန ဖြစ်တဲ့ အမှုမှာ…
ဝန်ကြီးဌာန ဘက်က ရှုံးနိမ့်သွားတယ် …
ငြိမ်းချမ်းရေး ဟာ ….
သမိုင်းတစ်လျှောက်မှာ …
အနီးကပ်ဆုံး အနေအထားကို ရောက်ရှိလာပါတယ် ….

ဒီနေ့ ဒီအချိန်မှာတော့ ….
ခရိုနီတွေနဲ့  အစိုးရအဖွဲ့ အစည်းတွေဟာ …
အရင်လို ထင်သလို လုပ်လို့ မရတော့ပါဘူး ….
ဝန်ကြီးတွေကလဲ ….
အရင် သူတစ်လူ ငါတစ်မင်း ခေတ်ကနေ ….
ပြည်သူကို လူသိရှင်ကြား ….
ပြန်တောင်းပန်ရတဲ့  အနေအထားမျိုးအထိ …
ပြောင်းလဲလာကုန်ပါတယ် …..
ဘယ်လိုပဲ ပြောပြော ….
ကျွန်တော်တို့ ဟာ …
စိတ်လုံခြုံမှု တစ်စိတ်တစ်ဒေသကို …
စတင် ခံစားလာကြ ရပါတယ် …

အဲဒီနောက်မှာတော့ ….
အသွင်ပြောင်း အစိုးရဟာ …
ကြားဖြတ်ရွေးကောက်ပွဲကို …
သန့် သန့် ရှင်းရှင်း ကျင်းပပေးခဲ့ပြီး….
အတိုက်အခံပါတီကြီး အနေနဲ့ လဲ …
လွှတ်တော်ထဲကို အင်အားတစ်ချို့  …
စတင်ရောက်ရှိလို့  လာခဲ့ပါပြီ …..
ကောင်းပါပြီ ….ဒါဟာ …
ကျွန်တော်တို့  မျှော်လင့်စောင့်စားနေတဲ့  ….
အချိန်ကာလ ပါပဲ ….
အတိုက်အခံပါတီကြီး အနေနဲ့  …
တိုင်းပြည် အတွက် ဘာများစပြီး….
လုပ်ကိုင် ဆောင်ရွက်တော့မှာပါလဲ …..

ဒီနေရာမှာ …
ပြသနာက စလာပါတယ် …
ကျွန်တော်တို့  မျှော်လင့်ထားတဲ့  အတိုက်အခံဆိုတာ …
အာဏာရ အစိုးရကို ….
Check & Balance လုပ်မယ့် ...
အတိုက်အခံ ပါ ….
အမြဲတန်း လိုက် ကန့် လန့် တိုက်နေတဲ့  …
အတိုက်အခံ မဟုတ်ပါဘူး ….

မြန်မာပြည် အနှံ့ အပြားက ….
အစိုးရ ၀န်ထမ်းတစ်ချို့  …
ခရိုနီ တစ်ချို့ ရဲ့ မသမာခြစားမှု …
နိုင်လိုမင်းထက်လုပ်မှုတွေ ကို …
ဒေသခံ အတိုက်အခံ ပါတီဝင်တွေက တင်ပြ …
ပါတီဌာနချုပ်က အဖွဲ့ နဲ့ လာကြည့် …
အထောက်အထား သက်သေတွေစုဆောင်း…
အစိုးရကို စာရေး ၊ လွှတ်တော်မှာ တင်ပြ …..

ဒါဆိုရင် ….
အစိုးရ အနေနဲ့  ဘယ်လိုမှ …
အရေးမယူပဲ နေလို့ မရပါဘူး ….
ဒီ လုပ်ဆောင်ချက် တစ်ခုနဲ့ တင် …
မသမာသူတွေ ရဲ့  ကိုယ်ကျိုးရှာမှုတွေ …
အတော်ငြိမ်သက်သွားမှာပါ ….
အတိုက်အခံပါတီကြီး အနေနဲ့  ….
အဆိုဘယ်နှစ်ခု တင်သွင်းခဲ့ပါသလဲ ….???

တရားဥပဒေစိုးမိုးရေး ကော်မတီ ဟာ …
တရားရုံးတွေ အကျဉ်းထောင်တွေ ....
အချုပ်ခန်း ရဲစခန်းတွေကို …
လိုက်လံ စစ်ဆေးခွင့်ရှိပါတယ် ….
ဘယ်လိုပဲ ဖြစ်ဖြစ် ….
တစ်လ တစ်ခါ နှစ်ခါလောက်လေးပဲ လာစစ်ပါအုန်း …
ဘယ်တာဝန်ရှိသူမှ …
ဗရုတ်သုတ်ခ လုပ်မထားရဲပါဘူး …
လက်ရှိထက်တော့ ပိုအဆင်ပြေသွားမှာ အမှန်ပါ ….
ဘယ်နှစ်ခါများ သွားစစ်ဆေးပြီးပါပြီလဲ … ????

မြေသိမ်းခံ တောင်သူတွေရဲ့ ကိစ္စတွေ …
သွားလေ့လာကြည့်လို့ ရပါတယ် ….
မြေရာဇ၀င်တွေ စစ်လို့ ရပါတယ် …
ဒေသအာဏာပိုင် တောင်သူ ….
နှစ်ဖက်ပြောစကားတွေ …
မျှမျှတတ နားထောင်ကြည့်လို့ ရပါတယ် …
ပြီးရင် ဘက်မလိုက်ဘဲ ….
ကြေငြာချက် အကြံပြုချက်တွေ ….
ရဲရဲဝံ့ ဝံ့ ထုတ်ပြန်လို့ ရပါတယ် …
ဘယ်နှစ်ခါများ သွားရောက်ခဲ့ပြီးပါပြီလဲ …????

စစ်ဖြစ်နေတဲ့  ဒေသတွေ …
ပဋိပက္ခ ဖြစ်ပွားနေတဲ့  ပြည်နယ်တွေ …
သွားရောက်လေ့လာ အကဲဖြတ် …
ပကတိအခြေအနေကို သုံးသပ်ပြီး ….
ပြသနာတွေ ငြိမ်းအေးသွားဖို့  ….
နှစ်ဘက် မျှမျှတတ အကြံပြုလို့ ရပါတယ် ….
ဘယ်နှစ်ခါများ အကြံပြုဖူးပါသလဲ …. ???

အန်အယ်လ်ဒီဟာ ....
နိုင်ငံရေး မျိုးဆက်ပြတ်နေကြောင်း ...
၂၀၁၅ မှာ အခြေခံဥပဒေအရ ...
ဒေါ်စု သမ္မတ မဖြစ်နိုင်ခဲ့ရင် ...
နောက်မျိုးဆက်ကို ထိုးတင်ပေးဖို့ လိုကြောင်း ...
ပါတီဖွဲ့ စည်းပုံကို စနစ်တကျ ....
ပြန်လည်ဖွဲ့ စည်း တည်ဆောက်သင့်ကြောင်း ...
လက်တွေ့ ကျတဲ့  ဝေဖန်ထောက်ပြချက်တွေ ...
အများကြီး ရှိနေပါတယ် ....
ဘယ်လောက်များ ....
လေးလေးစားစားနားထောင် ပြင်ဆင်ခဲ့ပြီးပါပြီလဲ ....????

တကယ့်လက်တွေ့ မှာတော့ ….
ဒါတွေ တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး ….
လူထု ဟောပြောပွဲတွေ …
၄၃၆ ပြင်ဆင်ရေး Campaign တွေ နဲ့ ပဲ ….
စိတ်ပျက်စရာ တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့တာပါ ….
နောက်ဆုံးပြောရရင် ....
ကိုယ့်ပါတီဖွဲ့ စည်းပုံမှာတောင်မှ .....
ပါတီ ဒုဥက္ကဌ နဲ့  အတွင်းရေးမှူးကို ...
အခုထိ ခန့် အပ်နိုင်စွမ်း မရှိသေးပါဘူး ....

ဒေါက်တာမြတ်ဥာဏစိုး တင်ဖူးတဲ့  …
ပိုင်ဆိုင်မှုတွေ တင်ပြပေးပါဆိုတဲ့  အဆိုလောက်ကလွှဲရင် …
အတိုက်အခံပါတီက တင်သွင်းတဲ့  အဆိုတွေဟာ …..
လွှတ်တော်တွင်း ခေါင်းပေါင်းချွတ်ခွင့်တို့ …
ဟိုနေ့ ကို ဟိုနာမည် …
ဒီနေ့ ကို ဒီနာမည် ပြောင်းပေးဖို့  အစီအစဉ် ရှိ မရှိ တို့ ….
စတဲ့  ပေါကြောင်ကြောင် အဆိုတွေ …
အများအပြား ပါနေတာကလဲ ….
အတော် နားမလည်နိုင်စရာပါ ….

ပါတီ ရဲ့ စည်းရုံးရေး လုပ်ငန်းတွေ …
၄၃၆ ပြင်ဆင်ရေးတွေ မလုပ်နဲ့  မပြောလိုပါ ….
တစ်ဖက်ကလဲ ….
အတိုက်အခံပါတီရဲ့  အဓိက တာဝန်တွေကို …
ပြစ်မထားစေလိုပါ ….

ကျွန်တော် အရမ်းမခံချိ မခံသာ ….
နားမလည်နိုင်အောင် ဖြစ်ရတဲ့  …
မေးခွန်းတစ်ခု မေးလိုပါတယ် …
ခင်ဗျားတို့  အဓိက အတိုက်အခံပါတီကြီးကမှ …
အစိုးရကို ထိထိရောက်ရောက် …
Check & Balance မလုပ်ရင် …
ဘယ်သူကများ လာလုပ်မှာပါလဲ ……

ခင်ဗျားတို့ ...
တစ်ရက်နှစ်ကြိမ်လောက် ထုတ်ပြန်နေတဲ့  …
ကြေငြာချက်ပေါင်းစုံထဲမှာ …
တိုင်းပြည်ကို ထိထိရောက်ရောက် …
အကျိုးပြုနိုင်တဲ့ ကြေငြာချက်မျိုး ….
ဘယ်နှစ်ခု ပါဝင် ခဲ့ဖူးပါသလဲ … ????

အခု လက်ရှိ အနေအထားမှာတော့ …
အဓိက အတိုက်အခံ ပါတီကြီးရဲ့ မူဝါဒကို ….
သုံးသပ် တွက်ဆရရင် …
အခု ငါတို့ တိုင်းပြည်အတွက် ထလုပ်ရင် …
ကြားက အစိုးရက ၀င်ပြီး အသားယူလိမ့်မယ် …
အဲတော့ ... စီးပွားရေးပိတ်ဆို့ မှု အပါအ၀င် ….
ကျန်တဲ့ ပြသနာတွေ ဘာမှမပါနဲ့  အသာပြစ်ထားလိုက် ….
ငါတို့ ပါတီ အာဏာရရေး ကိုသာ …
အာရုံစိုက်လုပ်ဆိုတဲ့  ….
ခပ်ပဲ့ ပဲ့  မူဝါဒမျိုး ဖြစ်နေတယ်လို့ ပဲ မြင်ပါတယ် …
( မဟုတ်ဘူး ဆိုလဲ ဆောရီးပါ … )

ထပ်ပြီး စိတ်ပျက်စရာကောင်းတာ တစ်ခုက…
အတိုက်အခံပါတီ ထောက်ခံသူတစ်ချို့ ရဲ့  …
သူတို့ ပါတီကို ဝေဖန်ရင် …
ကြံဖွတ်လူ အစိုးရလူ ဖြစ်တယ် ဆိုတဲ့  …
ရယ်ဒီကယ် အစွဲတစ်ခုပါ……

ကျွန်တော်တို့ က အတိုက်အခံပါတီကို….
ဝေဖန်နေတာဟာ ….
လက်ရှိ အာဏာရပါတီကို ....
ထောက်ခံနေတယ်လို့  အဓိပ္ပာယ် မရပါဘူး….
အားလုံးရဲ့ ဆန္ဒဟာ ….
တိုင်းပြည်တိုးတက်စေချင်တဲ့  ဆန္ဒပါ …..

အရင် အစိုးရ လက်ထက်က မသမာမှုတွေကို …
တလစပ် လက်ညိုးထိုးပြီး ….
ဒေါ်စုသာ ကယ်တင်ရှင်ဆိုတဲ့  အယူအဆကို …
တွင်တွင် ၀ါဒဖြန့် နေတာဟာ …
ဒေါ်စု အပေါ် ချစ်ရာရောက်သလား …
နှစ်ရာ ရောက်သလား …
သေချာ ပြန်စဉ်းစားကြည့်ပါ ……

ရခိုင်ကိစ္စမှာ ...
လူနည်းစုကို ညှာတာပါဆိုတဲ့  ...
အတိုက်အခံပါတီရဲ့  မူဝါဒကို …
ကျွန်တော်တို့ ဝေဖန်တော့ ….
အာ့ဆို ပြည်ခိုင်ဖြိုး ၀ှိုက်ကဒ် ကိစ္စ …
ဘယ်လို လုပ်မလဲ လို့  ….
အမှားကို အမှားနဲ့  ပြန်ချေတာမျိုးဟာ …
သဘာဝ မကျပါ ….

၂၀၁၀ ရွေးကောက်ပွဲမှာ ….
ဝှိုက်ကဒ်တွေကို မဲပေးခွင့်ပြုခဲ့တာ ….
အာဏာရပါတီ ရဲ့  အရှက်သိက္ခာ ….
ဗျန်းဗျန်းကွဲ ခဲ့ရတဲ့  လုပ်ရပ်ပါ ….
ကောင်းပါပြီ …
ဒါဆို အခု အန်အယ်လ်ဒီပါတီက ….
၂၀၁၅ ရွေးကောက်ပွဲမှာ …
ဝှိုက်ကဒ်တွေ မဲပေးခွင့် မပြုဖို့  …
ဘာလို့  မတောင်းဆိုတာပါလဲ ….????

အာဏာရပါတီက ....
သောက်တလွဲ လုပ်ထားခဲ့ရင် …
အတိုက်အခံပါတီက ၀င်ပြီးထောက်ပြ ရတာ …
အတိုက်အခံပါတီရဲ့ အလုပ်ပဲ မဟုတ်ပါလား ….???

ဝှိုက်ကဒ် ကိစ္စကို ….
လမ်းထိပ်က မုန့် ဟင်းခါးသည်က ….
ထပြီးကြေငြာချက်ထုတ်လို့ မရပါ ….
ရပ်ကွက်ထဲက ဆိုက်ကားသမားက ….
ထပြီး ထောက်ပြလို့ မရပါ ….
အတိုက်အခံ ပါတီက ...
လုပ်ကို လုပ်ရမယ့် အလုပ်ပါ ….

လက်ရှိ အစိုးရမှာ …
လိုအပ်ချက် လစ်ဟာချက်တွေ ရှိနေတာ ….
ဘာမှ အငြင်းပွားစရာ မရှိပါ …
တကယ် လိုအပ်နေတာဟာ …
အတိုက်အခံ ပါတီအနေနဲ့  …
အဲဒီလိုအပ်ချက် လစ်ဟာချက်တွေကို …
တိုင်းပြည် အကျိုးအတွက် …
အပြုသဘောဆောင်ပြီး ….
အကြောင်းအကျိုးနဲ့  ထောက်ပြပေးဖို့ ပါ …

ကျွန်တော်တို့  ပြည်သူအများစုကတော့ …
ပါတီအချင်းချင်း ...
တိုက်ခိုက်နေကြတဲ့  ကိစ္စတွေကို …
ငြီးငွေ့ စိတ်ပျက်လို့  နေပါပြီ ….
တကယ်တန်းမှာ ….
ဘယ်သူ့ ဘယ်သူ မှလဲ ...
အနိုင်ရမယ် မဟုတ်ပါ ….

ကိုယ့်မှာ ရှိတဲ့  လူထုအားနဲ့  …
သဘောထား တင်းတင်းမာမာ ….
အလုံးစုံ အာဏာရရေးကို ဦးတည်လာတဲ့ အခါမှာ …
တစ်ဖက်ကလဲ …
သူ့ မှာရှိတဲ့  လွှတ်တော်အမတ်အားနဲ့  …
PR ကို အတည်ပြုပြီး …
အလုံးစုံ အာဏာ မရရေးကို ပြန်ဆော်လိုက်လို့  …
အီစလံဝေ ဂွမ်းသွားတဲ့  ကိစ္စဟာ …
အတိုက်အခံ ပါတီ ရဲ့  ….
မဟာဗျူဟာ နည်းဗျူဟာတွေ လွဲမှားနေကြောင်း …
အကောင်းဆုံး သက်သေပါ ….

ဟိုပါတီကြီး တက်လာရင် ....
အလုံးစုံ ပြောင်းသွားမယ် ...
ဒီပါတီကြီး တက်လာရင် ...
ဟပ်ချလောင်း အော်ပြီး ....
ကောင်းသွားမယ်ဆိုတဲ့ အပြောမျိုးကို ...
လုံးဝ အယုံအကြည် မရှိတော့ပါ ...

တိုင်းပြည်ရဲ့ များပြားလှတဲ့  အခက်အခဲတွေကို ....
ရင်ဆိုင်ကျော်လွှားဖို့  ဆိုတာသည် ...
အာဏာရ လာမယ့် ပါတီ တစ်ခုလုံး ရဲ့  ....
မူဝါဒ ၊ အရည်အချင်း ၊ စေတနာ ....
အားထုတ်မှု စတဲ့  အချက်တွေပေါ် ....
အများကြီး မူတည်နေတာပါ ....

အားလုံးချုပ်ပြီး ပြောရရင်….
ပြည်သူအများစု အနေနဲ့  ကတော့ ...

တိုင်းပြည်အတွက် အမြဲ အပတ်တကုပ် ...
ကြိုးစားအားထုတ်နေတဲ့  ...
အာဏာရပါတီ တစ်ခု နဲ့  ....

( အစိုးရ လုပ်သမျှကို ....
ကန့် လန့် လိုက်တိုက်နေတဲ့  ....
အတိုက်အခံ မဟုတ်သော ... )

Check & Balance လုပ်ပေးတဲ့  …
အတိုက်အခံပါတီတွေ ကိုသာ ….

အလိုရှိတယ်လို့  ....
ဆိုလိုချင်တာ ဖြစ်ပါကြောင်း …. ။ ။

( ရဲမိုး )
 
From:Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...