Tuesday, 26 August 2014

NLD ပါတီမှ မျိုးရန်နောင်သိမ်းအား မဘသအဖွဲ့(ဗဟို)မှ သဘောထား ထုတ်ပြန်



မျိုးစောင့် ဥပဒေအား မှားယွင်းစွာ သုံးသပ်ပြောဆိုခဲ့သော NLD ပါတီမှ သုတေသနမှူး မျိုးရန်နောင်သိမ်းအား အင်းစိန်ရွာမဆရာတော်ဘုရားကြီး လက်မှတ်ရေးထိုး၍ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အမျိုးစောင့် ဥပဒေတင်ပြတောင်းဆိုခြင်းအကြောင်းကို ပြည့်ပြည့်စုံစုံ ရှင်းလင်း တင်ပြချက် အကြိမ်ကြိမ် ထုတ်ပြီး ဖြစ်ကြောင်း၊ အမျိုးစောင့်ဥပဒေသည် မြန်မာ ဗုဒ္ဓဘာသာ တစ်ခုတည်းအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ အခြား ဘာသာများနည်းတူ တန်းတူ အခွင့်အရေးတောင်းခံခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရှေးရှု၍ အမျိုးစောင့်ဥပဒေကို တောင်းဆိုခြင်း ဖြစ်ကြောင်း၊ မျိုးရန်နောင်သိမ်း ပြောသလို မဟုတ်ကြောင်း တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူတိုင်း သိနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးစောင့်ဥပဒေတောင်းဆိုခြင်းသည် တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူတိုင်း၏ တာဝန်သာ ဖြစ်ကြောင်း ဖော်ပြထားရာ မျိုးရန်နောင်သိမ်းမှာ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူ မဟုတ်သည့်အတွက် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည် ဟု မဘသအဖွဲ့(ဗဟို)က သုံးသပ်ထားသည်။

သြဂုတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် အင်းစိန်ရွာမဆရာတော်ဘုရားကြီး လက်မှတ် ရေးထိုးထုတ်ပြန်သည့် ကြေညာချက်ပါ မျိုးရန်နောင်သိမ်းသည် အမျိုးသမီးကိစ္စများနှင့် ပတ်သက်၍ ရှုပ်ရှုပ်ထွေးထွေး ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး လူမှုကွန်ရက်တွင်လည်း တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးသူများကို ထိပါးစော်ကားခြင်းများ ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း သတင်းရရှိသည်။ 




From:ပြည်သူ့အာဏာ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...