Thursday, 21 August 2014

Sexy ပုံစံမမြင်ဘဲ ညီမကို နားလည်ပေးကြပါ

မေထွဋ်ခေါင်အနေဖြင့် နာမည်ကြီးချင်သည့်အတွက် ယခုလို
မြန်မာနိုင်ငံ၏ ၀တ်စားဆင်ယင်မှုမျိုးနှင့် မကိုက်ညီသော အ၀တ်စားမျိုးကို
ဝတ်ဆင်ရခြင်းမဟုတ်ဘဲ အနုပညာတစ်ခုကို ဖော်ပြသည့်အနေဖြင့်သာ
ဝတ်ဆင်ရခြင်းဖြစ်ပါသည်ဟု ရှင်ဂျာနယ်မှ အယ်ဒီတာဖြစ်သူ
မစောရတီနိုင်က စံတော်ချိန်သို့ပြောဆိုသည်။ သြဂုတ် ၁၄ ရက်ထုတ်
ရှင်အနုပညာဂျာနယ်တွင် မင်းသမီးတစ်ဦးဖြစ်သည့် မေထွဋ်ခေါင်က
ဝတ်စားဆင်ယင်မှုအပိုင်းတွင် ပရိသတ်အမြင်အရ မသင့်တော်သော
ဖက်ရှင်နှင့်ပတ်သက်၍ ရှင်းလင်းရခြင်းဖြစ်သည်။
'အစ်မတို့အနေနဲ့ ဒီအပတ်ထုတ်ကာဗာမှာ သူနဲ့ရိုက်ဖြစ်တဲ့အခါ
သူနဲ့လိုက်ဖက်မယ့် အ၀တ်စားပုံစံတွေကို အစ်မသွားကြည့်တယ်။ အစ်မ
စဉ်းစားတာ တစ်ခုကတော့ သူကအစတည်းက ယောကျာ်းလေးဆန်တဲ့
ဖက်ရှင်မျိုးတို့၊ ဇာတ်ကားတွေမှာဆိုလည်း ဖိုက်တင်ကားတို့၊ နန်းတွင်းကား
တွေလို ရိုက်တာများတော့ သူ့အနေနဲ့လည်း ပရိသတ်အမြင်ဆန်းသွား
အောင် ရိုက်ဖြစ်သွားတာပါ။ သူ့ကိုလည်း အစ်မကဒီပုံစံလေးကို ပြတယ်။
အဲဒါနဲ့ သူနဲ့လည်းလိုက်မယ်ထင်တယ်။ ဒီဝတ်စုံလေးနဲ့ရိုက်တဲ့အခါမှာကျ
တော့ Creation ယူထားတာလေးကလည်း အရမ်းလှတယ်။ အဲဒီအခါကျ
တော့ သူလည်းသဘောတူတယ် အဲဒါနဲ့ပဲ ရိုက်ဖြစ်သွားတာပါ 'ဟု ၎င်းက
ထပ်မံပြောဆိုသည်။
အ၀တ်အစားပြင်ဆင်မှုအပိုင်းတစ်ခုတည်းဖြင့် အနုပညာကို
ပုံဖော်ထားခြင်းမဟုတ်ဘဲ ၎င်းင်းအတွက်လိုအပ်မည့် အနုပညာဖန်တီးမှုများ
စွာလည်း ဖန်တီးထားရသည်ဖြစ်ကာ ဆန်းသစ်သည့်ဖက်ရှင်တစ်ခု အဖြစ်
သာ ပုံဖော်ထားရခြင်း ဖြစ်သည်ဟုသိရသည်။ယခုခေတ်အရ ရိုက်ကူး
နေသော ဖက်ရှင်မျိုးဖြစ်သည့်အတွက် Sexy ပုံစံရိုက်ကူးသည့်အမြင်မျိုး
မမြင်ြကဘဲအနုပညာမြောက်သည့်ဖန်တီးမှုတစ်ခုအဖြစ်သာလက်ခံစေ
ချင်သည်ဟုဆိုသည်။
အဆိုပါ ဂျာနယ်အတွက်မျက်နှာဖုံးကာဗာကို ရိုက်ကူးပေးခဲ့သော
မင်းသမီးမေထွဋ်ခေါင်မှာလည်း 'ညီမပုံအဲဒီလောက်ကြီး ဖြစ်သွားမယ်လို့
ညီမ မထင်ထားမိပါဘူး။ ညီမအနေနဲ့ နာမည်ကြီးချင်လို့ ဒီလိုမျိုးတွေရိုက်
တာလည်းမဟုတ်ပါဘူး။ ဖန်တီးမှုတစ်ခုအနေနဲ့ ရိုက်ကူးထားတဲ့ပုံမျိုးပဲ
ဖြစ်ပါတယ်။ ပရိသတ်ကြီးရဲ့ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ညီမဘာမှတော့
မပြောချင်ဘူး။ ညီမဖန်တီးမှုကိုနားလည်ပေးပါလို့ ပြောချင်ပါတယ'ဟု
သူမက ပြောဆိုခဲ့သည်။

From: စံတော်ချိန်

www.mmdailystar.com

1 comments:

  1. sexy ပုံစံနဲ့မမြင်ရက်ပါဘူးကွယ် ဖာရုပ်ပေါက်နေတယ်ပဲထင်ပါတယ် ဖော်ချင်လည်းပြောင်အောင်ဖေါ်ပါလား ဈေးပိုရတာပေါ့် နောက်ကနေ အားကျမခံလိုက်ဖေါ်မယ့်ကောင်မတွေလည်း ဒီလိုလုပ်ပြီးမှ sexy ပုံစံမမြင်ပါနဲ့ပြောဦးမယ်

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...