Sunday, 10 August 2014

The Supermoon Story ( စူပါမွန်းကိုစိတ်ဝင်စားနေကြသူတွေအတွက်)




၂၀၁၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ supermoon ဖြစ်စဉ်နဲ့ ၂၀၁၀ ဒီဇင်ဘာလ(၂၀) ရက်နေ့ကဖြစ်ပေါ်နေခဲ့တဲ့ သာမာန်လတို့ကို နှိုင်းယှဉ်ကြည့်တဲ့အခါ supermoon က အရွယ်အစားမှာ ၁၅% ပိုကြီးလာပြီး တောက်ပမှုမှာ ၂၀% ပိုလာကြောင်းတွေ့ခဲ့ကြရပါတယ်။


Supermoon ဖြစ်နေချိန်မှာ လနဲ့ကမ္ဘာနဲ့အကွာအဝေးဟာ 356,577 kilometers (221,566 miles) အကွာမှာရှိနေခဲ့ပါတယ်။ အခုလို လပြည့်ညလဟာ ကမ္ဘာနဲ့အနီးဆုံးရောက်ရှိခဲ့ဘူး တဲ့နောက်ဆုံးအကြိမ်ဟာ ၁၉၉၃ ခုနှစ်ကဖြစ်ပါတယ်။

လနဲ့ပတ်သက်တဲ့ ပင်လယ်ရေနဲ့ဒီရေအဖွဲ့အစည်းတွေကတော့ supermoon ဖြစ်စဉ် နဲ့ မြေငလျင်ကြီးတွေလှုပ်ရှားမှု နဲ့ မီးတောင်ပါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်မှုတို့ဟာ ဆက်စပ်နေ တယ်လို့ ပြောဆိုမှုတွေရှိခဲ့ကြပေမယ့်၊ ကမ္ဘာတလွှားရှိ ပညာရှင်အသိုင်းအ၀ိုင်းကတော့ ဒီအဆိုအပေါ်မှာ လက်ခံပြီး ထောက်ခံပြောဆိုမှုမှရှိခဲ့ကြပါဘူုး။

လာမယ့်သြဂုတ်လ(၁၀)ရက်မှာကြုံတွေ့လာတော့မယ့် supermoon ဖြစ်စဉ်မှာ အများဆုံးကြုံတွေ့နိုင်တဲ့ ထူးခြားဖြစ်စဉ်ကတော့ (အမှန်ကတော့ သိပ်မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်ပါ) ဒီရေ (၇)ပေလောက် တက်လာနိုင်တယ်လို့ သက်ဆိုင်ရာက ခန့်မှန်းထားကြောင်းပါဗျာ။

လက်ရှိအချိန်မှာတော့ supermoon ဖြစ်စဉ်ကိုနောက်ဆုံးကြုံတွေ့ခဲ့ရတဲ့ အကြိမ်က (၂၀-၇-၂၀၁၄) နေ့ကဖြစ်ပြီး နောက်တစ်ကြိမ် အနီးကပ်ဆုံးကြုံတွေ့ရမယ့် အကြိမ်ကတော့ (၁၀-၈-၂၀၁၄)ရက်နေ့ ဖြစ်ပါတယ်။

8-8-2014
6:38 am

From: (ဒေါက်တာ ထွန်းလွင် - MCCW)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...