Monday, 1 September 2014

လုပ်ငန်းရှင်တစ်ဦး ပါဝင်ပတ်သက်သော မူးယစ်ဆေးဝါးမှုဖော်ထုတ်နိုင်

စိတ်ကြွဆေးပြားများအ ရောင်းအ၀ယ်လုပ်နေသည့်လုပ် ငန်းရှင်တစ်ဦးပါဝင်သော မူးယစ် ဆေးရောင်းသူအချို့ကို ရန်ကုန် အနောက်ပိုင်းခရိုင်မူးယစ်ရဲတပ် ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ပိုင် ဆိုင်မှုများကိုလည်း စစ်ဆေးနေ ကြောင်းသတင်းရရှိသည်။

သြဂုတ် ၂၉ ရက် ညနေက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ကားဖြင့် စိတ်ကြွဆေးပြားတစ်သိန်း သယ် လာသူ အမျိုးသားနှစ်ဦးကို ရန်ကုန် အနောက်ပိုင်းခရိုင် မူးယစ်ရဲတပ် ဖွဲ့အရာရှိများက ဖမ်းဆီးခဲ့ပြီး နောက် ၎င်းတို့၏လုပ်ငန်းရှင်အိမ် သို့ ၀င်ရောက်ရှာဖွေခဲ့သည်။

အဆိုပါလုပ်ငန်းရှင်များမှာ Natur−al Force ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းများစွာ လုပ်ကိုင်နေသူဖြစ်ပြီး ပိုင်ရှင် အမျိုးသမီးကို ၎င်းနေထိုင်ရာအိမ်တွင် စိတ်ကြွဆေးပြား နှစ်သိန်းကျော်၊ သေနတ်နှစ်လက်တို့ ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့သည်။

‘‘အခုဖမ်းမိတဲ့အမျိုးသမီးကို စစ်နေတုန်းပဲ။ သူ့ယောက်ျားက တော့ ခရီးထွက်နေလို့ ဖမ်းမမိ သေးဘူး။ ကုမ္ပဏီထောင်ပြီးတ ခြားလုပ်ငန်းတွေလည်းလုပ်တော့ ဆက်စပ်နိုင်တဲ့ ပစ္စည်းတွေကို လိုက်သိမ်းနေပြီး အသေးစိတ်ကို စစ်နေတုန်းပါ’’ ဟု ပြောကြားသည်။

ကုမ္ပဏီမှ သင်္ဘောများ ဖြင့် ပြည်တွင်းပြည်ပကုန်စည်ပို့ ဆောင်သည့်လုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်း၊ ငါး၊ ပုစွန်မွေးမြူ ရေးလုပ်ငန်းနှင့်အုတ်သဲကျောက် လုပ်ငန်းတို့ကို လုပ်ကိုင်နေပြီးပိုင် ဆိုင်မှုများကိုစိစစ်နေကြောင်းသ တင်းရရှိသည်။ လတ်တလော၎င်းတို့ပိုင်ဆိုင်ဖွယ်ရှိသည့် သင်္ဘောငါးစီးကို ရဲတပ်ဖွဲကစစ်ဆေး နေသည်။

ဖြစ်စဉ်မှ စုစုပေါင်းစိတ်ကြွဆေးပြားသုံး သိန်းကျော်နှင့် ဘိန်းဖြူ ၃၅၀ ကီလို သိမ်းဆည်းနိုင်ခဲ့ပြီး မင်္ဂလာတောင်ညွန့်နှင့် မရမ်းကုန်းမြို့နယ် ရဲစခန်းတွင်အမှုဖွင့်စစ်ဆေးနေသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်က မူးယစ်ဆေးဝါးရောင်းဝယ် သည့် လုပ်ငန်းများတွင်စီးပွားရေးလုပ်ငန်းရှင်များပါဝင်နေကြောင်း ထုတ်ဖော် ပြောကြားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်း များစွာလုပ်ကိုင်နေသည့် ကုမ္ပဏီ ပိုင်ရှင် ဦးဆောင်သည့် မူးယစ်ဆေးရောင်းသူများကို ဖမ်းဆီးနိုင် ခဲ့သည့်အမှုဖြစ်သည်။

From: 7Day Daily

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...