Tuesday, 9 September 2014

စေတီခေါင်းလောင်းတော်ဆယ်ယူမှု အစိုးရကလာရောက်စစ်ဆေးမည်ဆိုသည်မှာ မဟုတ်မှန်ဟုဆို

ဓမ္မစေတီခေါင်းလောင်းတွေ့ရှိပြီဟု ဦးစံလင်းက သတင်းထုတ်ပြန်ပြီး
နောက်ပိုင်း ယင်းခေါင်းလောင်းဟုတ်၊မဟုတ်ကို အစိုးရက လာရောက်စစ်ဆေး
တော့မည်ဆိုသည့် သတင်းထွက်ပေါ်မှုမှာ မဟုတ်မှန်ဘဲ ယခုလက်ရှိအခြေအနေ
မှာ ခေါင်းလောင်း ကုန်းပေါ်သို့ရောက်ရှိရေးအတွက် ဦးစံလင်းဦးဆောင်သော
အဖွဲ့က ကြိုးစားလုပ်ဆောင်လျက်သာရှိကြောင်း ခေါင်းလောင်းဆယ်ယူမှု သတင်း
ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းကစံတော်ချိန်သို့ စက်တင်ဘာ ၇ ရက်၌
ပြောဆိုခဲ့သည်။
'ခေါင်းလောင်းကို ဆယ်ယူဖို့အတွက် ကြိုးစားလုပ်ဆောင်နေတယ်။
ဦးစံလင်းက ပြောထားတယ်။ ဆယ်ယူပြီးရင် ရေတပ်စခန်းမှာ သုံးလလောက်ထား
မယ်။ သန့်စင်တဲ့ လုပ်ငန်းတွေ လုပ်မယ်။အခုချိန်မှာတော့ ရေထဲကနေ ကုန်းပေါ်
ကို အဆက်အသွယ် ဘာမှမလုပ်သေးဘူး'ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် ခေါင်းလောင်း ကုန်းပေါ်ရောက်ရှိသည့်အခါတွင် နိုင်ငံတော်
အစိုးရဘက်က လာရောက်စစ်ဆေးမှုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း၊ ဦးစံလင်းကလည်း ခေါင်းလောင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေး
နိုင်ရန် အစိုးရကို ဖိတ်ကြားသည့် သတင်းထုတ်ပြန်ရန် ညွှန်ကြားထားခြင်းမရှိ
ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
'အစိုးရက လာစစ်ဆေးမယ်ဆိုရင်တော့ ပြည်သူတွေ စိတ်ထဲမှာ ဖြစ်
နေတ့ဲသသံ ယတွေ လျောန့ ည်းသွားတာပေါ့။ အခုဟာက တွေ့တယ်၊ ကုန်းပေါ်
ရောက်ဖို့ လုပ်နေတယ်ဆိုတာလောက်ပဲသိရပြီး လာကြည့်တော့လည်း ထူးခြားမှု
ဆိုတာကိုမတွေ့ရဘူး'ဟု ခေါင်းလောင်းတူးဖော်မှုလုပ်ငန်းခွင်သို့ လာရောက်
ကြည့်ရှုသူ လှိုင်သာယာမြို့နယ်မှကိုကျော်စိုးက ၎င်း၏ ထင်မြင်ချက်ကို
ပြောဆိုသည်။
အဆိုပါခေါင်းလောင်းဆယ်ယူမှုကို သြဂုတ် ၈ ရက်မှ စတင်ဆောင်ရွက်ခဲ့
ပြီး သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများက ရှာတွေ့ခဲ့ကြောင်း သြဂုတ် ၂၆ ရက်
တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ခေါင်းလောင်း ဆယ်ယူမှုအခြေ
အနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသည့်အတွက် ပြည်သူများ၏
စိတ်ဝင်စားမှုကလည်း တစ်နေ့တခြားလျော့နည်းလာလျက်ရှိသည်။

From: စံတော်ချိန်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...