Thursday, 25 September 2014

" ဦးစိုင်းသန်းနိုင်ရဲ့ အရေးကြီးအဆို အဆုံးမသတ်မှီ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းမှ ထွက်ခွါ"

ဒီနေ့ ဦးစိုင်းသန်းနိုင်က တပ်မတော်က စစ်ဆင်ရေးလှုပ်ရှားမှုတွေအတွင်းမှာ အသုံးပြုခဲ့တဲ့ အထမ်းသမား တချို့  အသက်၊ ခန္ဓာ၊ ပစ္စည်းဥစ္စာများ
ပျက်စီးဆုံးရှုံးခဲ့ရမှုများ ရှိခဲ့တဲ့အတွက် သူတို့ကို သင့်လျော်တဲ့ ဂုဏ်ပြု မှတ်တမ်းကဒ်များ၊ လျော်ကြေး နဲ့ ထောက်ပံ့ကြေးများ ပေးဘို့ မေး
ခွန်းမေးခဲ့ပါတယ်။ ဒါကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ် ကျော်ညွှန့် လာရောက်ဖြေဆိုပါတယ်။

အဲဒီအဖြေထဲမှာ အစိုးရက ပေးအပ်တဲ့ နစ်နာကြေးတွေ၊ လျော်ကြေးတွေက မလုံလောက်တာ ကိုခံစားရတဲ့ လွှတ်တော် ဥက္ကဌက ဦးစိုင်းသန်းနိုင် ကိုဘဲ အရေးကြီးအဆို နှစ်ရပ်တင်သွင်းစေပါ တယ်။
(1)ပထမ အဆိုက ထိခိုက်နစ်နာခဲ့တဲ့ စစ်ရေးအထောက်အကူပြု
ဝန်ထမ်း (ပေါ်တာ) တွေကို သင့်
လျော်တဲ့ အသိအမှတ်ပြု ၊ ဂုဏ်ပြု လွှာများ စိစစ်ပေးအပ်ဘို့အပြင် သင့်လျော်တဲ့ လျော်ကြေး၊ နစ်နာကြေး၊ ထောက်ပံ့ကြေးများပေးအပ်ဘို့ မူဝါဒတစ်ရပ်
ချ မှတ်ရန်၊ သို့မဟုတ် ဥပဒေ တစ်ရပ် ရေးဆွဲပြဌာန်းကာ ဆောင်ရွက်ပေးရန်၊
(2)ဒုတိယ အဆိုက တော့ ဒီလို တိုင်းရင်းသားအချ င်းချ င်းအကြား ပြည်တွင်း စစ်ခင်းနေကြတဲ့ အတွက် မြေဇာပင်ဖြစ်နေတဲ့ ပြည်သူတွေဘဲ အတိဒုက္ခရောက်ရတာကြောင့် ငြိမ်းချ မ်းရေးရရှိဘို့
အပစ်အခတ်ရပ်စဲရေး အတွက် သက်ဆိုင်သူများမှ ဦးစွာ ရပ်ဆိုင်းပေးရေး ဝိုင်းဝန်းကြိုးပမ်းကြ ဘို့ ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ သိပ်ကောင်းတဲ့ အဆိုဖြစ် ပါတယ်။ တိုင်းရင်းပေါင်းစုံ ပြည်သူအားလုံး လိုလားထောက်ခံတဲ့ ကိစ္စဘဲဖြစ်ပါတယ်။
ဒီအဆို လွှတ်တော်က ထောက်ခံ/ မထောက်ခံ မဲခွဲပြီးရင် မိနစ် ပိုင်းအတွင်းမှာဘဲ
လွှတ်တော် အစီအစဉ် ပြီးဆုံးတော့မှာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က
မစောင့်တော့ ဘဲ လွှတ် တော် ဥက္ကဌ ကို ဦးညွတ်ပြီး လွှတ်တော်တွင်းမှ ထွက်ခွါသွားပါတယ်။
တိုက်ဆိုင်မှုပေလား.... အကြောင်းတစုံတရာ ကြောင့်လား???...
ကျ နော် မစဉ်းစားတတ် တော့ပါ....

From: Oo Yetun

www.mmdailystar.com

3 comments:

  1. shu shu pauk chin lot bar, ka lar nelt aik htar dawt, shu shu kha na kha na pauk tar bar.

    ReplyDelete
  2. Daw Su probably goes out to urinate. (FEAR URINE)

    ReplyDelete
  3. Kalar oat ka ta yar net yar, ma su kyi ga ta gaung del, pane pan layet bel.

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...