Friday, 12 September 2014

အစ္စလာမ္မစ်စစ်သွေးကြွများအား နှိမ်နှင်းမည့် မဟာဗျူဟာ လေးခုကို အမေရိကန်သမ္မတ ထုတ်ပြန်ကြေညာ

အစ္စလာမ္မစ်စစ်သွေးကြွ Islamic State (IS)  ခေါ် Islamic State of Iraq and the Levant (ISIL) အဖွဲ့အား နှိမ်နှင်းမည့် မဟာဗျူဟာ လေးခုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Obama ISIL

အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအဖြစ်လည်း တာဝန်ရှိသူ သမ္မတအိုဘားမားက “ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရမှာဖြစ် ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို တိုက် ခိုက်ခဲ့ပါတယ်။ အိုစမာဘင် လာဒင်နဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင်တွေကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် မှာ ရှင်းလင်းခဲ့ပါတယ်။ ယီမင်က အယ်လ်ကိုင်ဒါအဖွဲ့ခွဲကို တိုက်ခိုက်ခဲ့သလို ဆိုမာလီ က အယ်လ်ကိုင် ဒါအဖွဲ့ခွဲ ခေါင်းဆောင်တစ်ဦးကိုလည်း ရှင်းလင်းခဲ့တယ်။ အီရတ်မှာ စေလွှတ်ထားတဲ့ အမေရိကန်တပ် ဖွဲ့ဝင် ၁၄၀၀၀၀ ကို ပြန်ခေါ်ခဲ့သလို အာဖ ဂန်မှာရှိတဲ့ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း လျော့ချနေပြီး ဒီနှစ်အကုန်မှာ အဲဒီနိုင်ငံက စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ ပါဝင်မှာမဟုတ်တော့ပါ ဘူး။ အမေရိကန်စစ်တပ်နဲ့ အကြမ်းဖက်နှိမ်နှင်းရေး ကျွမ်းကျင်သူတွေကြောင့် အမေရိကန်နိုင်ငံဟာ ပိုမိုလုံခြုံလာပါတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

ISIL စစ်သွေးကြွများအား နှိမ်နှင်းရေးနှင့် ပတ်သက်၍ သမ္မတအိုဘားမားက ထုတ်ပြန်ခဲ့သည့် မဟာဗျူဟာ လေးခုကိုလည်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

၁။ ISIL အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မည့် အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်သွားရန်
အီရတ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ လူသားဆိုင်ရာ အကူအညီပေးရေး အဖွဲ့များကို ကာကွယ်ပေးခြင်းသာမကဘဲ ISIL အဖွဲ့ကို အီ ရတ် တပ်ဖွဲ့များက ထိုးစစ်ဆင်နေသကဲ့သို့ အမေရိကန်အနေဖြင့်လည်း စစ်သွေးကြွတို့၏ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ် သည်။ ထို့ပြင် အမေရိ ကန်နိုင် ငံအား ခြိမ်းခြောက်နေသည့် အကြမ်းဖက်သမားများကို ၎င်းတို့မည်သည့် နေရာတွင် ရှိနေသည်ဖြစ်စေ ရှာဖွေဖမ်းဆီးသွားမည့်အပြင် ဆီးရီးယားနှင့် အီရတ်ရှိ ISIL အဖွဲ့ဝင်များ ကို အရေးယူရာတွင် တုန့်နှေးနေမည်မဟုတ်ကြောင်း အိုဘားမားက ပြောကြားသည်။

၂။ ISIL အဖွဲ့ကို မြေပြင်ထိုးစစ်ဆင်နေသည့် တပ်ဖွဲ့များကို တိုးမြှင့်အကူအညီပေးခြင်း
အီရတ်လုံခြုံရေးတပ်ဖွဲ့များအား မည်ကဲ့သို့ အကူအညီပေးရမည်ကို စီစဉ်ဆောင်ရွက်ရန် အမေရိ ကန်တာဝန် ရှိသူများကို ဇွန်လအတွင်း အီရတ်သို့ စေလွှတ်ခဲ့ရာ ယခုအခါ အဆိုပါအဖွဲ့၏ လုပ်ငန်းစဉ်များ အပြီးသတ်သွား ပြီဖြစ်သကဲ့သို့ အီရတ်အစိုးရသစ်ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည်။ ဆက်လက်၍ အီရတ်သို့ အမေရိကန် တာဝန်ရှိ သူ ၄၇၅ ဦးကို ထပ်မံစေလွှတ်သွားမည်ဖြစ်ဖြစ်သည်။ ၎င်းတို့သည် တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည် မဟုတ်ဘဲ အီရတ်နှင့်ကာ့ဒ်တပ်ဖွဲ့များအား သင် တန်းပေးခြင်း၊ ထောက်လှမ်းရေးနှင့် စစ်လက်နက်ပစ္စည်းအသုံးပြု မှုများတွင် ကူညီပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အီရတ်အစိုးရက အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့များ ထူထောင်ပြီး ISIL စစ်သွေးကြွများ၏ ချုပ်ကိုင်ထားမှုမှ ဆွန်နီမွတ်စလင်များ လွတ်မြောက်စေရန် ဆောင်ရွက်နေမှုကို အမေရိကန်က ကူညီပံ့ပိုးသွားမည်ဖြစ်သည်။ ဆီးရီးယားနယ်စပ်တွင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များအား အမေရိကန်က စစ်ရေးအကူအညီများ ပေးနေပြီး အဆိုပါအဖွဲ့ များကို လေ့ကျင့်ပေးရန်နှင့် လိုအပ်သည်များကို ပံ့ပိုးပေးရန် သမ္မတအိုဘားမားက လုပ်ပိုင်ခွင့်နှင့်အေ ထာက်အပံ့ များကို ကွန်ဂရက်မှ တောင်းခံခဲ့သည်။ သမ္မတအာဆတ်အနေဖြင့် ဆီးရီးယားပြည်သူများကိုပင် အကြမ်းဖက် တိုက်ခိုက်နေသောကြောင့် ISIL အဖွဲ့အား နှိမ်နှင်းရာတွင် ၎င်းတို့အစိုးရကို အားကိုး ၍မရနိုင်ကြောင်း၊ ဆီးရီးယားပြဿနာအား နိုင်ငံရေးအရ အဖြေရှာနေချိန်မှာပင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များအား ISIL အဖွဲ့ကို တန်ပြန်တိုက်ခိုက်နိုင်လောက်သည့် အင်အားရှိလာစေရန် ကူညီပေးရမည်ဟု အိုဘားမားက ပြောကြားသည်။

၃။ ISIL အဖွဲ့၏ ထပ်မံတိုက်လိုက်လာမှုများကို ကာကွယ်ရန် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့၏ စွမ်းရည်ကို မြှင့်တင်ခြင်း
ISIL အဖွဲ့သို့ ရောက်ရှိနေသည့် ငွေကြေး ထောက်ပံ့မှုဖြတ်တောက်ခြင်းများကို အမေရိကန်အစိုးရအနေဖြင့် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်သည်။ ထောက်လှမ်းရေးများ တိုးမြှင့် ဆောင်ရွက်ခြင်း၊စစ်တပ်များကို ပိုမိုအင်အားဖြည့်ဆည်းခြင်း၊ စစ်သွေးကြွများ၏ အယူအဆ အတွေးအခေါ် များကို တန်ပြန်ဆောင်ရွက်ခြင်း၊ အရှေ့အလယ်ပိုင်းသို့ ၀င်ထွက်သွားလာနေသည့် ပြည်ပတိုက်ခိုက်ရေးသမား များကို ရှာဖွေဖော် ထုတ်ခြင်းတို့ကိုလည်း အမေရိကန်က လုပ်ဆောင်သွားမည်ဖြစ်သည်။ စက်တင်ဘာလကုန် ပိုင်းတွင် ကျင်းပမည့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အကြမ်းဖက်နှိမ်နှင်းရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆွေးနွေးပွဲတွင် သမ္မတအိုဘားမားက သဘာပတိ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

၎။ ISIL အဖွဲ့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အပြစ်မဲ့အရပ်သားများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း
ISIL စစ်သွေးကြွများကြောင့် ဒုက္ခကြုံတွေ့နေရသည့် ဆွန်နီနှင့် ရှီးအိုက်မွတ်စလင်များအပြင် ထောင်ပေါင်း များစွာသော ခရစ်ယာန်ဘာသာဝင်နှင့် အခြားဘာသာဝင်များကို အကူအညီပေးသွားမည်ဖြစ်သည်။
ထို့ပြင်သမ္မတ အိုဘားမားက “ ကမ္ဘာအနှံ့က အကြမ်းဖက်အဖွဲ့အစည်းတိုင်းရဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်တော်တို့ ရှင်းလင်းမပစ်နိုင်ပါဘူး။ အုပ်စုသေးလေးတွေက စစ်သွေးကြွတွေဟာ ကြီးမားတဲ့ နှောက်ယှက်မှုတွေကို လုပ်ဆောင်နိုင်ကြပါတယ်။  ဒီလိုပြဿနာမျိုးတွေဟာ စက်တင်ဘာ  ၁၁ တိုက်ခိုက်ခံမရမှု မဖြစ်ပွားခင်ကတည်း ကနေ အခုချိန်ထိ ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သတိရှိရှိစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။  လက်ရှိအချိန်မှာတော့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက လာတဲ့ ခြိမ်းခြောက်မှုတွေက အဆိုးဆုံးဖြစ်နေ ပါတယ်။ အဲဒီထဲက အုပ်စုတစ်ခုကတော့ IS အဖွဲ့လို့ ခေါ်နေကြတဲ့ ISIL အဖွဲ့ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။
Ref:The White House Blog
From:Mizzima

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...