Monday, 1 September 2014

စစ်အာဏာရှင်များ ကံစမ်းမဲပေါက်၍ ဗိုလ်ချုပ်ဖြစ်လာလေသလော.... ??

စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀မှာ …
စစ်ပညာပိုင်းကို သင်ကြားတဲ့ အခါ …
ပထမနှစ်မှာ ဒုတပ်ကြပ် အဆင့် …
ဒုတိယနှစ်မှာ အကြပ်ကြီး အဆင့် …
တတိယနှစ်မှာ အရာခံအဆင့် …
စတုတ္ထ နှစ်မှာ တပ်စုမှူး အဆင့် …
စသဖြင့် အဆင့်ဆင့် သင်ကြားပေးလေ့ရှိတယ် …

အဓိက ကတော့ ….
ကျောင်းဆင်းတဲ့ အချိန် …
ခြေလျင် တပ်စုတစ်စုကို …
ကောင်းကောင်းမွန်မွန် ကွပ်ကဲပြီး …
တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်တယ် …

ကျောင်းဆင်း အရာရှိဟာ …
ခြေလျင်တပ်မှာ တစ်နှစ်တန်သည် …
နှစ်နှစ်တန်သည် တာဝန်ထမ်းဆောင်ပြီးရင် …
ခြေလျင်တပ်စုမှူးသင်တန်း ပြန်တက်ရတယ် …

အဲတော့ ကျောင်းတုန်းကလဲ ….
တပ်စုမှူး အဆင့်အထိ စစ်နည်းဗျူဟာတွေ ….
သင်ခဲ့ပြီးပြီပဲ …..
တပ်စုမှူးသင်တန်းမှာ သင်တဲ့ စာက …
ကျောင်းတုန်းက စာ နဲ့  ဘာကွာလဲ ….
ဘာမှ သိပ်မကွာဘူး …
နည်းနည်းလေးပဲ အဆင့်မြင့်သွားတာ …
ဒီစာက ဒီစာ …
ဒီနည်းဗျူဟာက ဒီနည်းဗျူဟာ ပဲ ….

ဒါပေမယ့် ...
အရမ်းကွာသွားတယ်လို့ လဲ ပြောလို့ ရတယ် ….
ဘာလို့ လဲ ….
ကွာတာပေါ့ ….
အရင် ကိုယ်က ဒီစာကို ….
ဗိုလ်လောင်းဘ၀ နဲ့ သင်ခဲ့ရတာ ….
အခု ကိုယ်က လက်တွေ့ တစ်နှစ် နှစ်နှစ် ….
Field ထဲမှာကျင်လည်ပြီးသွားပြီ …

သီအိုရီ နဲ့  လက်တွေ့ သဘောကို …
စချိန်ထိုးတတ်လာတယ် …
သီအိုရီကို ကိုယ့်လက်တွေ့ နဲ့  ချိန်ထိုးသုံးသပ်ရင်း …
ကိုယ်လေ့လာနိုင်ရင် လေ့လာနိုင်သလောက် …
ကိုယ် စွမ်းရင် စွမ်းသလောက် …
ပိုပို မြင်လာ သဘောပေါက်လာရတယ် ….

သင်တန်းပြီးရင် …
Field ထဲကို ပြန်သွား ….
ဗိုလ်ကြီး ဖြစ်တဲ့ထိ တာဝန်ထမ်းဆောင် …
ပြီးရင် GAQ 3 ဆိုတဲ့  ....
Staff တာဝန်ကို ထမ်းဆောင်ရတယ် ….
ရုံးလုပ်ငန်းတွေ အဓိကလုပ်ရတယ်ဆိုပေမယ့် …
တကယ့် ရည်ရွယ်ချက်က ကိုယ့်ကို …
အမိန့် ပေးအဖွဲ့ (Command Group ) မှာ …
တာဝန်ထမ်းဆောင်စေတာ ….

G 3 အများစုဟာ ….
တိုက်ပွဲထောက်လှမ်းရေး သင်တန်းတက်ပြီးမှ …
ဒီနေရာကို တာဝန်ပေးတာဖြစ်လို့  …
သင်တန်းတုန်းက သင်ရတဲ့  ....
စာတွေ့ သဘောတရားကို …
ဒီ Command Group မှာ …
လက်တွေ့ ပြန်လုပ်ပြီး ...
အတွေ့ အကြုံ ယူရတဲ့ သဘောပဲ ….

သူများတွေတော့ မသိ …
ဒီ တိုက်ပွဲထောက်လှမ်းရေးသင်တန်းဟာ …
ကိုယ်တွေရဲ့ စဉ်းစားဆင်ခြင်ဥာဏ်ကို …
အမြစ်ကစလှန်ပြီး ပြောင်းပြစ်လိုက်သလိုပဲ …

ဒီသင်တန်း မှာ သင်ရတဲ့  …
ထောက်လှမ်းရေး စက်ဝန်းလည်တဲ့  သင်ခန်းစာမျိုးဟာ …
နာရီဝက်တစ်ကြိမ် ….
ကြေးနန်းတွေ ပလူပျံအောင်ဝင် …
ဝင်လာတဲ့ သတင်းတွေကို ချက်ချင်း မြေပုံတင် …
ကိုယ့်လက်အောက်က တပ်တွေကို …
သူ နဲ့ သက်ဆိုင်တဲ့ သတင်းပြန်ချပြ…
လိုအပ်တဲ့  အမိန့် ပေး ကြေးနန်းတွေ ပြန်ထုတ် …
ကိုယ့်တပ်လှုပ်ရှားမှုတွေ မြေပုံတင် …
တိုက်ပွဲ ဖြစ်စဉ်တွေ မြေပုံမှာ ရေးမှတ် …
ရန်သူ့ သတင်းပေါ်တဲ့ နေရာတွေ မှတ်သား …
သုံ့ ပန်းမိတဲ့ ကြေးနန်းမျိုး ၀င်လာရင် …
သူ့ နဲ့ အနီးဆုံး တပ်ထိန်းတပ်ဆွယ် ..
ဒါမှမဟုတ် ထောက်လှမ်းရေးတပ်ကို …
ရန်သူကို စစ်ကြောဖို့  အမိန့် ပေးကြေးနန်းတွေ ပြန်ထုတ် …
ခြုံခိုတိုက်ခံရတဲ့  ကိုယ့်တပ်ဖွဲ့ ကို …
တစ်ခြားတပ်တစ်ခုနဲ့  လူစားလဲထုတ်ဖို့  ကြေးနန်း ပို့  …
သုံးသပ်ချက်တွေရေး …
အထက်ဌာနကို အစီရင်ခံစာတွေ တင်ပြ ….
ဒီလို သင်ခန်းစာတွေကို …
နှစ်ရက် သုံးရက် ဆက်တိုက်လုပ်ရတာ…

ကိုယ့်ဖာသာ မခံနိုင်လို့  အိပ်ချင်လဲအိပ် …
ဒါပေမယ့်  ဒီ ဖြစ်စဉ်ကြေးနန်းတွေကတော့ …
နေ့ ရော ညရော ….
နာရီဝက် တစ်ကြိမ်လောက် ပုံမှန်ဝင်နေမှာပဲ ….
စက်ဝန်းလည်ပြီ ဆိုတာနဲ့  …
သင်တန်းသား အရာရှိတွေဟာ ….
သုံး လေးရက် ညမအိပ်ရလို့  …
မျက်တွင်းဟောက်ပက် နဲ့  …
ဘဲခေါင်းခြောက်ပုံစံမျိုးတွေ ဖြစ်ကုန်တယ် ….

သင်တန်းလဲပြီးရော …
တိုင်းတပ်မ စစ်ဌာနချုပ်တွေမှာ …
Command & Control System …
ဘယ်လို လည်ပတ်နေတယ်ဆိုတာကို …
အကြမ်းဖျင်း ရိပ်စားမိလာတယ် ….

နောက်ပိုင်း အသက်လေး နည်းနည်းရလာတော့မှ …
ဒီ ထောက်လှမ်းရေး စက်ဝန်းလည်တဲ့ သင်ခန်းစာဟာ …..
ပြည်ပ စစ် ဖြစ်နေတဲ့  အချိန် …
စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့  ….
စစ်ဦးစီးအရာရှိ Staff တစ်ယောက်ရဲ့ ဘ၀ကို …
War Game လုပ်ပြီး ….
အနီးစပ်ဆုံး တူအောင် ဖန်တီးထားတာမှန်း …
သဘောပေါက်တော့တယ် ….

ဦးစီးအရာရှိ တာဝန်နဲ့  ….
စစ်ဌာနချုပ် ( Command Group ) မှာ …
တာဝန်ထမ်းဆောင်ပြီးရင် ….
တပ်ခွဲမှူးသင်တန်းတက် ….
ပြီးရင် ယာယီတပ်ခွဲမှူး ဗိုလ်မှူးနဲ့  …
လက်တွေ့  Field ထဲ ပြန်ဆင်းရရော….
အာ့မှာက ကိုယ်က အမိန့် ပေးခံရတဲ့ နေရာ …
အမိန့် တွေကို လိုက်နာဆောင်ရွက် …
အကောင်အထည် ဖော်ရတယ် ….

အဲ …. မသေလို့  …
ဗိုလ်မှူး အပွင့် တင်ပြီးသွားရင်တော့ …
စစ်ဦးစီးမှူး ဒုတိယတန်း G2 …
တစ်ခါ ကိုယ်က ....
အမိန့် ပေးတဲ့  နေရာ ပြန်ရောက်တယ် ….

ပြီးရင် ရင်းမှူးသင်တန်းတက် ….
ဒုတပ်ရင်းမှူး ဘ၀နဲ့  Field ထဲ ပြန်ဆင်း …
နောက် ယာယီ တပ်ရင်းမှူး …
နောက် Field ထဲမှာပဲ တပ်ရင်းမှူး ဖြစ် ….
ပြီးရင် စစ်ဦးစီး တက္ကသိုလ် ကို တစ်နှစ်နီးပါး ပြန်တက် …
ပြီးရင် G1 ထွက်တယ် ….
Command Group ကို ပြန်ရောက်သွားပြန်ပြီ ….

G1 ဘ၀ နဲ့  စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ရင်း …
အတော်ကြာလာတဲ့ အခါ ….
ယာယီ နည်းဗျူဟာမှူး ဘ၀ နဲ့  …
Field ထဲကို ပြန်ဆင်းရတယ် ….
Field ထဲမှာပဲ အပွင့်တင် …ဗျူဟာမှူးဖြစ် …
တစ်ခါ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ …
တစ်နှစ် ပြန်တက် …

အဲမှာ သင်တာတွေကျတော့ …
စစ်ပညာတင် မဟုတ်တော့ဘူး ….
နိုင်ငံရေး သိပံ္ပ ... အုပ်ချုပ်ရေးပညာ …
နောက် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့  ….
လူကြီးတွေထဲကလဲ …
သူတို့ အတွေ့ အကြုံတွေ စာပြန်လာသင်ကြတယ် …
ပြည်ပက ပညာရှင်တွေလဲ ပါတယ် …
သင်တန်းပြီးရင် …
မဟာဝိဇ္ဇာဘွဲ့  ( ကာကွယ်ရေး ) ထပ်ပေးတယ် …

ပြီးရင် တပ်မမှူး ထွက် …
Field ထဲ ပြန်ဆင်း …
နောက် တိုင်းမှူး ထွက် ….
Command Group ကို ပြန်ရောက် …
ပြီးရင် ကစထမှူး ….
တပ်တော်မှူး အဆင့် …

ပြည်ပစစ်ဖြစ်ခဲ့ရင် ….
မြန်မာပြည်ကို အပိုင်းလိုက်ခွဲပြီး …
တပ်တော်ကြီး ၆ခု နဲ့  စစ်တိုက်ရမယ် …
အဲဒီ တပ်တော်တွေကို ကွပ်ကဲမှာက …
ဒီ ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီးတွေ ….
ညှိကွပ် ညှိနိုင်းကွပ်ကဲရေးမှူး ( ကြည်းရေလေ ) က …
စစ်ပွဲအတွင်း ကြည်းတပ် ရေတပ် နဲ့ လေတပ်တွေအကြား …
ပေါင်းစပ် ညှိနိုင်းပေးတဲ့ တာဝန် ….

ဒီလောက်ဆိုရင် …
တပ်မတော်မှာ အဆင့်ဆင့် ….
Command Group မှာ တစ်လှည့် ...
Field ထဲ တစ်လှည့် ...
ဘယ်လို လေ့ကျင့်ပေးထားတယ်ဆိုတာ …
သဘောပေါက်လောက်ပြီ ….

ဒီစတေးတပ်စ်က ပြောချင်တာ သုံးချက်ရှိတယ် …
ပထမ အချက်က ….
ခင်ဗျားတို့ ထိုင်ထိုင်ဆဲနေတဲ့  …
နကန်းတစ်လုံးမှ မတတ်ပါဘူး ဆိုတဲ့  စစ်ခွေးတွေကို …
အာ့လို လေ့ကျင့်ပေးထားတယ် …
လာလာ ဆဲနေတဲ့ ခင်ဗျားတို့ တွေရော …
ဘယ်လို လေ့ကျင့်နေလဲ …
ဘယ်လို လေ့ကျင့်ထားလဲ …. ??????

၂၂ နှစ်ကာလမှာ တည်ဆောက်ခဲ့တဲ့  ….
တပ်မတော် ရဲ့  ဖွဲ့ စည်းပုံ အသစ်ဟာ …
ပြည်တွင်းစစ်ကို ရည်ရွယ်သလား …
ပြည်ပစစ်ကို ရည်ရွယ်သလား ….
အတော်အသင့် ....
စဉ်းစားဥာဏ်ရှိတဲ့ သူတိုင်း သိနိုင်တယ် …

ဒုတိယအချက် …
ခင်ဗျားတို့ ပြောပြောနေတဲ့  …
အောက်ခြေကလူတွေကို ချစ်ပါတယ် …
အပေါ်ကကောင်တွေကို ကြည့်မရတာဆိုတဲ့  စကားက ….
ပေါကြောင်ကြောင် စကားဆိုတာ ပြောချင်တယ်…

ဘာလို့ တုန်းဆိုတော့ ….
မဲပေါက်ပြီး အပေါ်ရောက်သွားတဲ့ သူ…
တစ်ယောက်မှ မရှိ …..
အပေါ်မှာရော အောက်မှာပါ …
ကောင်းတဲ့ သူရှိတယ် …ဆိုးတဲ့သူရှိတယ် …
ကောင်းခြင်း ဆိုးခြင်းကို …
အပေါ်အောက်နဲ့  ဆုံးဖြတ်လို့ မရနိုင်ဘူး ….
ဒါကို ပြောချင်တယ် ….

တတိယအချက်က …
ခြုံငုံ သုံးသပ်နိုင်စွမ်း …
လူဆိုတာ ကိုယ်ကြည့်သလောက် မြင်တာပဲ …
တိုင်းစစ်ဌာနချုပ်က …
ဦးစီးအရာရှိ G3 တစ်ယောက်ရဲ့ ရူမြင်ပုံ နဲ့  ….
မြေပြင်က တပ်ရင်းမှူးတစ်ယောက် ရဲ့  ရူမြင်ပုံ မတူဘူး …

G3က သူ့ စစ်တိုင်း တစ်တိုင်းလုံး မှာ ဖြစ်နေတဲ့  …
ကိစ္စတွေအပေါ်က ခြုံငုံ သုံးသပ်ရတယ် ….
တပ်ရင်းမှူး က ….
သူ့ တပ်ရင်း ရင်ဆိုင်နေရတဲ့  အခြေအနေပေါ်က …
ရူမြင်သုံးသပ်ရတယ် …..

အဖြစ်အပျက်ကြီး တစ်ခုလုံးကို ပြောချင်ရင်တော့ …
Bird Eye View အပေါ်စီးကနေ …
အားလုံးကို ခြုံငုံ သုံးသပ်နိုင်ဖို့ လိုတယ် ….

ဥပမာ ၈၈ အရေးအခင်းလို ကိစ္စမှာ …
သေနတ်နဲ့  ပစ်ခံရတဲ့  လူအုပ်အကြောင်း …
ဒီမိုကရေစီ အကြောင်းပဲ တွင်တွင်ပြောနေပြီး …
သမိုင်းနောက်ခံ အခြေအနေ …..
ကွန်မြူနစ်ပါတီ နဲ့  ယူဂျီ ….
မိုင်းယန်း နဲ့  မဲသဝေါ …
အမေရိကန် ရေတပ်နဲ့  မင်းမဲ့ စရိုက် …
နိုင်ငံရေးသမားချင်း အာဏာလုမှု …
ဒါတွေ အားလုံးကို …
ပြည့်ပြည့်စုံစုံ ထည့် မသုံးသပ်နိုင်ရင်တော့ …
မျက်မမြင် ပုဏ္ဏား ဆင်စမ်းသလို အဖြေ ပဲ …
ပေါ်ထွက် လာစေမှာပဲ ….

၈၈ အရေးအခင်းမှာ ….
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေ ...
အများကြီးရှိပေမယ် ….
အရေးအခင်းကြီး တစ်ခုလုံးကို ခြုံငုံပြီး …
ရူမြင် သုံးသပ်နိုင်တဲ့ သူ အတော်နည်းတယ် …

အဲလိုပဲ ….
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အကြောင်း ပြောလိုက်ရင်လဲ …
ကိုယ်လိုရာ ကွက်ကွက်လေးတွေ ….
လက်ညိုးထိုး Focus လုပ်ပြီး ….
သုံးသပ်နေကြတာ များတယ် ….

အမှန်တကယ် ….
အလုပ်ဖြစ်မယ့် နည်းလမ်းကို လိုချင်ရင် …
အတိတ် သမိုင်းကြောင်း …
အနှစ် ၆၀ ပြည်တွင်းစစ် ….
အရာအားလုံး အဖြစ်အပျက်အားလုံး …
ဘက် အားလုံးရဲ့ အမျိုးမျိုးသော ခံစားချက်တွေ …
ဒါတွေကို ထည့်သွင်းစဉ်းစား သုံးသပ်နိုင်မှ ….
အဖြေမှန်ကို ရမယ် ….

ဒီအတိုင်းထိုင်ပြီး တစ်ဖြဲ နှစ်ဖြဲ နဲ့  ….
စစ်အာဏာရှင် စနစ် ပြုတ်ကျရေး …
စစ်ခွေးများ ကိုယ့်နေရာကိုယ် ပြန်ရေး ….
တွင်တွင် အော်နေတဲ့  သူတွေကိုတော့ …
ငပိန်းလို့ ပဲ မြင်တယ် …
စိတ်တော့ မဆိုးနဲ့  ….. ။ ။

From: ( ရဲမိုး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...