Monday, 1 September 2014

စစ်တပ်က ဖျက်ဆီးလို့  …. တိုင်းပြည် ဆင်းရဲသွားတယ်..... ???


စစ်တပ်က ဖျက်ဆီးလို့  ….
တိုင်းပြည် ဆင်းရဲသွားတယ်လို့  …
အကြိမ်ကြိမ် စွပ်စွဲခံရပါများတော့ ….
ကိုယ် မီသလောက် ….
တွေ့ ကြုံဖူးသလောက် ကိစ္စတွေကို …
ပြန်ပြောစရာ ဖြစ်လာခဲ့တယ် …

ပြည်သူလို့  ပြောလိုက်တာနဲ့  …
ပထမဆုံး စပြီး အတွေးထဲ ၀င်လာတာက …
အမေ ပြောဖူးတဲ့  တောင်သူလယ်သမား ဦးကြီးတွေ …
အမေက အာ့တုန်းက ….
မြန်မာ့အာမခံ လုပ်ငန်း ကော်ပရေးရှင်းက …
သာမန် စာရေးလေး ….

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ …
မဆလ အစိုးရက …
တောင်သူလယ်သမား ဦးကြီးတွေအတွက် ….
မြန်မာ့ အာမခံကော်ပရေးရှင်းကို …
ခိုင်းကျွဲ ခိုင်းနွားများ အာမခံ စီမံချက်ကို …
အကောင်အထည်ဖော် ဆောင်ရွက်စေတယ် …

အဓိက ကတော့ ….
တောင်သူလယ်သမားတွေရဲ့ အသက် …
ကျွဲနွားတွေ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရင် …
လျော်ကြေးရအောင် …
ပြန်အစားထိုးနိုင်အောင် စီစဉ်ပေးတာ ….
တောင်သူလယ်သမား ဦးကြီးများဆိုတာ …
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ….
ဖတ်စာမှာ တတွတ်တွတ် ရွတ်နေရတဲ့  …
ကျေးဇူးရှင်တွေ မဟုတ်လား. …

ခိုင်းကျွဲ ခိုင်းနွား အာမခံဟာ …
စထားတဲ့ အချိန်မှာ သိပ်အောင်မြင်တယ် …
ရွာတွေမှာ လူတိုင်းထားကြတယ် …
မထားတဲ့ သူ မရှိ ….
ဦးကြီးတွေဟာ လယ်မစိုက်တော့ပဲ ….
ဒီ အာမခံကိစ္စပဲ …
ထိုင်လုပ်နေသလား အောက်မေ့ရတယ် …

ဒါပေမယ့် သိပ်မကြာလိုက်ဘူး …
ဒီအာမခံ လုပ်ငန်းကြီးဟာ …
နှစ် အနည်းငယ် အတွင်းမှာပဲ ….
အလဲလဲ အကွဲကွဲ နဲ့  ရပ်တန့် သွားတယ် …

မြွေပေါက်လို့  …
ရေနစ်လို့ …
ရောဂါဖြစ်လို့  ….
တစ်နှစ်တစ်နှစ် သေလိုက်တဲ့ နွားတွေ …
ထောင်နဲ့  သောင်း နဲ့  ချီတယ် …
မြန်မာ့ အာမခံက လျော်လိုက်ရတာ …
လက်ကို မလည်နိုင်ဘူး …

အောက်ခြေ ပါတီယူနစ်က ပုဂ္ဂိုလ်တွေလဲ …
ဒီကိစ္စမှာ ပါဝင်ပတ်သက်ပုံ ရတယ် …
အဆိုးဆုံးက ….
စကတည်းက ရှိမနေတဲ့  နွားကို …
အာမခံ လာထားထားပြီး ...
တကယ်ရှိတဲ့ နွားကျတော့လဲ ....
တကယ်မသေတဲ့ ကိစ္စပဲ ….

အမှန်တကယ်ရှိကြောင်း ….
ထောက်ခံချက်တွေ တစ်ထပ်ကြီး နဲ့  ဒီနွားဟာ …
အာမခံထားပြီး သိပ်မကြာ …
နယ်မြေခံပါတီ ယူနစ် နဲ့  ….
တောင်သူဦးကြီးတို့ ရဲ့  အခင်ဆုံးမိတ်ဆွေ ….
မြွေ ဆယ်ကောင်လောက် တစ်ပြိုင်နက် ၀ိုင်းကိုက်ပြီး …
အနိစ္စသဘော နဲ့  ကိစ္စချောတော်မူရှာတယ် …
ရက်စက်ယုတ်မာသော မဆလ နေ၀င်း အစိုးရ ခမျာလဲ …
သောက်သောက်လဲ လျော်တော်မူရရှာတယ် ….

ဒီ စီမံချက် ရပ်တန့် ချိန်မှာတော့ …
မြန်မာ့အာမခံ လုပ်ငန်းမှာ …
ဦးကြီးတွေကို …
လည်သူ တောင်သမား ဦးကြီးများလို့  ပဲ …
ခေါ်ဝေါ် သမုတ်ကြတော့တယ် …

ဒုတိယ သတိထားမိတာတော့ …
မှောင်ခို ကိစ္စပဲ …
အာ့တုန်းက မန်းလေး -လားရှိုးက …
တစ်ညအိပ် ခရီးသွားရတဲ့ ကာလ …
အခန့် မသင့်ရင် ဓားပြ တိုက်ခံရတတ် သေးတယ် …

ဒါပေမယ့် ဓားပြထက်ပိုဆိုးတာက ခါးပတ်ကြား …
အာ့ဒါ ကာစတန် အကောက်ခွန် ကို ...
အာ့ခေတ်က ခေါ်တဲ့ ဗန်းစကား …
ဘာလို့ ခေါ်မှန်းတော့ မမှတ်မိတော့ဘူး ….

ကားတွေကလဲ အကုန်သယ်တယ် …
ပုဇွန်ကို မေဆွိ လို့ ခေါ်တယ် …
လိပ်ကို နင်ဂျာလို့ ခေါ်တယ် ….
ဘာမှ မချန် အကုန်သယ်တာ…
မူဆယ်ကို တိုက်ရိုက်မပေါက်တော့ …
လားရှိုးက တစ်ထောက်နားရပ် …
အရမ်းစည်ခဲ့တာ ….

အာ့ခေတ်က ဟိုင်းလတ်ကားတွေက …
လမ်းမှာကားချင်းဆုံတိုင်း …
လက်နဲ့ သင်္ကေတ တွေ ပြရတယ် …
လက်မအောက်စိုက်ပြီး ခါပြသွားရင် …
နီးရာတောထဲ ၀င်ပုန်းတော့ …
အရှေ့ မှာ ခါးပတ်ကြားရှိတယ် …
ဒီလို ….

ဒါပေမယ့် အာ့ခေတ်ကလဲ ….
တစ်ရက်တစ်ရက် …
ကားတွေ ရာနဲ့ ချီပြီး မှောင်ခိုတွေ ချခဲ့ကြတာပါပဲ …
မိတော့လဲ ညှိ …
ညှိ မရတော့လဲ ဖမ်းခံရ … ဒီလိုပါပဲ ….

တတိယ သတိထားမိတာက …
စစ်အစိုးရ လက်ထက်..
ဈေးကွက်စီးပွားရေးဆိုတော့ …
အုံနဲ့ ကျင်းနဲ့  ဆော်ကြတယ် …
ခွင့်ပြုပေးတာက အကျင့်ပျက် တာဝန်ရှိသူ တစ်ချို့  …
တစ်ပျော်တပါးကြီး ကယ်ရီရိုက်ကြတာက အရပ်သားတွေ ….
ဒီဘက်က မြွေ လိပ် ကျောက်စိမ်း သစ် ….
ဟိုဘက်က တရုတ်ပစ္စည်းမျိုးစုံ ….
ဒီလိုနဲ့ ပဲ လားရှိုးမူဆယ်လမ်းကြောင်းကြီး …
ဖွံဖြိုးစည်ပင်လာခဲ့တယ် …

စတုတ္ထ သတိထားမိတာက …
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ …
ကိုယ်တွေ ကျောင်းဆင်းလို့  …
ရှမ်းမြောက်မှာ တာဝန်ကျတော့ …
လောက်ကိုင်ဈေးထဲမှာ …
ဘိန်းစိမ်းကို ချိန်ခွင်နဲ့  ချိန်ရောင်းတာကို …
တအံ့ တသြ ရပ်ကြည့်ခဲ့ရဖူးတယ် …..

အာ့တုန်းက ဆေးပြားစက်တွေက …
လောက်ကိုင်မြို့ ရဲ့ အိမ်တွင်းမှု စီးပွားရေးပဲ …
နောက်ပိုင်း ဒကစလောက်ကိုင် လာဖွင့်တော့မှ …
အတော် ကိုယ်ရှိန်သတ်ကုန်တယ် …
အာ့တုန်းက ဖုန်ကြားရှင် ဒကစ ကို လာတိုင်း …
ဒကစမှူးက မူးယစ်ဆေးဝါးကိစ္စကို …
အရမ်းဖိအားပေးတာ မှတ်မိနေသေးတယ် …
နောက်တစ်ခု ဖိအားပေးတာက …
သူခိုးမိရင် စာချိတ် ဈေးထဲ လည်ပြပြီး ...
လူလည်ကောင်မှာ ပစ်သတ်ပြတဲ့ ကိစ္စ ….
ဒကစမှူးက ရဲလက်ကို အပ်ဖို့  …
အတင်းပြောယူရတယ် ….

ပဉ္စမ သတိထားမိတာက ….
နယ်စပ်ဒေသ အတော်များများမှာ …
အစိုးရ သြဇာမတည်တဲ့  ကိစ္စ …
ချင်းရွှေဟော် ကျော်တာနဲ့  …
ကိုးကန့် ဂိတ်က စ အခွန်ကောက်တယ် ….
တရုတ်ငွေဆောင်ရတာ…
ကိုယ်တွေ စစ်ကားကို တံခါးဖွင့်မပေးလို့  ….
ပစ်မယ် ခတ်မယ် ဖြစ်လုနီးပါး …
စကားများခဲ့ရတာလဲ အကြိမ်ကြိမ် …

တပ်နားက ဗြုံးတောင်ကို ဗြုံးတူးတော့ …
သူတို့ ပိုင်တဲ့ တောင်မို့ လို့  မတူးရလို့ …
လာကန့် ကွက်တာ ကြုံရဖူးတယ် …
ရဲစခန်း ရှိပေမယ့် …
ရဲက အပြင်မထွက်ရဲဘူး …
ရဲ အလုပ်လုပ်ဖို့ ဆိုတာဝေးရော ….
တပ်က တပ်စိတ်တစ်စိတ် …
ရဲစခန်းမှာ အမြဲတပ်စွဲပေးထားရတယ် …

ရဲစခန်း နဲ့  ကိုက်၁၀၀လောက်အကွာမှာ ..
ကိုးကန့် က လိုင်စင်ထုတ်ပေးထားတဲ့  ….
ပြည့်တန်ဆာတန်းကြီး ….
ညနေဆို လူအလုအယက် ထွက်ခေါ်နေတာ …
အာ့ရှေ့ ဖြတ်မလျှောက်ရဲ ….

ဗမာ မြင်ရင် …
ဘယ် ဒေါင်းဇား သင်ပေးသွားမှန်းမသိတဲ့  …
ဗမာစကား အညစ်အပတ်တွေနဲ့  …
လှမ်းလှမ်း ခေါ်တာမို့  …
အာ့နားကို ညနေဆို …
ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် …
ဝေရာမဏိ လုပ်ထားရဖူးတယ် …

ဆဋ္ဌမ သတိထားမိတာကတော့ …
ရှေ့ တန်း ထွက်ရင် တွေ့ ရတဲ့  တောထဲက ရွာတွေပဲ ….
လောမီတာကွန် ( ဗမာဗိုလ်ကြီး ) ….
ခင်ညားတို့  ဘိန်းခင်းတွေ ...
ဘာလို့ ဖျက်လဲ နားမလည်ဘူး …
ဘိန်းက အစေးကလဲ ဈေးကောင်းရတယ် ..
အရွက်ကလဲ စားလို့ ရတယ် …
အစေ့ကလဲ စားလို့ ရတယ် …
အရိုးကိုလဲ စင်းပြီး ကျွဲကျွေးလို့ ရတယ် ….
ခင်ညားတို့  အစားစိုက်ဖို့ ပေးတဲ့  ....
ပန်းဂျုံက အလကားပဲတဲ့  …
ကိုယ်တွေ လုံခြုံရေးလိုက်ပေးဖူးတဲ့  …
ဂျပန် ပန်းဂျုံ စီမံကိန်းက ပုဂ္ဂိုလ်တွေကြားရင် …
ကွကိုယ် သတ်သေသွားနိုင်တယ် …..

သတ္တမ သတိထားမိတာက …
အလွန်ခေါင်တဲ့  တောထဲကရွာတွေ …
ကွမ်းလုံကို ရောက်ဖူးသူတောင် …
ရွာမှာ လက်ချိုးရေလို့ ရတယ် ….
ဘယ်သူ အုပ်ချုပ်နေမှန်းမသိ …
ကုန်ကုန်ပြောရရင် …
သူတို့ ကိုယ်သူတို့  တရုတ်ပြည်ကလို့ ထင်နေတဲ့  …
ရွာ က ရှိသေးတယ် …

အဋ္ဌမ သတိထားမိတာက …
ရန်ကုန်ရောက်တော့ …
တပ်ကို တဂျိမ်းဂျိမ်းလာနေတဲ့  …
စီးပွားရေးသမား လူတန်းစားတွေ …

ကိုယ်တွေ ထောက်လှမ်းရေးသာ ပျက်သွားတယ် ..
သူတို့ ကတော့ ပန်းပန်လျှက်ပဲ …
နောက်လူဆီ ဆက် ၀င်ထွက်ကြတယ် ….
လူကြီး သားသမီးတွေကို နည်းပေးလမ်းပြ လုပ်ခဲ့တဲ့  ...
အကြံဥာဏ်ပေးခဲ့ ကြတဲ့  အုပ်စုတွေ ….
လူကြီး သားသမီးတွေ နဲ့ ပေါင်း …
တိုင်းပြည်ကနေ ရသမျှ ခုတ်ကြ ခွာကြ …
လှီးကြ ချွတ်ကြ ယူကြတော်မူကြတယ် ….

န၀မ သတိထားမိတာက ….
လက်ဘက်ရည်ဖိုးတောင်းတဲ့  လူတန်းစား ….
ဘယ်ရုံးသွားသွား ဘယ်ကိစ္စ လုပ်လုပ် …
လဘက်ရည်ဖိုးပေးမှ အဆင်ပြေတယ် …
မပေးရင် တတ်နိုင်သလောက် အချိန်ဆွဲ …
ညစ်ကြ ကပ်ကြ စုတ်ကြ ပဲ့ ကြတော်မူကြတယ် ….
ဝန်ထမ်းလဲ ၀န်ထမ်းအလျှောက် …
ပွဲစားလဲ ပွဲစားအလျှောက် …
သူ့ ထက်သူ လူစွမ်းကောင်းတွေချည်းပဲ …

ဒဿမ သတိထားမိတာကတော့ ….
သာမန်ပြည်သူတွေပဲ …
ကွမ်းသွေးကို ဖြစ်သလိုထွေးတယ် ….
ကားပေါ်က အမှိုက်ချတယ် …
မီတာကို မလည်အောင် အကြံအဖန်ထုတယ် …
ပြည်သူပိုင် ပစ္စည်း တို့ ပစ္စည်းလို့ ....
ကြွေးကျော်ပြီး သကာလ …
ညည မီးလုံးကို အပျင်းပြေခွဲပြီး …
ရပ်ထားတဲ့  ကားတွေ …
ခဲနဲ့  လက်တည့်စမ်းကြတယ် ….

ဒါ ကျွန်တော့် အသက်အရွယ်နဲ့  …
လက်တွေ့ ကြုံခဲ့  သိခဲ့ မီခဲ့သမျှတွေ …

အာ့တော့ ကျွန်တော် မေးချင်တာက …
တိုင်းပြည် ဆင်းရဲသွားတဲ့  ကိစ္စက …
အစိုးရ အပေါ် ….
စစ်တပ်အပေါ်ပဲ တာဝန်ရှိခဲ့သလား ….
ကျန်တဲ့  တိုင်းရင်းသား လက်နက်ကိုင်တွေ …
ကျန်တဲ့ နိုင်ငံရေးသမားတွေ အပေါ်ရော …
တာဝန်မရှိဘူးလား ……????
ခင်ဗျားတို့ ကွကိုယ် မညာတမ်း ဖြေကြည့်စမ်းပါ …

တစ်ခါလာလဲ ၆၂ စစ်အာဏာသိမ်းတာ …
နှစ်ခါလာလဲ အနှစ် ၆၀ စစ်တပ်က အုပ်ချုပ်လို့  မွဲသွားတာ…
အံ့ သြဖို့ ကောင်းတာ တစ်ခုက ….
ဒီ ၆၂ အာဏာသိမ်းခဲ့တဲ့  အထဲပါတဲ့  ….
ထိပ်ပိုင်း စစ်ခေါင်းဆောင်တစ်ချို့ ဟာ …
အန်အယ်လ်ဒီက ….
ဦးတင်ဦး ၊ ဦးကြည်မောင် ….
ဦးအောင်ရွှေတို့ ဖြစ်တယ်ဆိုတာကျတော့ …
အတိတ်မေ့နေ …
ရူးချင်ယောင်ဆောင်နေကြတာ …..

ပြောလိုက်ဦးမယ် …
ဒီ ပြည်တွင်းစစ်က ....
အရပ်သား အစိုးရ လက်ထက်စခဲ့တာ …
လူမျိုးစု လက်နက်ကိုင် အများစုဟာ …
ခင်ဗျားတို့ ပြောတဲ့  ဒီနိုင်ငံရေးသမားတွေရဲ့ …
သောက်သုံးမကျတဲ့ …
လုပ်ဆောင်ချက်တွေကြောင့် ပေါ်လာခဲ့တာ….

စစ်ဖြစ်တာလဲ ဒီအစိုးရ လက်ထက် …
လူမျိုးစု လက်နက်ကိုင်တွေ ....
ပေါ်လာတာလဲ ဒီအစိုးရလက်ထက် …
အင်းစိန် နဲ့ မန်းလေး ပါ အသိမ်းခံရတဲ့ အထိ …
အခြေအနေဆိုးခဲ့တာလဲ ဒီအစိုးရလက်ထက် …
ရိုဟင်ဂျာ အသံဆိုပြီး …
မြန်မာ့အသံ က လွှင့်ခွင့်ပေးခဲ့တာလဲ …
ဒီအစိုးရ လက်ထက် ….

၅.၁၂.၁၉၆၀ လွှတ်တော်မှာ …
ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်က ….
ဗုဒ္ဓဘာသာကို ...
နိုင်ငံတော်ဘာသာလို့ ပြဋ္ဌာန်းလိုက်တဲ့ အတွက် ….
လူမျိုးတစ်မျိုး နှင့် တစ်မျိုး မုန်းတီး ရန်လိုကုန်ပြီး …
ပြည်ထောင်စု ပြိုကွဲမလို ဖြစ်နေပြီဆိုတာ ….
အစိုးရ အနေနဲ့  သိပါသလားဆိုပြီး …
ကြယ်ပွင့်ပြ မေးခွန်း မေးယူခဲ့ရတာလဲ …
ဒီ အစိုးရ လက်ထက် ….

ခွီး …..ပြီးတော့မှ စစ်တပ်ကပဲ …
တိုင်းပြည်ကို ဖျက်ဆီးခဲ့တယ် ဖြစ်ရသေး …

စစ်တပ်ကောင်းကြောင်း …
စစ်အာဏာရှင်တွေ ကောင်းကြောင်း ....
ပြောနေတာမဟုတ် …
အပြစ်အားလုံး စစ်တပ်ကို ပုံချပြီး ….
ကိုယ်ကိုယ့်ကို ရွှေမင်းသမီးလေး …
ပူတူးတူးလေး လုပ်လို့  ၀င်ဝင်ပြောနေရတာ …

အာစီယံမှာ အချမ်းသာဆုံး ဖြစ်ချင်တယ် …
ဟုတ်လား …????
ဆုတောင်းလေ …ဆုတောင်း …
ဒီမိုး ဒီလေ ဒီလူ ဒီစစ်ပွဲတွေနဲ့  …

ဆုမတောင်းခင် …
ငါတို့ စည်းကမ်းမရှိအောင် …
စာအုပ်တွေ မဖတ်အောင် …
ပညာမတတ်အောင် …
တိုင်းပြည် ဆင်းရဲသွားအောင် …
စစ်အစိုးရက တမင်အကွက်ချလုပ်ခဲ့လို့  …
ငါတို့ အခုလို ဖြစ်နေရတာဆိုတဲ့  …
ပေါတောတော အယူအဆလေး အရင်ပြင်လိုက် …

တော်ကီတွေ သိပ်ပြစ်မနေနဲ့  …
မြန်မာ့ နိုင်ငံရေး သမိုင်းမှာ …
ရွှေဘ ဆိုတာ မရှိ …
ချီးဘူး နဲ့  အံ့ ကျော်ပဲ ရှိတယ် …
မှတ်ထား … ဒါပဲ ။ ။

From: ( ရဲမိုး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...