Monday, 8 September 2014

ဝတ်ရုံနက်ကြီး ၀တ်ပြီး တစ်နိုင်ငံလုံး ခြေလျင် သွားလာနေသည့် အမျိုးသမီး

လျှို့ဝှက်ဆန်းကြယ်နှင့် ဂမ္ဘီရ၀တ္ထုများထဲမှ ဇာတ်ကောင်များအတိုင်း အမျိုးသမီးတစ်ဦးသည်
ဝတ်ရုံအနက်ဖြင့် တစ်ဦးတည်း အမေရိကန်နိုင်ငံမြို့ကြီးများသို့ တစ်မြို့ဝင်တစ်မြို့ထွက် ခြေလျှင်
ခရီးသွားလာနေကြောင်း သတင်းမီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီး
အဆိုပါအမျိုးသမီး မည်သူမည်ဝါ ဖြစ်သည်ကို လူအများ စိတ်ဝင်စားလာကြသည်ဟု Oddity
Central သတင်းဌာနက ဖော်ပြသည်။

ယင်းအမျိုးသမီး၏ ဓာတ်ပုံအများအပြားကိုလည်း အင်တာနက်တွင် လူအများက တင်ကြပြီး
ဖေ့စ်ဘုတ်ခ် လူမှုကွန်ယက်တွင်ပင် အဆိုပါအမျိုးသမီးအား ရည်ညွှန်းသည့် “Where is the
Mysterious Woman in Black” ဟူသည့် စာမျက်နှာတစ်ခုပင် ပေါ်ထွက်လာခဲ့သည်။

ထို့အတူ အခြားလူမှုကွန်ယက်များ ဖြစ်ကြသည့် အင်စတာဂရမ်၊ တွစ်တာတို့တွင်လည်း ယင်း
အမျိုးသမီး၏ ဓာတ်ပုံများနျင့် ၎င်းမည်သူမည်ဝါ ဖြစ်နိုင်ကြောင်း ထင်မြင်ရေးသားချက်များ
အသုံးပြုသူများအကြားတွင် ရေပန်းစားလာခဲ့သည်။ ၎င်းအမျိုးသမီးသည် လမ်းလျှောက်ရာတွင်
မည်သူမျှနှင့် စကားသိပ်ပြောလေ့မရှိပဲ တစ်ဦးတည်းသာ လမ်းလျှောက် လေ့ရှိပြီး ယင်းအချက်
ကြောင့်ပင် ၎င်းကို လူအများ ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။

လူအချို့ ကမူ ယင်းကို သာသနာပြုနေသူတစ်ဦးအဖြစ် ထင်မြင်ရေးသားကြပြီး အချို့ကယင်းမှာ
ပင်တဂွန်စစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။ လူအချို့ကလည်း
၎င်းကို မဟူရာနတ်မိမယ်အဖြစ် တင်စားပြောဆိုကြပြီး အမျိုးသမီးတစ်ဦးကမူ သူ၏ သမီးငယ်လေး
က မဟူရာနတ်မိမယ်၏ ဦးခေါင်းတစ်ဝိုက်တွင် ရောင်စဉ်များ ထင်ဟပ်နေသည်ကို တွေ့ရှိခဲ့ရ
ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ၎င်းတို့ မိသားစုမှာ အေးချမ်းမှုများနျင့် ပျော်ရွှင်မှုများ ပိုမို
များပြားလာသည် ဟုပင် ရေးသားပြောဆိုခဲ့သည်။

သို့ရာတွင် အဆိုပါအမျိုးသမီးနှင့် မောင်နှမတော်စပ်သူ ရေမွန်ပိုးလ်စ်ဆိုသူ၏ ရှင်းလင်းချက်များ
ထွက်ပေါ်လာမှသာ ယင်းထင်မြင်ယူဆချက်နှင့် ရေးသားချက်များမှာ အခြေအမြစ်မရှိသည့်
အရာများ ဖြစ်ကြောင်းကို သေချာစေခဲ့သည်။ စစ်ပြန်တစ်ဦးနျင့် အသက်၅၆နှစ်ရှိပြီဖြစ်သော
အဲလီးဇဘတ်ပိုးလ်စ်တွင် သားသမီးနျစ်ယောက်ရှိပြီး အယ်လဘားမားပြည်နယ်၊ မော့သ်မြို့တွင်
နေထိုင်သူဖြစ်သည်။

၂၀၀၈ခုနှစ်တွင် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း
တွင် အဲလီးဇဘတ်တွင် စိတ်ရောဂါစွဲကပ်လာခဲ့သည်။ ယင်းနောက်ပိုင်းတွင် မိသားစုဝင်ဖြစ်သူများ
က ၎င်းအား စစ်ပြန်ကြီးများဆေးရုံသို့ တက်ရောက်ကုသမှု ခံယူစေခဲ့သည်။

ယင်းဆေးရုံတွင် တက်ရောက်ကုသမှုခံယူစဉ်အတွင်း ၎င်း၏ စိတ်ကျန်းမာရေးအခြေအနေမှာ
သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သော်လည်း ယင်းမှာ ကြာရှည်ခံခဲ့ခြင်းမရှိပေ။ နောက်
ပိုင်းတွင် ၎င်း၏ အခြေအနေမှာ ပြန်လည်ဆိုးရွားလာခဲ့ပြီး နောက်ဆုံးတွင် ၎င်းမှာ ဆေးရုံမှ
ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ အဲလီးဇဘတ်သည် အမေရိကတစ်ခွင်
တစ်ကိုယ်တည်းလမ်းလျှောက်ခြင်းခရီးစဉ်ကို စတင် ခဲ့သည်။

"နောက်ပိုင်း သူ့ရဲကခရီးစဉ်ကို စတင်ခဲ့တဲ့ နေရာက သူတက်ခဲ့တဲ့ ဆေးရုံကနေဆိုရင် တစ်မိုင်
လောက်ပဲဝေးတယ်။ အဲဒီနေရာကို သူသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက ကျွန်တော့်အိမ်ကို
ရောက်လာတယ်။ ဘ၀င်မကျတဲ့ ပုံစံနဲ့ ညည်းညူကြိမ်းမောင်းတယ်။ တစ်ညကျတော့ သူရောက်
လာတယ်။ နောက်ပြီး ကျိန်စာတိုက်တဲ့ပုံစံနဲ့ ပါးစပ်က ဆက်တိုက်ဆိုသလို ရွတ်ဆိုတယ်။

တနင်္ဂနွေတစ်နေ့မှာတော့ သူ့ဆံပင်တွေ အကုန်ရိတ်ပစ်ပြီးတော့ ဘုရားကျောင်းလည်းမသွားတော့
ဘူး။ အဲဒီနောက်ပိုင်း လတော်တော်ကြာအောင် သူလုံးဝ ပျောက်သွားခဲ့တယ်" ဟု ရေမွန်က
ပြောသည်။

သို့တိုင် ၎င်း၏အစ်မဖြစ်သူသည် စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူဖြစ်ကြောင်း
ရေမွန်က ထုတ်ဖော်ပြောဆိုခဲ့သည်။ "အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို
အိမ်ပြန်လာစေချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ သူ့ကို ကုသစောင့်လျှောက်မှုတွေ ပေးနိုင်မှာ
ဖြစ်ပါတယ်" ဟု ယင်းက ပြောသည်။

ယခုအခါတွင် အဲလီးဇဘတ်အတွက် ရည်ညွှန်းထားသည့် ဖေ့စ်ဘုတ်အကောင့်ကို follow
လုပ်ထားသူ နျစ်သောင်းနီးပါးခန့်ရှိပြီး ၎င်းတို့က အဲလီးဇဘတ်ကို ၎င်း၏ ခရီးစဉ်တစ်လျှောက်
မျက်ခြည်မပြတ် စောင့်ကြည့်ရန် ကြိုးစားနေကြသည်။

"တကယ်လို့ သင့်အနေနဲ့ အဲဒီအမျိုးသမီးကို တွေ့ရှိခဲ့လို့ရှိရင် စားစရာဖြစ်ဖြစ်၊ သောက်စရာဖြစ်ဖြစ်၊
ဒါမှမဟုတ် သူ့မှာလိုအပ်နေတယ်လို့ သင်ထင်တဲ့အရာတစ်ခုခုကို လှူဒါန်းပြုစုလိုက်ပါ။
ကျေးဇူးပြုပြီးတော့ သူ့ကို နွေးထွေး စွာ ဆက်ဆံပေးကြပါ။ သူ့ကို ကူညီပေးကြပါ" ဟု
အသုံးပြုသူတစ်ဦးကလည်း ၀င်ရောက်ရေးသားခဲ့သည်။

From: The Myanmar Times

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...