Friday, 12 September 2014

သမ္မတကြီး ဦးသိန်းစိန်လည်း မြန်မာဘောလုံးပွဲတွေ ကြည့်ပါသည်

ဥရောပ ၃ နိုင်ငံကို ဆယ်ရက်ကြာ ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ ၃ နိုင်ငံလုံးထံမှ
မြန်မာနိုင်ငံနဲ့ ပြည်သူများအတွက် လိုအပ်သော အကူအညီများ ရယူနိုင်ခဲ့တဲ့ အောင်မြင်သော ခရီးစဉ်
တစ်ခု ဖြစ်ခဲ့ပါတယ်။ မဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေဆီက ငွေကြေးကအစ နည်းပညာအဆုံး အဘက်ဘက်က အကူအညီတွေ လိုအပ်နေတာ အားလုံးအသိပါ။ ဒါကြောင့်လဲ ဘယ်နိုင်ငံကိုပဲရောက်ရောက် ကိုယ်ကျိုးမရှာဘဲ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် မျက်နှာပူပူနဲ့ လိုတာတောင်းတတ်တဲ့ သမ္မတကြီး ဦးသိန်းစိန်ဟာ ခုလည်းပဲ ဥရောပ ၃ နိုင်ငံဆီက လိုအပ်တဲ့ အကူအညီတွေကို ပြည်သူတွေအတွက် ရယူနိုင်ခဲ့ပါတယ်။ ဒီလို အလုပ်တွေနဲ့ မအားလပ်တဲ့ ကြားထဲက သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြန်မာဘောလုံးအသင်းရဲ့ ဘောလုံးပွဲစဉ်တွေကို မြန်မာ ပြည်သူတွေနဲ့ ထပ်တူ အားပေးနေပါတယ်လို့ သမ္မတနဲ့ အတူပါသွားတဲ့ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြောဆိုလိုက်ပါတယ်။

ဥရောပနဲ့ မြန်မာ အချိန် ၅ နာရီကွာပြီး တစ်နေကုန် အလုပ်တွေ ဘယ်လောက်များခဲ့ပါစေ ဟိုတယ်ပြန်ရောက်တာနဲ့ သမ္မတကြီးက မြန်မာပွဲတွေကို ပြန်လည်ကြည့်ရှု အားပေးပါတယ်တဲ့။ ပြန်လည့်ကြည့်ရှုတယ်လို့ ဦးရဲထွဋ်က ပြောထားတော့ ပွဲလာနေစဉ် တိုက်ရိုက်ကြည့်ရှုအားပေးတာတော့ မဟုတ်နိုင်ပါဘူး။ ဒါ့အပြင်ပည်သူတွေလိုလားတဲ့ အောင်ပွဲကို ရယူပေးတဲ့ ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ အားပေးကြတဲ့ ပြည်သူတွေကို သမ္မတကြီးက ကျေးဇူးတင်ပါတယ်လို့ သမ္မတကြီးကိုယ်စား ဦးရဲထွဋ်ကပြောဆိုခဲ့ပါသေးတယ်။

အောက်မှာ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်က စာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ မြန်မာပရိသတ်ကြီးလည်း
ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ MRTV ကနေ လာမဲ့ မြန်မာနဲ့ အိမ်ရှင်ဗီယက်နမ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုကြည့်ဖို့ အလုပ်တွေ အပြီးသတ်ထားကြဖို့ မမေ့နဲ့နော်။

ဥရောပ နဲ့ မြန်မာ အချိန် ငါးနာရီကျော်ကွာခြားပါတယ်။ ဒါပေမယ့် ဥရောပ ခရီးစဉ် အတွင်း တစ်နေ့လုံး အလုပ် တာဝန်တွေ ဘယ်လောက်များခဲ့ များခဲ့ ဟိုတယ်ပြန်ရောက်ရင် နိုင်ငံတော်သမ္မတကြီးက ဖိလစ်ပိုင်မှာ၊ ဗီယက်နမ်မှာ မြန်မာဘောလုံးအသင်းကန်ခဲ့သမျှ ပွဲအားလုံးကို ပြန်လည်ကြည့်ရှုအားပေးနေပါတယ်။

ပြည်သူတွေလိုလားနေတဲ့ အောင်ပွဲတွေကို ယူဆောင်ပေးနေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၊ မြန်မာအသက် ၁၉ နှစ် အောက်ဘောလုံးအသင်းနဲ့ ကူညီပံ့ပိုးပေးနေတဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ်၊ အခြားပတ်သက်ရာအဖွဲ့အစည်းအသီးသီး၊ မြန်မာအသင်းအတွက်ဆို ရုပ် မြင်သံကြားကဖြစ်ဖြစ်၊ ရေဒီယိုကဖြစ်ဖြစ်၊အွန်လိုင်းကဖြစ်ဖြစ် မဖြစ်မနေ တာဝန် ကျေကျေ အားပေးနေတဲ့ ပြည်သူအားလုံးကို သမ္မတကြီးက ကျေးဇူးတင် ကြောင်း ကိုယ်စားတင်ပြအပ်ပါတယ်။

From: မိုးမြင့်ထက်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...