Tuesday, 9 September 2014

'မိအေး အော်တာပဲလူမြင်နေတာပါ…ကဏန်းညှပ်နေတာကို လူမသိဘူး'






မနေ့ညက ကစားခဲ့တဲ့ မြန်မာ U-19 နဲ့ ထိုင်းU-19 တို့ ပွဲအပြီးမှာတော့ ကျွန်တော်တို့မြန်မာအသင်းဟာ မြှားတစ်စင်းနဲ့ ငှက်သုံးကောင် ပစ်ပြလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ အာဆီယံဒါဘီ လို့တင်စားခေါ်ကြတဲ့ မဟာပြိုင်ဘက် ထိုင်း'ကို ခြေစွမ်းအသာနဲ့နှိပ်ကွပ်ပြီး ငယ်ကြောက်စိတ်ဓတ်ပြန်သွင်းပေးလိုက်တာရယ်…ဘောလုံးကိုအဆင့်အတန်းရှိရှိကစားပြီး အာရှရဲ့ဘောလုံးဘုရင်ကြီးပြန်နိုးထလာပြီဆိုတာ ဒေသတွင်းပြိုင်ဘက်တွေသတိပြုမိသွားတဲ့အချက်နဲ့ အားကစားစိတ်ဓတ်မရှိတာ ဘယ်သူတွေလဲဆိုတာ အာရှရဲ့ ဘောလုံးအင်အားကြီးနိုင်ငံ
တွေရဲ့ ရှေ့မှောက်မှာ မှတ်ကျောက်တင်နိုင်ခဲ့လို့ပါပဲ………။

လက်လှမ်းမီသလောက်အတိတ်ကိုပြန်ကြည့်လိုက်ရင်…၉၅ ဆီးဂိမ်းစ် အကြိုဗိုလ်လုပွဲမှာ ဗီယက်နမ်ကစားသမားဟာ မြန်မာဂိုးသမား အောင်ကျော်ကျော်'ရဲ့ ဗိုက်နဲ့ဆီးစပ် ကိုကန်ခဲ့ပေမယ့်မထိတထိ တုံ့ပြန်ခဲ့တဲ့ အောင်ကျော်ကျော်'သာအနီကဒ် ထိခဲ့ပါတယ် နောက်တစ်ခါ မြန်မာကစားသမား တင်ထွေး (ထင်ပါတယ်) ထပ်ပြီးအထုတ်ခံရပြီး ၉ယောက် ၁၁ ယောက်နဲ့ မို့လို့ မြန်မာရှုံးခဲ့ရပါတယ် ဒါတောင် မိနစ် ၉၀ သရေ အချိန်ပို မိနစ်၃၀ ဆက်ကစားမှ ရှုံးခဲ့ရတာပါ။

ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း စင်ကာပူ ကိုဦးဆောင်ဂိုးသွင်းပြီး နိုင်နေပေမယ့် လူချပြီး ညစ်တာ ဟန်ဆောင်တာ ပီပြင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့ မြန်မာ ၂ ယောက် ဆက်တိုက်အထုတ်ခံရပြီး ရှုံးခဲ့ရပါတယ်တကယ်ဆိုမြန်မာ့မြေပေါ်မှာကန်ရမှာဖြစ်ပေမယ့် ပေါက်ကရဆင်ခြေတွေပေးပြီး ငြင်းပယ်ခဲ့လို့
မြန်မာအသင်းဟာ အဝေးကွင်းချည်းကစားခဲ့ရပါတယ်။

နောက်တစ်ကြိမ် ဆူဇူကီးဖလားမှာလည်း မြန်မာအုပ်စုကမတက်အောင် ထိုင်း အင်ဒို စင်ကာပူဗီယက်နမ် တို့ဟာ လုပ်ပွဲညှိကစားကြလို့ အာရှဘောလုံးအဖွဲ့ချုပ်ကအရေးယူခဲ့ရပါတယ်။

မြန်မာနဲ့ပွဲမှာ ၁းဝ နဲ့ပဲကန်မယ်ဆိုပြီး လုပ်ပွဲကစားခဲ့ကြတာပေါ်လို့ ဗီယက်နမ်ကစားသမားတွေ
ထောင်ကျကုန်ပါတယ်။( ဆီးဂိမ်းစ်လို့ပဲထင်ပါတယ် ခုနှစ်မမှတ်မိတော့ပါ )

ကလပ်အသင်းပြိုင်ပွဲ အာရှအဆင့် ကစားတော့လည်း မြန်မာ Custom'အသင်းဟာ တရုတ်ကလပ်အသင်းနဲ့ကစားနေစဉ် တရုတ်ကလပ်မှ ကစားသမားဟာ မြန်မာကစားသမားကို လက်သီးနဲ့
ထိုးခဲ့ပါတယ် ဘာအနီကဒ်မှမထိပါဘူး။ ဂျပန်ကလပ်နဲ့ ကန်ခါနီးမှာလည်း မြန်မာအသင်း ၂၅ ဂိုးသွင်းခံရမယ်လို့ ဂျပန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။နှိမ်တာကိုထောက်ပြချင်တာပါ။

မြန်မာ့လက်ရွေးစင်အသင်း အဝေးမြေမှာသွားကန်ရတိုင်း ကြုံတွေ့ရတဲ့မရိုးသားမှုတွေကတော့…
လေ့ကျင့်ရေးကွင်းမကောင်းခြင်း တည်းခိုခန်းမကောင်းခြင်း ထိုနေရာနှစ်ခု အလွန်
ဝေးစွာထားခြင်း ဗိုက်ဒုက္ခရောက်စေမယ့် အစားအသောက်များကျွေးခြင်း ညဘက်အိပ်မရအောင်
လုပ်ခြင်း ဘောလုံးကွင်းထဲ ဂိုးတိုင်နောက်၌ ထမီစုတ်မြှုပ်ခြင်း အောက်လမ်းအစီအရင်များပြုလုပ်
ခြင်းတို့ ကြုံခဲ့ရပါတယ်။အထူးသဖြင့် ထိုင်း'နိုင်ငံပါ။

ထိုင်းလက်ရွေးစင်ဂိုးသမားဟာ ၉၇ ဆီးဂိမ်းစ်မှာ မြန်မာကစားသမားကို ဘောလုံးသမားဘဝ
ပျက်စီးစေလောက်တဲ့ ဖျက်ထုတ်မှုလုပ်ခဲ့ပေမယ့်ဘာအနီကဒ်မှ အပြမခံခဲ့ရပါဘူး။

ပြီးခဲ့တဲ့ ဆီးဂိမ်းစ် (မြန်မာအိမ်ရှင်) နဲ့ပွဲမှာ ချေပဂိုးသွင်းပြီးတော့ မြန်မာပရိသတ်တွေဖက်လှည့်ပြီး ရန်စခဲ့တာ ထိုင်း'ကစားသမားပါ။ ပွဲချိန်ပြီးခါနီး မြန်မာကစားသမားမျက်နှာကို အသားလွတ်ကြီး တံတောင်နဲ့တွတ်တာ ထိုင်း'ပါပဲ တကယ်ဆိုအနီကဒ်ပါ ဒါပေမယ့် အဝါပဲပြခံရပါတယ် နာကျင်အချိန်ပိုမှာ ကြောက်ဒူးတုန်ပြီး အချိန်ဆွဲခဲ့လို့ အဝါကဒ်တွေ ဆက်တိုက်အပြခံရတာလည်း ထိုင်း'အသင်းပါပဲ။

မြန်မာအမျိုးသမီးနဲ့ထိုင်းအမျိုးသမီးတို့ပွဲမှာလည်း လူချတာသူတို့ ထမ်းစင်ခေါ်တာလည်းသူတို့ ပါပဲ။

မနေ့ညက ပွဲမှာ သန်းပိုင်'ကိုဆောင့်တွန်းတယ်လဲအကျမှာ အင်္ကျီကိုဆွဲထားတယ် လဲနေတဲ့အချိန်မှာ ခေါင်းကိုခြေထောက်နဲ့ကန်တာ ထိုင်းရဲ့ကျောနံပါတ် ၃၁ ပါ။

ဒါလောက်ဆိုအားလုံးသဘောပေါက်ပါပြီ။

ထစ်ခနဲရှိ မြန်မာကစားသမားတွေ အားကစားစိတ်ဓာတ်မရှိဘူးတို့…ပြိုင်ပွဲစည်းကမ်းတွေနားမလည်ဘူးတို့…
အတွေ့အကြုံနုနယ်တယ်တို့…စိတ်မထိန်းနိုင်ဘူးတို့…အရှုံးကိုလက်မခံနိုင်ဘူးတို့…ပြောဆိုနေတာတွေဟာ ဆင်ခြင်သင့်ပါပြီ။တကယ်တော့ သူတို့ပြောတာတွေဟာ ၃၀% ပဲမှန်ပါတယ်။ကျန်တာတွေကတော့ 'မိအေး အော်တာပဲလူမြင်နေတာပါ…ဂဏန်းညှပ်နေတာကို……လူမသိကြသေးလို့'ဆိုတာ။

( ခုနှစ်သက္ကရာဇ်များ အနည်းငယ်လွဲချော်နိုင်သော်လည်း အချက်အလက်များမှန်ကန်ကြောင်းကိုတော့ သိမီသူများ သက်သေခံပါလိမ့်မည် )


From: ကိုဒေါက်ကြီး

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...