Friday, 19 September 2014

ငှားယာဉ်ပေါ်တွင် ကနေဒါနိုင်ငံသားမေ့ကျန်ခဲ့သည့်လက်ကိုင်အိတ်အား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့က ကူညီစုံစမ်းရှာဖွေ၍ ပိုင်ရှင်ထံပြန်လည်အပ်နှံ


နေပြည်တော်၊ စက်တင်ဘာ ၁၆

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ ကနေဒါနိုင်ငံသား Mr. LEE Koran (၃၆)နှစ် ရောက်ရှိလာပြီး ၎င်းသည် (၃၃)လမ်းနှင့် အနော်ရထာလမ်းထောင့်မှ ဗိုလ်ချုပ်ဈေးသို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ရာ ယာဉ်ပေါ်၌ သားရေလက်ကိုင်အိတ်တစ်လုံး မေ့ကျန်ခဲ့ကြောင်း၊ အဆိုပါလက်ကိုင်အိတ်ထဲတွင် ပတ်စ်ပို့စာအုပ်(၁)အုပ်၊ Credit Card (၂)ကတ်၊ အမေရိကန်ဒေါ်လာ(၄၀၀၀)နှင့် စာရွက်စာတမ်းများပါရှိကြောင်းနှင့် ကူညီစုံစမ်း ရှာဖွေပေးရန် အကြောင်းကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များက ကူညီစုံစမ်းရှာဖွေခဲ့ရာ အဆိုပါ ကနေဒါနိုင်ငံသားစီးနင်းခဲ့သော အငှားယာဉ်မှာ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ ကိုအောင်တင်ကျော် မောင်းနှင်သည့် 9D/7450 ပရိုဘောက်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းထံသို့ဆက်သွယ်နေစဉ် ကိုအောင်တင်ကျော်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့စု(ရန်ကုန်)ရုံးသို့ ရောက်ရှိလာပြီး ကနေဒါနိုင်ငံသား မေ့ကျန်ခဲ့သည့်အိတ်အား အိတ်အတွင်း ပါရှိသည့်ပစ္စည်းများနှင့်အတူ အပ်နှံခဲ့သောကြောင့် ယင်းနေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန် Mr. LEE Koran ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...