Monday, 8 September 2014

ဒီမိုကျောင်းသား အကောင်းစား













ဒီမိုကျောင်းသား အကောင်းစား
စာခိုးချတာ ဆရာမိသွားလည်း
တောင်တောင် အီအီတွေးနဲ့ကွယ်
ဘွဲ့ဝတ်စုံတွေ အခန့်သားနဲ့
ဆိုက်ကားနင်းပြီး ရင်းပြမယ်။

ဂျာနယ်ရောင်းကာ အိုက်တင်ထုတ်လို့
ပဲပြုပ်အော်ပြီး နွှဲပါ့မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
ရေစည်လှည်းလေးတွန်းပြမယ်။
စာကျက်ရတာ အလွန်ပျင်းသမို့
မကျက်ဘဲ တတ်အောင်သင်ကြကွယ်
ကျောင်းသားဆိုရင် လာမထိနဲ့
သမဂ္ဂဟေ့ သိသွားမယ်။
ကွန်ရက်စုံစွာ ငါတို့တိုင်းမှာ
ခေတ်သမိုင်းတွေ ပြောင်းကြတယ်
လုပ်စားရတာ လွယ်လွန်လွန်းလို့
စာကျက်ချင်ဘူး ပျင်းလှတယ်။
ပျင်းလွန်းလှတာ အရည်ထွက်သမို့
ငါးပိကောင်လေး ဖြစ်တော့မယ်
အလုပ်ခေါ်ရင် ငါ့မှာမရှိတဲ့
အရည်အချင်းတွေ စစ်တော့မယ်။
အလုပ်မရမှာ ပူပန်မတွေးနဲ့
ဆန္ဒပြစားလို့ရတယ်
နေ့တွက် ၃၀၀၀ စရိတ်ငြိမ်းတဲ့
စခန်းပွဲသိမ်း ကိုက်လှတယ်။
ပါမစ်မလို ထင်ရာစိုင်းလိုက်
သူတို့ဆွဲမှာ ကြောက်နဲ့ကွယ်
အထဲရောက်ကာ စာရင်းတိုးတော့
နိုင်ကျဉ်း/ နိုင်ကျယ်ဖြစ်သွားတယ်။
မြစ်မင်းဧရာ လက်ပံတောင်းနဲ့
ကျန်ကျောင်းအမျိုးတွေ ရှိသေးတယ်
ခွင်မတည့်မှာ စိုးရိမ်ကြောက်နဲ့
လမ်းကြောင်းအများကြီး ကျန်သေးတယ်။
ပညာတတ်ရင် လွန်ပင်ပန်းသမို့
တစ်ဝက်တစ်ပျက်ပဲ သင်ကြကွယ်
ဒိုမိုခေတ်မှာ အလွန်ခွင်တည့်သမို့
တားတား သောက်ပျင်း ပျော်ရတယ်။
သံချပ်.....
မိုးမိုး မိုးလားမောင်တို့
လေလေ လေလားမောင်တို့...............
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
ဘွဲ့ဝတ်စုံတွေ လမ်းပေါ်ထုတ်ကြ.......................
အကြောင်းမရှိ အကြောင်းရှာ
ကြောင်ယီးသန်းရှာ ငါတို့ကျောင်းသား.....................
ရန်ပုံငွေတွေ ပုံထားတယ်
ကြိတ်လိုက်စမ်းကွယ် မေ့သားမောင်တို့.........................
ကံမကောင်းလို့ ဝင်ရရင်
မင်းဟာချက်ခြင်း သူရဲကောင်းပဲ................
ဖွလို့ ရှုပ်လို့ ခွင်ဖန်မယ်
တက်လူငယ်ဟာ တို့ပဲ တို့ပဲ..................
ခေတ်သစ်ကျောင်းသား ဝေလေလေ
အဖေအမေ ဘာတွေလဲဟ.................
လက်ဦးဆရာ မည်ထိုက်စွာ
လုပ်စားခဲ့တာ သားတို့မိဘ.................
လူပေါ်လူဇော်လုပ်ဖို့ရာ
လမ်းမပေါ်ကို အုပ်လိုက်ထွက်စို့...................
အရှက်အကြောင်းမကြားချင်
စားဝင်အိပ်ပျော် ခွင်တွေပေါလို့................
တပည့်မြှောက်ပေးတဲ့ ဆရာတွေ
နားရွက်တွေမှာ ကာဘာတပ်ထား...........
သရဲမွေးပြီး မနိုင်ရင်
ခင်ဗျားတို့ဖင်ကို သရိုးကိုင်ထား..................
ဒီမိုခေတ်မှာ ပျော်လိုက်တာ
လုပ်စားရတာ ခွင်ပဲ ခွင်ပဲ........
(ဟေ့ကောင်...ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့၊ ကြွေးထည့်လိုက်မယ်....ဘာမှတ်လဲ။)
ဟေ့ စိန်လား၊ ဟေ့မြလား၊ ဟေ့မြလား၊ ဟေ့စိန်လား၊ စိန်လား မြလား၊ မြလား စိန်လား၊ အားလုံးအကုန်မှား.....
ကျွန်တော်တို့မှာ ဒေါ်လာစား
ဒီမိုခေတ်ကျောင်းသား.......
မိုးမိုး မိုးလားမောင်တို့....
လေလေ လေလား မောင်တို့......
ဟေးလာ မောင်ရို့....ဝါး......................


From: ရဲကျော်သူရ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...