Sunday, 7 September 2014

ခေါင်းဆောင်ကောင်း ဟူသည်..



ဒီနေ့ ဒီမို သူငယ်ချင်းတစ်ယောက်နှင့် အတွေ့မှာ ပဋိပက္ခမဖြစ်ချင်လို့ စကားရှောင်နေပေမယ့် သူကပဲ ထိပ်တိုက်တိုးနေတာကြောင့် စကားတစ်ခွန်း နှစ်ခွန်း ပြန်ပြောလိုက်ရာက အခုတော့ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်မရအောင် ဖြစ်သွားပြီ။

သူက ဦးသိန်းစိန် ဂျာမဏီမှာ အင်ဂျလာ မာကယ်လ်နှင့် တွေ့ဆုံမှု အဆင်ပြေနေတာကို အတော် မရှုစိမ့် ဖြစ်နေပုံ ရတယ်။ "ပြောင်ကြီး နိုင်ငံခြားထွက်လျှင် မျက်နှာငယ်နဲ့၊ စကားမပြောတတ်နဲ့ မြန်မာသိက္ခာကျပါတယ်ကွာ.... မေစုတို့ သွားရင် ဝက်ဝက်ကွဲ ကြိုကျတာ ပြောင်ကြီးမြင်ရတာ အလကား ကျက်သရေမရှိဘူး...."

အထက်ပါ စကား သုံးကြိမ်လောက်ကျော့အပြီးမှာ နားကလောလာတာနဲ့ ကျွန်တော် ပြန်ပြောတယ်။ "အင်း.... ဒါပေမယ့် ကျနော်ကတော့ ဦးသိန်းစိန် ပြည်ပခရီးစဉ်တွေကို ဒေါ်စုပြည်ပခရီးစဉ်တွေထက် ပိုကြိုက်တယ်...."

ဘာမှ သူပြောစကား နားမထောင်၊ မကန့်ကွက် နေရာက ဒီလိုပြောလာတော့ အံသြသွားပုံ ပေါ်တယ်။ သိလည်း သိချင်လာပုံ ပေါ်ပါတယ်။ ကျွန်တော့်ကို ပြန်မေးတယ်။

"အင်း အင်း လုပ်ပါဦး ဘာတွေကြောင့် ပြောင်ကြီးကို ကြိုက်...."

ကျွန်တော် ကောင်းကောင်းမွန်မွန်ပဲ ဖြေပါတယ်။

"ကျွန်တော်က ပြည်သူတစ်ယောက်အနေနှင့် ကိုယ်ပြည်သူအတွက် အလုပ်လုပ်ပေးသူကို ပိုကြိုက်တယ်......"

ကျွန်တော့် စကားမဆုံးခင်မှာ သူဒေါသထွက်လာပုံရပြီး ကျွန်တော့်ကို လေသံမာမာနဲ့ စကားဖြတ်ပြောတယ်။

"ဘာရယ်.... ဘာတွေ ပြောင်ကြီးက ပြည်သူတွေအကျိုး လုပ်ပေး...."

ကျွန်တော် ကျွန်တော့်စကားကို ပြန်ဆက်ပါတယ်။

"ပြောမယ်လေ..... ကျွန်တော်က ပြည်ပခရီးစဉ်ကိစ္စမှာ ပြည်သူတစ်ယောက်အနေနဲ့.... ဦးသိန်းစိန်ကို ပိုကြိုက်တယ်။

ဦးသိန်းစဉ် ခရီးစဉ်တွေ နှင့် ဒေါ်စုခရီးစဉ်တွေ နှိုင်းယှဉ်တဲ့ အခါမှာ

၁။ ဒေါ်စု ပြောသမျှ သူ့အတွက်ချည်းပဲ။ သူသမ္မတဖြစ်ရေးနဲ့ ပတ်သက်တာတွေချည်းပဲ။ ဦးသိန်းစိန်ပြောသမျှ နိုင်ငံတော်အတွက်၊ ပြည်သူအတွက်ချည်း။ သူ့ဖို့ တစ်ခုမှ မပါဘူး။

၂။ ဒေါ်စုက ကိုယ့်နိုင်ငံအကျိုးယုတ်စေမယ့် ဆန်ရှင်တွေ ပိတ်ဖို့ပြောတယ်။ ဦးသိန်းစိန်က ကိုယ့်နိုင်ငံအကျိုးရှိစေမယ့် ဆန်ရှင်ဖွင့်ဖို့ ငွေအကြွေးကြေဖို့ ပြောတယ်။ ကိုယ့်ပြည့်သူအကျိုးဘက်ကချည်း ပြောတယ်။ ဒေါ်စုပြောတာကြောင့် ကိုယ့်ပြည်သူ နာ တယ်။ ဦးသိန်းစိန် ပြောတာက ကိုယ့်ပြည်သူ အကျိုးရတယ်။

၃။ ဒေါ်စု က ကိုယ့်ကိုယ်ကျိုးအတွက် ပြည်သူ့အကျိုးစီးပွားကို စတေးရဲတယ်။ ဦးသိန်းစိန်က ပြည်သူ့အကျိုးစီးပွားအတွက် ကိုယ့်ကိုယ်ကို စတေးရဲတယ်။"


From: မျိုးမင်းသန့်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...