Monday, 8 September 2014

ငြိမ်းချမ်းရေးဖလားရ မြန်မာဘောလုံးအသင်း စက်တင်ဘာ ၈ ရက် နံနက်ပြန်ရောက်မည်

မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
 
ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်၌ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အောင်ပွဲရမြန်မာ့လက်ရွေးစင်အသင်းအား ကြိုဆိုမည့် အစီအစဉ်များနှင့် ပတ်သက်၍ စီစဉ်နေဆဲဖြစ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူက စက်တင်ဘာ ၇ ရက် နေ့လယ်တွင်ပြောသည်။
ပြိုင်ပွဲဝင် လေးသင်းပါဝင်ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကြိုဗိုလ်လုပွဲတွင် ပါလက်စတိုင်းအသင်းကို  (၄-၁) ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင်  အိမ်ရှင်ဖိလစ်ပိုင် အသင်းကို (၃-၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
 
 
From:7day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...